သခင်ကိုယ်တော်မွိုင်း၊ဇော်ဂျီ၊ပီမိုးနင်း၊ဗန်းမော်တင်အောင်၊သခင်မြသန်း၊လူထုဦးလှ၊ဂျာနယ်ကျော်မမလေး၊ မလေးလုံ၊ဝင်းဦး၊အေဝမ်းခင်မောင်၊ဦးမြင့်ဆွေ(ဖြူး) စသည့်ပုဂ္ဂိုလ်တို့၏ ရုပ်ပုံလွွာများအပါအဝင် မြန်မာစာပေလောကဖြတ်သန်းမွု အတွေ့အကြုံအမှတ်ရချက်များ အားရေးသားထားသည့်ဆရာမြသန်းတင့်၏ အရေးအ သား ၁ရ ပုဒ် ကိုစုစည်းထုတ်ဝေထားခြင်းဖြစ်ပြီးလူ ပုဂ္ဂိုလ်အမည်အညွွန်းကိုလည်းထည့်သွင်းဖော်ပြ ထားသည်။
ပါရှိသည့်ဆောင်းပါးတို့မှာအောက်ပါအတိုင်းဖြစ်သည်။
၁။ ကျွန်တော့်လမ်းလျေှာက်မိတ်ဆွေများ
( ကလျာ၊ ၁၉၈၆၊ ဖေဖော်ဝါရီ၊မတ်၊ဧပြီ )
၂။ ကိုဝင်းဦး၏နောက်ဆုံးနေ့များ
( ပေဖူးလွွာ၊ ၁၉၈၉၊ အမှတ် ၉၀၊၉၁ )
၃။ ရွုမဝ မွန်းရွိုင်းနှင့်မွန်ပါနာဆေ
( ရွုမဝ ၊ ၁၉၈၉ ၊ မတ် )
၄။ အေဝမ်းခင်မောင်၏ဂီတဆည်းဆာများ
( ရုပ်ရှင်အမြုတေ၊ ၁၉၈၉၊မတ်၊ဧပြီ၊မေနှင့် အတွဲ ၃၄၊အမှတ်၃၄၊၁၉၈၉၊သြဂုတ် )
၅။ စာမျက်နှာစိမ်းများနှင့်လူမျက်နှာစိမ်းများ
( လုံမလေး၊ ၁၉၈၉၊ဇူလိုင် )
၆။ နေဝင်ဆည်းဆာ၏တစ်ဖက်ကမ်းမှာ သို့မဟုတ် ကျွန်တော်နှင့်မလေးလုံ ( လုံမလေး၊၁၉၉၁၊ဇွန်၊ဇူလိုင်၊စက်တင်ဘာ )
ရ။ အပြာရောင်ညနေဆည်းဆာများ
( ရွွေအောင်လံ၊ ၁၉၉၅၊ သြဂုတ် )
၈။ ဒွါရာဝတီရုပ်ပုံလွွာ
( ကမ်းသာယာ၊ဂွမြို့နယ်မဂ္ဂဇင်း၊ ၁၉၉၁၊ဇွန်၊ဇူလိုင်၊စက်တင်ဘာ )
၉။ ကျွန်တော်နှင့်ဂျာနယ်ကျော်မမလေး
( လုံမလေး၊ ၁၉၈၉၊ သြဂုတ်မှ၁၉၉၀၊ဒီဇင်ဘာလထိ )
၁၀။ ဗာဒံပင်လက်ဖက်ရည်ဝိုင်းက စိတ်ကူးများ
( ရွွင်ပျော်ပျော်၊ ၁၉၉၀၊ဧပြီ )
၁၁။ ဇော်ဂျီ ၊ ကျွန်တော်နှင့်သီရိပစ္စယာအလွမ်း
( ချယ်ရီ၊ ၁၉၉၁၊အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာနှင့် ၁၉၉၅၊ဒီဇင်ဘာ)
၁၂။ မုန်တိုင်းထဲကလူ ( ရွုမဝ ၊ ၁၉၈၉ )
၁၃။ ကိုလွမ်းဝေ၏ဇာတ်သိမ်း ( အိုးဝေမဂ္ဂဇင်း၊၁၉၅၆ )
၁၄။ တောင်ငူပြောက်ကျားတစ်ဦး၏ထမင်းဝိုင်း
( ပေဖူးလွွာ၊ ၁၉၈၈၊ဇန်နဝါရီ )
၁၅။ မုန်တိုင်းထဲက သခင်မြသန်း
( တကယ့်လူတစ်ယောက်၏အထုပ္ပတ္တိ ၊ ၁၉၇၇၊ဇူလိုင် )
၁၆။ ဦးလှလျေှာက်ခဲ့သောလမ်း
( လူထုအမှတ်တရ လူထုဦး လှ )
၁၇။ ပီမိုးနင်း ဒဏ္ဍာရီ
( ပီမိုးနင်း နှစ်ကိုးဆယ်ပြည့်အထိမ်းအမှတ်၊ ပီမိုးနင်း၏ ဘဝနှင့်စာပေ )
''ခင်ဗျားနဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ငြင်းလို့မရတဲ့အချက်တစ်ခုတော့ရှိတယ်။ အဲဒါကတော့ ခင်ဗျားဟာ ရုပ်ရှင်အနုပညာမှာ ခေတ်တစ်ခေတ်ကိုထူထောင်ခဲ့တယ်ဆိုတဲ့အချက်ပဲ။ အဓိကကျတဲ့အခန်း ကဏ္ဍကပါခဲ့တယ်ဆိုတဲ့ အချက်ပဲ။ ဒီအခန်းကဏ္ဍဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ခင်ဗျားမရှိတော့မှ ပိုလို့ ထင်ရှားလာတယ်။ ခင်ဗျားနေသွားတဲ့နေရာမှာ ကြီးမား တဲ့ကွက်လပ်ကြီးကိုတွေ့လိုက်တဲ့အခါကျတော့မှခင်ဗျား ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ပိုလို့သဘောပေါက်လာတယ်။ ''
( ကိုဝင်းဦး၏နောက်ဆုံးနေ့များ ၊ စာမျက်နှာ - ၃၈ မှ )
'' ကျွန်တော်သည် အတိတ်တွင်နစ်မြုပ်နေသူမဟုတ်ပါ။ အတိတ်ကိုသုံးသပ်ပြီး ပစ္စုပ္ပန်ထဲတွင်နေထိုင်ရင်း အနာ ဂတ်ကိုမျေှာ်ကြည့်ချင်သူဖြစ်ပါသည်။ အတိတ်ကိုမသိ လျှင် ပစ္စုပ္ပန်ကို နားမလည်နိုင်ပါ။ ပစ္စုပ္ပန်ကိုနားမလည်လျှင်အနာဂတ်သည် မြူမွုန်လို ဝေဝါးနေမည်သာဖြစ်သည်။''
( ရွုမဝ ၊ မွန်းရွိုင်း နှင့် မွန်ပါနာဆေ ၊ စာမျက်နှာ - ၄ရ မှ )
''သမိုင်းတွင်တဲ့ အရေးတော်ပုံတစ်ခု ပေါ်ပေါက်လာရ တာဟာ လူတစ်ယောက်ကြောင့် ၊ လူတစ်ဦးတည်းရဲ့ စိတ်ကူးကြောင့် ပေါ်ပေါက်လာရတယ်ဆိုတဲ့ အယူ အဆကို ကျွန်တော်လက်မခံဘူး။ သမိုင်းဖြစ်ရပ်တစ်ခု ဟာ အကြောင်းတရားတွေ ဆုံစည်းလို့ပေါ်ပေါက်လာရ တာဖြစ်တယ်။သမိုင်းရဲ့ချဲ့ထွင်မွုဟာ အကြောင်းတရား များစွာတို့ရဲ့စေ့ဆော်မွုကြောင့် ပေါ်ပေါက်လာရတာဖြစ်တယ်လို့ ကျွန်တော်ယူဆတယ်။''
( ကျွန်တော် နှင့် ဂျာနယ်ကျော်မမလေး၊ စာမျက်နှာ - ၁၇၆ မှ )
ဒွါရဝတီရုပ်ပုံလွွာဆောင်းပါးမှလွဲ၍ ကျန်ရှိသောအရေး အသားတို့အားဖတ်ရွုခဲ့ဖူးပါသည်။ အချို့သောဆောင်း ပါးတို့ကိုမူသုံးလေးကြိမ်ထက်မနည်းဖတ်ရွုခဲ့ဖူးပြီးလည်း ဖြစ်ပါသည်။ သို့နှင့်တိုင် ယခုစုစည်းမွုအားဖတ်ရွုခွင့်ရသောအခါ လတ်ဆတ်သည့်အရသာသစ်တို့ခံစားရခြင်း နှင့်အတူ ဆရာမြသန်းတင့်အား ကြည်ညိုဦးခိုက်မိပါ သည်။
မမသ
၂၉ ၊ ဇွန် ၊ ၂၀၁၈