ရန်ကုန်ဘဆွေ
ပန်းချီကို ဘယ်နည်းနဲ့ရေးကြမလဲ
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇူလိုင် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - unsplash image။
၁၀.၆ စင်တီမီတာ x ၁၆.၆ စင်တီမီတာ။
စာမျက်နှာ - ၇၀ ၊ တန်ဖိုး - ကျပ် ၈၀၀။
စိတ်ကူးချိုချိုစာအုပ်တိုက် နှစ် ၂၀ ပြည့် အမှတ်တရ စာမွန် အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။
ရွှေတူဂျာနယ် တွင် ၁ ဧပြီ ၁၉၇၂ ၌ ဖော်ပြခဲ့သော အနုပညာသမိုင်းလမ်းကြောင်းကို ရိပ်ခနဲ ကြည့်ပါဦး ဆောင်းပါး နှင့် ၁ မေ ၁၉၇၂ မှ ၁ ဇူလိုင် ၁၉၇၂ အထိ ဖော်ပြခဲ့သော ပန်းချီကို ဘယ်နည်းနဲ့ရေးကြမလဲ ဆောင်းပါး ၅ ပုဒ် တို့ကို စုစည်း ထုတ်ဝေထားခြင်းဖြစ်သည်။
'' ကျွန်တော်တို့တစ်တွေ လူ့သမိုင်းကို လေ့လာကြည့် လျှင် ကျောက်ကြမ်းခေတ်၊ ကျောက်ချောကျေးကျွန်ခေတ်၊ မြေရှင်ခေတ်၊ အရင်းရှင်ခေတ်၊ ဒီမိုကရေစီ ဆိုရှယ်လစ်ခေတ် စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာမှုကို တွေ့ကြရမည်။
ထိုအတိုင်းပင် လူတို့၏အနုပညာယဉ်ကျေးမှု သမိုင်းကို လေ့လာကြည့်လျှင်လည်း ဂေါ့သစ် - Gothic ခေတ်၊ ရီနေးဆင့် - Renaissance ခေတ်၊ ဘားရော့ - Baroque ခေတ်၊ ရိုမင်းတစ်စီဇင် - Romanticism ခေတ်၊ ရီယယ်လစ်ဇင် - Realism ခေတ်၊ အင်ပရက်ရှင်နစ်ဇင် - Impressionism ခေတ်၊ ၂၀ ရာစုပန်းချီ - Twentieth Century Painting ခေတ်ဟူ၍ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့ကြောင်းကို တွေ့ရသည်။''
( ပန်းချီကို ဘယ်နည်းနဲ့ရေးကြမလဲ ၁၊ စာမျက်နှာ ၁၂ နှင့် ၁၃ မှ )
'' ထိုတည်ဆောက်မှုပန်းချီ၊ ခံစားမှုပန်းချီနှင့် ကြည့်မြင်ဖွယ် ပန်းချီအားလုံးတို့တွင်
၁။ ခံစားမှု
၂။ ရေးနည်းစနစ်
၃။ စိတ်ကူးယဉ်မှု တို့ ပါကြရပါမည်။ ပန်းချီရေးဆွဲရာ၌ ခံစားချက် မရှိက အသက်ကင်းမဲ့သော ပန်းချီကားဖြစ်၍ ရေးနည်းစနစ် အသင့်အတင့်မျှ မပါက တန်ဖိုးမဲ့သော ပန်းချီကား ဖြစ်ပြီးလျှင် စိတ်ကူးယဉ်မှု မရှိပါက ပျင်းရိ ဖွယ် ဖြစ်တတ်ပါသည်။ '' ( ပန်းချီကို ဘယ်နည်းနဲ့ရေး ကြမလဲ ၅၊ စာမျက်နှာ - ၆၉ မှ )
နိုင်ငံတကာပန်းချီခေတ် အပြောင်းအလဲတို့ကို မြန်မာ
ဂန ္ထဝင် စာပေလက်ရာများ၊ ပန်းချီလက်ရာများနှင့် နှိုင်း ယှဉ်သုံးသပ်ပြ ထားသည့် အရေးအသားများဖြစ်သည်။ ၂၀ ရာစု ပန်းချီမှာ မည်သို့ဖြစ်ကြောင်း တစေ့တစောင်း သိသာမြင်သာအောင် ဖော်ပြလို၍ ရေးသားထားခြင်း ဟုလည်း ဆရာရန်ကုန်ဘဆွေ က ဆိုသည်။
ပန်းချီအနုပညာကို စိတ်ဝင်တစားရှိကြသူတို့သာမကဘဲ စာပေအရေးအသားတို့ကို စိတ်ဝင်စားကြသူတို့ပါ
နှစ်ခြိုက်ကြမည့် ဆောင်းပါးများဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၈ သြဂုတ် ၂၀၁၉
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845