ကိုယ် နှစ်သက်ရာ ကိုယ်နဲ့ သင့်တော်မဲ့ ပရော်ဖက်ရှင်ကို
ရွေးချယ်ကြ၊ ဝင်ရောက်လုပ်ကိုင်ကြတဲ့အခါ
ပရော်ဖက်ရှင်နယ်ကျကျ လုပ်နိုင်ကြစေဖို့ . . .
Pro (Professional) မှာ တာဝန် နှစ်ခုပဲ ရှိတယ်။
(၁) အကောင်းဆုံး၊ အထက်မြက်ဆုံး အနေအထားမှာ ရှိနေဖို့၊
(၂) လုပ်ငန်းအတွက် ရာနှုန်းပြည့် အားထုတ် ကြိုးစားဖို့။
ပရော်ဖက်ရှင်နှင့် စဉ်းစားစရာများ (ကြည်မင်း)
ဘယ်အလုပ်မဆိုဟာ မိမိရဲ့ ပျော်ရာစိတ်ပေါ်မှာ မူတည်ပါတယ်။ ကိုယ်က ဘယ်ဟာကို ဝါသနာပါသလဲ။ သရုပ်ဆောင်ရတာ ဝါသနာပါသလား၊ သီချင်းဆိုရတာကို ဝါသနာပါ သလား၊ ဈေးရောင်းရတာ ဝါသနာပါသလား၊ အတွက်အချက်ကို ဝါသနာပါသလား။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး သိရပါ မယ်။ ဒါဟာ အရေးကြီးဆုံးပါပဲ။
ပရော်ဖက်ရှင်ကို ဘယ်လို ရွေးမလဲ (ကြည်ရွှန်း)
ဖြစ်လာမှ ထလုပ်တဲ့ reactive ရဲ့ ပြောင်းပြန် မဖြစ်ခင် ဖြစ်လိုတဲ့ အခြေအနေကို ကြိုဖန်တီးတဲ့ proactive အပြုအမူတွေကတော့ ကိုယ့်ရဲ့ internal customer (လုပ်ဖော် ကိုင်ဖက်) တွေလဲ ကြိုက်၊ external customer (ဖောက်သည်) တွေလဲ ကျေနပ်တဲ့ အပြုအမူတွေပါပဲ။
အောင်မြင်ပျော်ရွှင် လုပ်ငန်းခွင် (ဒေါက်တာတင်မမစိုး)
အဲလို ကိုယ် ဘာကို တန်ဖိုးထားသလဲ မသိရင်၊ ဒါမှမဟုတ် မခိုင်မာရင် ဒီနေ့ခေတ်က တကယ် မလွယ်ဘူး။ အရည်အသွေးထက် အခြားအရာတွေကို တန်ဖိုးထားနေကြတဲ့ ခေတ်ကြီးမှာ ပရော်ဖက်ရှင်နယ်တွေပဲ ကျဆုံးလာကြတယ်၊ ပျောက်ကွယ်လာကြတယ်။ ဒါကို ထိန်းနိုင်တာကတော့ တစ်ခုပဲရှိတယ်။ ကိုယ် တန်ဖိုးထားတဲ့အတိုင်း ခိုင်ခိုင်မာမာ နေနိုင်တဲ့ ပရော်ဖက်ရှင်နယ်တွေ များများ ရှိလာဖို့ပဲ။
ပရော်ဖက်ရှင်နယ်စိတ်ထား (ဒေါက်တာဖြိုးသီဟ)
Publisher Name: Wisdom House စာအုပ်တိုက်
Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇