#မိမိနှင့်စာရေးဆရာများ(တောအကြောင်း၊တောင်အကြောင်း)
မိမိနှင့်စာပေလှိုင်းဂယက်များ(တောအကြောင်းတောင်အကြောင်း၂)
တောအကြောင်းတောင်အကြောင်း၃
#မိမိနှင့်စာပေအရိပ်အယောင်ပုံရိပ်များ
#နတ်နွယ်
ဒီစာအုပ်လေးဖတ်ပြီးမှ မိမိရဲ့ Idol ဆရာမြ ကွယ်လွန်ရတဲ့ အကြောင်းအရင်းကို သိခဲ့ရတယ် ဆရာမြကွယ်လွန်ခဲ့တဲ့ အကြောင်းအရင်းက လမ်းလျှောက်ထွက်ဖို့ အိမ်ပေါ်က အဆင်း လှေကားပေါ်ကပြုတ်ကျပီး ဆေးရုံရောက်သွားတယ်တဲ့ ဦးနှောက်ထဲက သွေးပါထွက်လို့ ပြုတ်ကျပြီး သိပ်မကြာခင်ရက်ပိုင်းမှာပဲ ဆရာမြဆုံးသွားတယ်တဲ့ ????????????
ဒီစာအုပ်လေးမှာ ကိုယ်မသိလိုက် မမြင်လိုက်ရတဲ့ စာရေးဆရာကြီး တော်တော်များများရဲ့ အကျင့်စရိုက်တွေ ဟန်ပန်အမူအရာတွေ ဘ၀ဖြတ်သန်းနေပုံတွေ ခံယူချက်အချို့တွေရယ်ကို မြင်တွေ့လိုက်ရပါတယ် ဆရာရွှေဥဒေါင်းတို့ ဆရာမင်းကျော်တို့ဆို Biography ေတွ ထွက်ရှိပေမဲ့ တစ်ချို့စာရေးဆရာတွေဆို ဆရာနတ်နွယ်တို့လို ကိုယ်တိုင်တွေ့ဆုံရင်းနှီးတဲ့ဆရာတွေ ပြန်ပြောပြမှ သိရတာဆိုတော့ ဒီလိုစာအုပ်မျိုးလေးတွေက အရမ်းကိုတန်ဖိုးရှိပါတယ်
လူတိုင်းသဘောကျတဲ့ ဆရာနတ်နွယ်ရဲ့ မြန်မာပြည်ေြမာက်ပိုင်းကို ဇာတ်ကောင်တွေများတယ်လို့ ဝေဖန်ခဲ့တဲ့ ဆရာသိန်းဖေမြင်နဲ့ တွေ့ဆုံခဲ့ပုံတွေ ၊ လူထုမှာ နိုင်ငံရေးတွေရေးတော့ ဆရာရွှေဥဒေါင်းက သတိထားပြီးရေးပေါ့လို့ တွေ့တုန်း ဆုံးမတာတွေ ၊ စာပေဟောပြောပွဲတစ်ခုမှာ ပွဲလုပ်တဲ့သူတွေက ငွေနှစ်ရာ ပေးတာကို ခြေကောက်လိုက်ဟောသလိုဖြစ်တယ်ဆိုပြီး နောင်ဘယ်တော့မှ စာပေဟောပြောပွဲမလိုက်တော့တဲ့ ဆရာမ မိုးမိုး(အင်းလျား)နဲ့ တွေ့ဆုံခဲ့ပုံတွေ အစရှိတဲ့ အကြောင်းလေးတွေအပြင် ဗန်းမော်တင်အောင် ၊ ဒဂုန်တာရာ ၊ ကျော်အောင် ၊ ြမသန်းတင့် ၊ သော်တာဆွေ ၊ သိန်းဖေမြင့် ၊ ဂျာနယ်ကျော်မမလေး ၊ ပါရဂူ ၊ သခင်ကိုယ်တော်မှိုင်း ၊ ဒဂုန်ရွှေများ ၊ ရွှေဥဒေါင်း ၊ စစ်ကိုင်းဦးဘိုးသင်း ၊ ဆရာဇေယျ ၊ ဒဂုန်နတ်ရှင် ၊ ဓူဝံ ၊ ဆရာဇော်ဂျီ ၊ တက်တိုး ၊ သုခ ၊ မိုးမိုး(အင်းလျား) အစရှိတဲ့ စာရေးဆရာ ဆရာမများအကြောင်း တစေ့တစောင်းလေးတွေကို ဖော်ပြထားပါတယ်
#မိမိနှင့်စာရေးဆရာများ(တောအကြောင်း၊တောင်အကြောင်း)
#နတ်နွယ်
#PyaeArKar
မိုးဝေမဂ္ဂဇင်းတို့ ၊ စုံထောက်၀တ္ထု မဂ္ဂဇင်းတို့ထွက်တဲ့အချိန်ဟာ မိမိတောင် မမွေးသေးတဲ့အတွက် အဲ့စာအုပ်အကြောင်း ဘာမှန်းသေချာမသိသေးတာ ၀န်ခံပါတယ်
ဒါပေမဲ့ ဒီစာအုပ်ထဲမှာ ဆရာနတ်နွယ်တစ်ယောက် မိုးဝေမဂ္ဂဇင်းထွက်ဖို့ကြိုးပမ်းခဲ့ပုံတွေ ၊ မပျက်စီးအောင် ထိန်းသိမ်းခဲ့ပုံတွေကိုတော့ ဗဟုသုတအနေနဲ့ သိခဲ့ရတယ်
ဆရာမြသန်းတင့် အင်းစိန်တောရကနေ ထွက်လာတော့ ဆရာနတ်နွယ်သွားရောက်တွေ့ဆုံခဲ့ပုံတွေ ၊ ဆရာဇ၀နရဲ့ နောက်ဆုံးအချိန်ကိုမမှီလိုက်တာတွေ ၊ ပန်းချီဆရာတွေဖြစ်တဲ့ ဦးကိုလေး ၊ ဦးစန်းလွင် ၊ ဦးအုန်းလွင် ၊ ဦးဘရင်ကလေး ၊ ဗဂျီအောင်စိုး တို့နဲ့ တွေ့ဆုံခဲ့ပုံလေးတွေကို ဒီစာအုပ်လေးမှာ မြင်တွေ့နိုင်ပါတယ်
#မိမိနှင့်စာပေလှိုင်းဂယက်များ(တောအကြောင်းတောင်အကြောင်း၂)
#နတ်နွယ်
#PyaeArKar
တောအကြောင်း တောင်အကြောင်း ၃ ကတော့ မိမိနှင့်စာပေအရိပ်အယောင်ပုံရိပ်များပဲဖြစ်ပါတယ် စာအုပ်ရဲ့ မျက်နှာဖုံးမှာတော့ ခေါင်းစဉ်မပါခဲ့ပါဘူး
ဆရာနတ်နွယ်ရဲ့ တစ်ပုဒ်တည်းသောကဗျာလေးကို ဒီစာအုပ်မှာမြင်တွေ့ခဲ့တယ် ၊ ၁၇ နှစ်သားက ရေးခဲ့လို့လား မသိ ကိုယ်တော့ သိပ်မကြိုက်ပါ
စာလေးမတောက်တေခါက်ဖတ်လာေတာ့ မြန်မာ၀တ္ထုတွေကို ရှာဖတ်မိတယ် ယခုခေတ်မြန်မာ၀တ္ထုတွေထက် ရှေးက မြန်မာ၀တ္ထုတွေကို ပိုသဘောကျတယ် မြန်မာ၀တ္ထုကောင်း ပိုထွက်လာဖို့ မျှော်လင့်မိတယ် ဆရာနတ်နွယ်လည်း မြန်မာ၀တ္ထုတွေအပေါ်မှာ စိုးရိမ်နေခဲ့တာလို့ ဒီစာအုပ်လေးမှာ တွေ့ရတယ်
ကိုယ်ချစ်ခင်လေးစားရတဲ့ ဆရာမြ ၊ သူ့ရဲ့ Biography ကို စန္ဒာမဂ္ဂဇင်းမှာ ရေးမလို့လုပ်ပြီးကာမှ အသက်ခြောက်ဆယ်ပြည့်မှ ရေးတော့မယ်ဆိုပြီး မရေးဖြစ်လိုက်တာကလည်း ချစ်လှစွာသော ဆရာမြရဲ့ Biography ကိုမျှော်လင့်နေကြတဲ့သူတွေအတွက် နှေြမာတသ ဖြစ်စရာပဲ (ရေးခဲ့လိုက်ပါလား ဆရာမြရယ် )
#တောအကြောင်းတောင်အကြောင်း၃
#မိမိနှင့်စာပေအရိပ်အယောင်ပုံရိပ်များ
#PyaeArKar
Publisher Name: ရာပြည့်စာအုပ်တိုက်
Publisher Address: အမှတ် ၂၆၂(ခ)၊ ပန်းဆိုးတန်း (အထက်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၁ ၂၄၃၃၅၁
Publisher Phone Number: 01243351