လူတိုင်းစိတ်မွန်းကျပ်မှုတွေကြုံရမှာပါ။
တကယ်တော့ ဖိအားများတယ်၊ မွန်းကျပ်တယ်ဆိုတာ စိတ်ရဲ့နေရာမကျမှုကြောင့် ဖြစ်ပေါ်နေကြတာပါ။ လူတိုင်းဘဝဆိုတဲ့တိုက်ပွဲမှာ အလဲလဲအပြိုပြိုနဲ့ ရုန်းကန်နေကြရတာပါပဲ။ ရပ်တည်မှုကက ခက်ခဲကြမယ်ဆိုတာသေချာပါတယ်။ အဲဒီအခက်အခဲတွေကျော်ဖြတ်ဖို့တိုရင် စိတ်က အဓိကကျပါတယ်။ လွတ်လပ်ပေါ့ပါးနေဖို့လိုပါတယ်။ စိတ်ကိုလွတ်လပ်အောင် ဘယ်လိုထားရမလဲဆိုတာ
သိဖို့ ဒီစာအုပ်လေးကိုဖတ်ကြည့်ပါ။ တချို့သော အကြောင်းအရာတွေ လင်းခနဲဖြစ်သွားနိုင်ပါတယ်။
အွန်လိုင်းပေါ်မှာ လူကြိုက်များခဲ့တဲ့ အတွေးစာစုတွေကို စုစည်းထုတ်ဝေထားတာဖြစ်ပါတယ်။
စာမြည်း
????သင်အောင်မြင်နေချိန်မှာ သင့်မိတ်ဆွေအတုတွေကို မြင်တွေ့ရတတ်ပြီး၊ သင်ကျရှုံးနေချိန်မှာ သင့်မိတ်ဆွေကောင်းတွေကို မြင်တွေ့နိုင်ပါတယ်။ လူရင်းလို့ ယူဆခဲ့ရသူက သင့်ရဲ့အောင်မြင်မှုကို မနာလိုစိတ် ဝင်ပြီး အချွန်နဲ့ မတတ်ပါတယ်။ သင် မှတ်ထင်မထားမိတဲ့ နယ်ပယ်ကလူတွေက သင့်ရဲ့ဝမ်းနည်းမှုကို နှစ်သိမ့်တတ်ပါတယ်။
????ဘယ်လိုမှ မျှော်လင့်မထားတဲ့ နေရာတွေကနေ သင့်ထံကို ပြဿနာ စုပြုံဝင်လာတာမျိုး ကြုံရတဲ့အခါ ဖိအားများပြီး သေချင်လောက်အောင် ဖြစ်သွားတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ပြဿနာတိုင်းကို ခေါင်းထဲက ထုတ်ပယ်နိုင်အောင် ကြိုးစားပါ။ ဖိအားများတဲ့ စိတ်ထက် ပေါ့ပါး လွတ်လပ်တဲ့ စိတ်နဲ့ပဲနေပါ။ အချို့ပြဿနာတွေက ဖြေရှင်းမှ သင့်တော်ပေမယ့် အချို့ပြဿနာတွေက ဖြေရှင်းရင် ပိုရှုပ်တတ်ပါတယ်။
ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ ဖိအားတွေရဲ့ ပိတ်လှောင်မှုအရိပ်အောက်က မဖြေရှင်းပါနဲ့။ စိုးရိမ်စိတ်ကို လျှော့ချပါ၊ သောကကို မမွေးမြူပါနဲ့၊ ပြီးသွားမှာပဲဆိုတဲ့စိတ်နဲ့ ခေါင်းထဲကနေ အစိုင်အခဲတွေ ထုတ်ပစ်လိုက်မှ ပြဿနာရဲ့အဖြေဟာ ပေါ်လာတတ်ပါတယ်။
????ပျော်ရွှင်မှုဆိုတာ မျှဝေပေးလို့ကောင်းတဲ့ သစ်သီးတစ်လုံးပါ။ ဒါပေမယ့် သင်က လူတွေကို သောကပဲမျှဝေပေးနေတတ်ပါတယ်။ ပျော်ရွှင်မှုအရသာကို ပိုမိုခမ်းနားစေချင်ရင်တော့ သင့်ရဲ့ပျော်ရွှင်မှုတွေကို မျှဝေကြည့်လိုက်ပါ။
????တစ်ခါတလေ သင်ကျရှုံးနေတဲ့အခါ ငါ့ကိုဘယ်သူမှ မကူညီနိုင်ဘူးလို့ လူတွေကို မဆီမဆိုင် အပြစ်မတင်ပါနဲ့။ သင့်အတွက်ဟာ သင်ပဲ ထူအောင်ထအောင် လုပ်နိုင်တာပါ။ လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန် နေကြရတာချည်းပါပဲ။
စာအုပ်မှာယူလိုပါက
????အမည်ရင်း
????ဖုန်းနံပါတ်
???? အိမ်အမှတ်
???? လမ်းအမည်
???? ရပ်ကွက်အမည်
???? မြို့အမည်
???? တိုင်းဒေသကြီးအမည်များကို
m.me/petiliteraryzone
တွင်စာပို့၍ဖြစ်စေ။
ဖုန်းဆက်၍ဖြစ်စေ
ပေးပို့မှာကြားနိုင်ပါတယ်။
????????????
လိပ်စာအချက်အလက်စုံလင်စွာပေးခြင်းဖြင့်ပို့ရလွယ်ကူအောင်ကူညီပေးစေလိုပါသည်။
????????????စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ။????????
�????????????????????????????????????????????????????????????????????????????
ပီတိစာပေရပ်ဝန်း
09428994318
#ပီတိပေကြီး
#သင့်စိတ်ကိုလွတ်လပ်စေမဲ့အတွေးများ
Publisher Name: ရွှေပေစာအုပ်တိုက်
Publisher Address: ၁၅/၃၀၂ ကနောင်အိမ်ရာ ၊ကနောင်မင်းသားကြီးလမ်း၊၈၉ ရပ်ကွက်၊ဒဂုံဆိပ်ကမ်း၊ 09428994318
Publisher Phone Number: 09428994318