မင့်သန်း
အတွေးနောက်က အရေး
( တောက်တိုနှင့် မမည်မရများ )
နှစ်ကာလများစာပေ ၊
ပထမအကြိမ် ၊ ၂၀၁၈ခုနှစ် ၊ မေလ ။
မျက်နှာဖုံးဓာတ်ပုံ - Ioki and Meade by Hasselblad 100.
'Through the Eyes ' series. 2015.
၁၃.၆ စင်တီမီတာ x ၂၀.၈ စင်တီမီတာ ။
စာမျက်နှာ - ၁၃၄ ၊ တန်ဖိုး - ၂၅၀၀ ကျပ် ။
''ပြည်ခွင်နာဂရ၊သဟာယတို့ ဘယာပလို့၊ကင်းလွတ်ကြပါစေ'' ( လှည်းတန်းဦးလူကလေး၊ မေတ္တာဝေသံ
ဆန်း ) ဟု စာအုပ်ကိုအညွွန်းပြုထားသည်။
ဆရာမြင့်သန်း၏အမှာပါရှိပြီး နှင်းဆီဖြူဂျာနယ်၊ People's Digest မဂ္ဂဇင်းနှင့် ကျေးရွွေတမာမဂ္ဂဇင်း တို့တွင်ဖော်ပြခဲ့သည့် ဆောင်းပါး ၁၄ ပုဒ် ကိုစုစည်း ထုတ်ဝေထားခြင်းဖြစ်သည်။
မလွမ်းတော့တဲ့ပုဂံ၊မန ္တလေးဆီကချစ်စရာကောင်းတဲ့လူတွေ၊ အဖေ့ဆီကရတဲ့လွတ်လပ်ခွင့်၊စာရေးချင် စာဖတ်ချင်တဲ့ကိစ္စ၊ စာပြင်ဆရာ၊သနားစရာကောင်းလာတဲ့မြန်မာဘာသာစကား၊ စတော်ဘယ်ရီပင်ပေါ်တက်ပြီး စတော်ဘယ်ရီသီးခူးစားသလို၊ ဘာသာစကားအခြေခံတဲ့ ကိစ္စ၊ဘာသာစကားကိုဘယ်သူပိုင်သတဲ့လဲ၊ယဉ်ကျေး ခြင်း၏ပြယုဂ်နှင့်တိုင်းကြီးပြည်ကြီးသားဆန်ခြင်း၊မမျေှာ်လင့်တဲ့တစ်နေရာက ကျေနပ်စရာစကား၊လူ့အခွင့်အရေးနဲ့ကျွန်တော်၊ကိုသာမြတ် သူ့လယ်တောဆီက..... ဒီမိုကရေစီ နှင့် အဘရာဗီ ဘင်္ဂါလီကြီးထံ မြင့်သန်း၏ စာအိတ်မပိတ်ဘဲပို့လိုက်မိသောစာ စသည့် ဆောင်းပါး များပါရှိသည်။
''ခက်နေတာတစ်ခုက ပုဂံကိုယဉ်ကျေးမွုအခြေခံသိမွု အရ မြင်ကြ၊လက်ခံကြတာထက် ဘုရားဖူးထွက်စရာနေရာလို့မြင်နေကြတဲ့အမြင်ပဲ။ ပုဂံမြို့ပြနိုင်ငံတော်ရဲ့ ရှိခဲ့ခြင်းကို သတိမရတစ်ချက်၊ရတစ်ချက်ဖြစ်နေကြ တယ်။ ဒီ့ထက်ဆိုးတာက မြန်မာပြည်မှာကနေ့အထိ အာဏာရှင်စနစ်ကမြဲနေသေးတော့ အုပ်ချုပ်သူအာဏာ ရှင်တိုင်းက ''မြန်မာဖြစ်ခြင်း''ဆိုတဲ့ ကိစ္စရဲ့အရေးပါမွုကို ထည့်မစဉ်းစားနိုင်ကြသေးဘူး။ စစ်တပ်နဲ့အရပ်သား အာဏာကိုဝေမျှသုံးစွဲချုပ်ကိုင်နေရတဲ့အရပ်မှာတော့ လည်း ယဉ်ကျေးမွုသမိုင်းဆိုတာက ထည့်စဉ်းစားလောက်တယ်လို့မှမထင်ကြတော့ဘဲ။ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ မဲရဖို့၊ဓာတ်ပုံအရိုက်ခံရရင် ကြည့်ကောင်းမယ့်အရောင်ရွေးဖို့ ဆိုတာတွေကသာ အရေး ကြီးနေကြတာကိုး။''
( မလွမ်းတော့တဲ့ပုဂံ ၊ စာမျက်နှာ - ၁ရ နှင့် ၁၈ မှ )
'' တစ်နေ့အချိန်ရရင် ဖတ်မယ်လို့ဝယ်ထားတဲ့စာအုပ်တွေလည်း နှစ်ရာကျော်လောက်ရှိနေသေးတယ်။ မသေ ခင်တော့ ဖတ်ဖြစ်မယ်ထင်တာပဲ။ မဖတ်ဖြစ်လို့ ကျန်ခဲ့ တာတွေရှိရင်တော့ စာအုပ်တွေဟာ စာအုပ်အသေတွေ ဖြစ်သွားမှာပဲ။ စာအုပ်ဆိုတာက ဖတ်သူရှိမှ၊ ဖတ်သူမရှိ ရင်စက္ကူပေါ်က ပုံနှိပ်စာလုံးသက်သက်ပဲ။ ဘာမျှတန်ဖိုး မရှိဘူး။ သေနေတာပဲ။''
( စာရေးချင် စာဖတ်ချင်တဲ့ကိစ္စ ၊ စာမျက်နှာ - ၄၈ နှင့် ၄၉ မှ )
''လူမျိုးတစ်မျိုးရဲ့ရှိနေခြင်း( အခြေအနေ၊အနေအထား ) ဟာ ဘာသာစကားရဲ့ရှိနေခြင်းနဲ့ရှင်သန်နေခြင်းမှာ အများကြီးတည်တယ်။ ဘာသာစကားဟာ လူမျိုးကြီး ဝါဒ ထူထောင်ဖို့မဟုတ်ဘူး။ လူမျိုးခွဲခြားဖို့မဟုတ်ဘူး။ အသုံးခံပြုပြီး ဘာသာရေးအရလှည့်ဖြားဖို့၊သိမ်းသွင်းဖို့ မဟုတ်ဘူး။ တခြားဘာဆင်ခြေအတွက်မျှမဟုတ်တောင် ကိုယ့်မိဘသုံးခဲ့တဲ့ဘာသာစကားအနေနဲ့ တန်ဖိုးတော့ထားသင့်တယ်။ အင်္ဂလိပ်လိုပြောရတာအရ သာရှိလို့ ပြောချင်သပဆို ပြော။ မြန်မာဘာသာစကား နဲ့စာရဲ့ရှိနေခြင်းကိုတော့လည်းအသိအမှတ်ပြုကြစေ ချင်တယ်။'' ( သနားစရာကောင်းလာတဲ့ မြန်မာဘာသာ စကား၊ စာမျက်နှာ - ၆၃ မှ )
'' တကယ်တော့ ''လူဖြူတို့ရဲ့ကိုလိုနီစနစ်သစ်''အောက်မှာ စနစ်တကျစီမံထုတ်လုပ်ထားတဲ့ထုတ်ကုန်တစ်ခုပဲ။ ဒီမိုကရေ စီမရှိဘူးရယ်လို့ပြောချင်ရင် လူ့အခွင့်အရေး ဆိုတဲ့စကားလုံး က ရေှ့ကနေလမ်းခင်းကြရတယ်။ မြန်မာပြည်မှာတော့ မစားရ ဝခမန်းပြောစရာစကားလုံးတစ်ခုလိုပဲ။ ဆရာပါနဲ့ ပြောနေရင်းက ဆရာပါက စကားတစ်ခွန်းပြောတယ်။ '' လူ့အခွင့်အရေးဆိုတာကို လက်ခံဖို့ ဆိုတာ လူကိုလူလိုလက်ခံတတ်ဖို့ဆိုတာက အရင်လို လိမ့်မယ်''လို့ပြောတယ်။ ကျွန်တော်ကတော့ သိပ်သဘောကျမိတယ်။''
( လူ့အခွင့်အရေးနဲ့ကျွန်တော် ၊ စာမျက်နှာ - ၁၀၈ မှ )
အတွေးနောက်ကအရေး( တောက်တိုနှင့်မမည်မရများ ) တွင် ပါရှိသည့်ဆောင်းပါးတို့မှာ ဆရာမြင့်သန်း၏အရေး အသားတို့ ကို နှစ်ခြိုက်သူတို့သဘောတွေ့ကြသည့်တိုင် လက်မခံသူတို့ထံမှလည်း တစ်ဖက်စောင်းနင်းဝေဖန်ဆဲ ဆိုမွုများလျှံကျလာဦးမည့် အရေးအသားများဟုယူဆ မိပါသည်။
မမသ
၃ ၊ မေ ၊ ၂၀၁၈
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048