မောင်အောင်မွန် ( ဝင်းအောင်ကြီး )
ကျွန်တော် တွေးမိသလိုရေးပါမည် အမှတ် ၂
နေရီရီစာအုပ်တိုက်၊
ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - NN ။
၁၃.၁ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၁၄၆ ၊ တန်ဖိုး - ကျပ် ၂၅၀၀။
လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည့် အရေး အသား အပုဒ် ၃၀ ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။
အောင်ဆန်းသည် လူဖြစ်၍ လူတိုင်းသည် အောင်ဆန်း ဖြစ်နိုင်၏၊ ထိုင်းဘုရင် မြန်မာသမ္မတနှင့် ဘောလုံးပွဲ၊ ကိုရာဇန်မျက်စိနှင့် သမ္မတလိုကြည့်မှ ဖိလစ်ပိုင်နိုင်ငံကို မြင်နိုင်၊ လွတ်လပ်ပြီ လွတ်လပ်ပြီ တို့ပြည်လွတ်လပ်ပြီ၊ သတင်းတွေက မြိုင် သတင်းစာတွေကလည်းပြိုင်၊ အတိုက်အခံနေရာဝင်ယူသော သတင်းစာ၊ ဖဆပလ အကွဲ လိုက်ဆဲရင်း သတင်းစာသိက္ခာ မြောင်းထဲဆင်း၊ ဝန်ကြီးချုပ်က သတင်းထောက်ပေါက်စအား တောင်း ပန်ရခြင်း၊ သတင်းစာမရှိသောအစိုးရ နှင့် အစိုးရမရှိသော သတင်းစာ၊ စစ်အမြင် စစ်အတွေး စစ်သားလိုရေး၊ လိုင်စင်ရ စာရေးဆရာနှင့် ပညာပေးစာပေ၊ ရသစာပေ ပြန်လည်ရှင်သန်ရေး နှစ်သစ်ဆုတောင်း၊ ဆက်ပြောပေးပါ ဦးသော်ကောင်း၊ အပျော်လွန်တပည့်များသို့
ပါမောက္ခကြီး၏ရာဇသံ၊ မတူကွဲပြားကြပေမယ့် အတူတွဲ သွားကြလေရဲ့၊ စာတတ်၍ စာဖတ်မှတော့ အညံ့မခံပါ နှင့်၊ ငါးရှဉ့်ဟင်းက ချဉ်စပ်စပ် ဦးတင်ဦးက ထိုင်မရ ထမရ၊ ငန်းသားဟင်းနဲ့ တစ်နပ်အဝစား၊ ပန်းချီသောင်း ဟန် သေသော်လည်း ပုံတွေက လှုပ်ရှားအသက်ဝင်ဆဲ၊ မြန်မာ့အသံမုန့်လက်ကောက်နှင့် ဆရာမြရဲ့လေရူးသုန်သုန်၊ သရော်ထားသောဝတ္ထုကြောင့် အလုပ်မပြုတ်သည့်ပြင်၊ အဖေဟူသည် တစ်ယောက်သာရှိ တစ်ခါပဲသေ၍၊ ရေကြည်တစ်ပေါက်လောက် သောက်ကြပါစေ၊ Gregory Peck ရေးသော ဝင်းမင်းသန်းအကြောင်း၊ ဟိုတုန်းက ဇွန်လ ၁ ရက်နေ့၊ ပြန်ပြင်လို့မရသည့် နာမည်နှင့်ရင်းလိုက်ရသော အမှား၊ သေရာပါသွားမည့် ဦးဝင်းတင်လွတ် ဆိုသည့် သတင်းအမှား၊ ဗြိတိသျှရာဇ ဝင်သင်ရ၍ ဘောလုံးပွဲကြည့်တတ်လာခြင်း၊ ဗြိတိသျှရာ ဇဝင်သင်ရ၍ ၁၉၆၂ မတ်လ ၂ ရက်ကို နားလည်ခြင်း၊ ခရစ္စမတ်နဲ့ ကျွန်တော် စသည့် အရေးအသားများ ဖြစ်သည်။
'' ၁၉၆၁ခု ဒီဇင်ဘာလ ရန်ကုန်မြို့တွင်ကျင်းပသော ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ဖွင့်ပေး ပိတ်ပေးရသော သမ္မတမန်း ဝင်းမောင်သည် ပထမဆုံးဘောလုံးပွဲ နှင့် နောက်ဆုံး ဗိုလ်လုပွဲကို ကြည့်ခွင့်ရလိုက်၏။
' သမ္မတအဖြစ် အနားယူလျှင် ဘာလုပ်မည်ဟု စဉ်းစား ထားပါသလဲ' လို့သတင်းထောက်များကမေးရာ မန်းဝင်း မောင်က ညနေတိုင်း အောင်ဆန်းကွင်းမှာ ဘောလုံးပ ွဲကြည့်မည် ဟုဖြေသည်။ '' ( ထိုင်းဘုရင် မြန်မာသမ္မတနှင့် ဘောလုံးပွဲ ၊ စာ မျက်နှာ ၈ မှ )
''မေးခွန်းတွေကများ စိတ်ဝင်စားစရာတွေကလည်း များပါဘိ။
အဲဒီကြား ကမ ္ဘာကျော် ဝါရင့်သတင်းစာဆရာကြီးနှင့် ပူပူနွေးနွေး အမျိုးသမီးသမ္မတတို့ အချီအချ မေးလိုက်ကြ၊ ဖြေလိုက်ကြပုံကိုတော့ ကြည့်ဖူးသူတိုင်း မှတ်မိနေကြပေလိမ့်မည်။
သတင်းထောက်ကြီးက ' ကိုယ်တိုင်က ကွန်မြူနစ်စနစ်ကို မကြိုက်တဲ့လူ၊ ခုလိုအာဏာရ သမ္မတဖြစ်နေချိန် ဘာဖြစ်လို့ ကွန်မြူနစ်သူပုန်တွေကို အပြတ်မချ မချေမှုန်းတာလဲ' လို့ မေးတော့ လက်လေး ထောင်ကာ
'ကိုရာဇန်အဖို့တော့ မကြိုက်နိုင်တဲ့ ကွန်မြူနစ်တွေ၊ ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတ အဖို့ကတော့ ကိုယ့်လူတွေလို့ မြင်နေတယ်။ ကွန်မြူနစ်ဖြစ်ဖြစ်၊ ဒီမိုကရက်ဖြစ်ဖြစ်၊ ကက်သလစ်ဖြစ်ဖြစ်၊ တခြားဘာသာဝင်ဖြစ်ဖြစ်၊ လယ်သမားဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ် လူတွေမဟုတ်လား။ လူကို လူလိုမြင်ရမယ်လေ။
ခေါင်းဆောင် မပီမသနဲ့ မတူတာတွေကို ခွဲကြည့် ကွက်ကြည့် နဲ့ အမြင်ကျဉ်းနေရင် ဗီရိုထဲက အဝတ်အစားနဲ့ မီးဖိုချောင်ထဲက ထမင်းအိုးပဲ မြင်မှာပေါ့။ ကိုရာဇန်မျက်စိနဲ့ သမ္မတလို အမြင်ကျယ်ကျယ်နဲ့ ကြည့်မှ လူစုံနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို မြင်မှာ ' လို့ ရယ်ကာမောကာ ဖြေ လိုက်ပုံကို ယခုထက်တိုင် မြင်ယောင်နေ၏။ (.ကိုရာဇန်မျက်စိနဲ့ သမ္မတလိုကြည့်မှ ဖိလစ်ပိုင်နိုင်ငံကို မြင်နိုင်၊ စာမျက်နှာ ၁၃ နှင့် ၁၄ မှ )
ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံတို့ အား ပြန်ပြောင်းတွေးတောကာ ရေးဖွဲ့ထားသည့် တန်ဖိုးမဖြတ်နိုင်သော ခေတ်ပြိုင်သမိုင်းမှတ်တမ်းများဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၉ ဧပြီ ၂၀၁၉