JEM
Jupiter Education Myanmar ရဲ့
ရှင်သန်ခြင်း ခုနှစ်နှစ်မြောက်အဖြစ်
အမှတ်တရ မိုင်တိုင်အမှတ် ၇.၀ ဆိုတဲ့ ခေါင်းစဥ်နဲ့ ပညာရေးဆိုင်ရာ အတွေးအမြင် စာစုတွေ ထုတ်ဝေခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၇ နှစ်က Online ပညာရေးနဲ့ ပတ်သက်ပြီး JEM အနေနဲ့ဆောင်ရွက်နေတယ်လို့ ပြောတဲ့အချိန်က အရူးတွေလို့ ဝိုင်းကြည့်ခံရတဲ့ ကာလတွေပါ။
"အိပ်မက်ဆန်တယ်"
"မဖြစ်နိုင်ဘူး"
"လက်တွေ့မကျဘူး" ဆိုတဲ့ ရှေးရိုးစွဲအသိဟောင်းတွေကနေ လူငယ်တွေရဲ့ စွန့်စားလိုတဲ့ အနာဂတ် ခြေလှမ်းတွေကို အများကြီးတွန့်ဆုတ်စေခဲ့ ဖူးပါတယ်။
ဘောင်းဘီဝတ်အာဏာရှိသူတွေရဲ့ စကားတွေကသာ မိုးခါးရေအမှန်တရားတွေလို
မြေဝယ်မကျ ဖြစ်နေတတ်တဲ့ ပညာရေးကင်ပေတိုင် အလိုရိတွေရဲ့ မလိုတမျိုး လိုတမျိုး စကားလုံးတွေက လူရာဝင်ကြီးစိုးနေချိန်ဆိုတော့ JEM ကအလူးအလှိမ့် ခံရတာလဲပါ ပါတယ်။
ပညာရေးဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်ပြီး လူမှုရေးတရားမျှတတဲ့ ရိုးသားမှုတွေကို မွေးထုတ်ပေးတဲ့ နေရာလို့ပဲ JEM က မမှိတ်မသုံ ယုံကြည် ခဲ့တာလည်းပါပါတယ်။
ဒါပေမဲ့ အကြောက်တရားကြီးစိုးမှုတွေနဲ့
အာဏာရာထူးကြီးသူတွေကိုသာ တောကြောင်တွေက လက်ခုပ်တီးပေးနေချိန်ကာလ ဆိုတော့ JEM ရဲ့ ပညာရေး ရည်မှန်းချက်တွေဟာ အမှောင်ထဲတွန်းပို့ခံရတဲ့ ကာလမှာ ငရဲခန်းရောက်တမျှ နာကျင်ပွန်းရှခဲ့ရဖူးပါတယ်။
ပညာရေးဆိုတာ လက်စားချေမှုမဟုတ်ဘူး သည်းခံနိုင်စွမ်း Resilience မြင့်မြင့် နဲ့ ခွင့်လွှတ်နားလည်ပေးလိုက်ခြင်းက ထာဝရအနိုင်ရမှုဆိုတာနဲ့ JEM ပညာရေးဖွဲ့တော်သားအားလုံး ယုံကြည်ာဆုံးဖြတ်ခဲ့ကြတာလည်းပါပါတယ်။
ပညာရေးဟာ ကမ္ဘ့ာလူ့သားပတ်ဝန်းကျင်အတွက် အခြေခံအုတ်မြစ်ဆိုတာ အခုလည်းယုံကြည်နေသလို နောက်လည်းယုံကြည် နေဦးမှာပါပဲ။
JEM ဖြတ်သန်းခဲ့ရတဲ့ နာကျည်းဖွယ်ရာ အတိတ် အမှတ်တရကိစ္စတွေပါ။ အဲဒါတွေကပဲ JEM ကို ရင့်ကျက် တည်ငြိမ်ပြီး လူသားပီပီ ဘယ်လိုရှင်သန်ရပ်တည်ရမလဲဆိုတာကိုပါ သင်ကြားပြသပေးပေးခဲ့တယ် လို့ပဲခံယူခဲ့ပါတယ်။
ပညာရေးအတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို အခုထက်ထိတိုင် JEM Jupiter Education Myanmar ကနေ အစဥ်တစိုက်ကြိုးစားအားထုတ်နေဆဲပါပဲ။
အဲဒီအတွက်
အမှတ်တရ မိုင်တိုင်အမှတ် ၇.၀ မှာ
ဂျူပီတာစာပေရဲ့ စာအုပ်အမှတ်(၁၀)အဖြစ် ထွက်ရှိလာခဲ့ပါပြီ။
အခက်အခဲများကြားမှ ထွက်ရှိခဲ့သော အမှတ်တရ မိုင်တိုင်အမှတ် ၇.၀ မှာ ပညာရေးနှင့်မကင်းနိုင်သူ၊ ပညာရေးအတွက် ဘာပဲလုပ်ရလုပ်ရဟူသော မြင့်မြတ်သောစိတ်ထားရှိသည့် ဆရာတို့ရဲ့လက်ရာ ပညာရေး အတွေးအမြင်စာစုတွေနဲ့ ဂုဏ်တင့်စေခဲ့ပါပြီ။
K ပေါ၊ ဒေါက်တာဌေးလှိုင်၊ နဒီလှိုင်(IR)၊ မေပုလဲသွယ်(Smile Education)၊ မင်းခိုင်၊ မင်းသူ(ပညာရေး)၊ ဒေါက်တာရဲအောင်၊ ရွှေထွန်း၊ သန်းထိုက်အောင်၊ ဒေါက်တာသိန်းလွင်၊ အာကာမိုးသူ၊ အောင်ကြီး တို့ရဲ့ စာတမ်းတွေ၊ ဆောင်းပါးတွေက ၇ နှစ်မြောက် ဖြတ်သန်းရတဲ့ ခရီးလမ်းမိုင်တိုင် အမှတ်တရမှာ ဝိုင်းအားဖြည့်ပေးခဲ့ကြပါတယ်။
၄ ဒီဇင်ဘာ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ အမှတ်တရ မိုင်တိုင်အမှတ် ၇.၀၊ ပညာရေး အတွေးအမြင်စာစုများ စာအုပ်ကို -
ဂျူပီတာစာပေ(ဖုန်း-095097923, 09254183321)၊ အမှတ် ၃၁- အေ၊ အေ- ၁၊ အောင်ဇေယျ(၁)လမ်း၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ မှ ထုတ်ဝေပြီး
ကိုလတ်စာပေ၊ အမှတ်(၂၀၀)၊ ၃၁ လမ်း အထက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ မှတဆင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပါတယ်။
ဝန်ဇင်း၊ စီးတီးမတ် အပါအဝင် ရန်ကုန်မြို့ရှိ နီးစပ်ရာစာအုပ်ဆိုင်များမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ နှင့် အီးမေးလ်
095020068, 09265020068, 018240981.
kolattbookshop31.ttt@gmail.com
ArkarMoethu