Book Image
ပီတိ(ပေကြီး)
ပီတိ(ပေကြီး) ၏ ကိုယ်ရေးအကျဉ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာနေ အဖဦးထွန်းဆောင်+အမိဒေါ်လှအေးတို့မှ ၄.၆.၁၉၈၆
နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ မောင်နိုင်မိုးဖြစ်ပြီး မွေးချင်း ၈ ယောက်အနက် ၅ ယောက်မြောက်ဖြစ်သည်။
၂၀၀၆ ခုနှစ် စက်တင်ဘာလထုတ် နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် `` တကောင်းဘက်မှ ပေါ်တော်မူဘုရားသို့
ခရီးသွား ဆောင်းပါးဖြင့် စာပေလောကထဲ စတင်ရောက်ရှိခဲ့သည်။ ဘာသာရေး စာစောင် မဂ္ဂဇင်းများ ခေတ်ပြိုင် သတင်း
ဂျာနယ် မဂ္ဂဇင်း များ၌ ဆောင်းပါး ကဗျာ ၀တ္ထု အက်ဆေး ၄၀၀ ကျော်ရေးသားခဲ့သည်။ သတင်း အင်တာဗျူးများစွာရေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် MOOD Journal နှင့် Fhshion Time Magazine တို့တွင် ရန်ကုန်တာ၀န်ခံ အယ်ဒီတာအဖြစ်
ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် SME ဂျာနယ်၌ ဖြန့်ချိရေးမန်နေဂျာ၀င်လုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ စတင်ကာ ရွှေပေစာ
အုပ်တိုက်ကို တည်ထောင်၍ စာအုပ်များ စီစဉ်ထုတ်ဝေခြင်း ဖြန့်ချိခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉
ဇန်န၀ါရီတစ် ရက်နေ့တွင် ပီတိစာပေရပ်ဝန်း(Peti
Literary Zone) အမည်ရှိ အွန်လိုင်းစာအုပ်စတိုးကို ဖွင့်လှစ်တည်ထောင်ခဲ့သည်။

၂၀၁၂ ခုနှစ်မှ စတင်လျက် စာပေချစ်သူများအဖွဲ့ စာပေနှင့်ပရဟိတကွန်ရက် အဖွဲ့ကြီးကို တာ၀န်ခံအနေဖြင့် တည်
ထောင်ကာ စာပေနှင့်ပရဟတိလုပ်ငန်းများကိုလုပ်ကိုင်ခဲ့သည်။ မျိုးဆက်သစ် ကလောင်များအား မြေထောင်မြောက်ပေးခြင်း
၊ ကျန်းမာရေးချို့တဲ့ သော စာပေနယ်မှ ဆရာ ဆရာမများအား ထောက်ပံ့ပေးခြင်း၊ သဘာ၀ဘေးများ အတွက်ကူညီပေးခြင်း ၊
အဖွဲ့ ၀င်များစာအုပ်ထုတ်ပေရာတွင် မ တည်လှူဒါန်းပေးခြင်း စာကြည့်တိုက်များသို့ စာအုပ်နှင့် အလှူငွေများ လှူဒါန်းပေးခြင်း
များအသင်းအဖွဲ့မှ ပြုလုပ်ခဲ့ကြသည်။ အဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ “စာပေအနုပညာမျှဝေခြင်း ´´ ဟူသော
ခေါင်းစဉ်ဖြင့် တစ်လ တစ်ခါ ကျွမ်းကျင်သည့် စာပေပညာရှင်ကြီးများအား ဖိတ်ခေါ် လျက် ၀တ္ထု ဆောင်းပါး အက်ဆေး ကဗျာ
လူငယ်စာပေ ကလေး စာပေ အထ္ထုပ္ပတ္တိစာပေ ရေးသားခြင်းဆိုင်ရာ အချက် အလက်များကို လူငယ်မျိုးဆက်သစ်
ကလောင်ရှင်များအား မျှ ဆွေးနွေး စေခဲ့သည်။ ပြိုင်ပွဲများလည်းကျင်းပလျက် မြေထောင်မြောက်ပေးခဲ့သည်။

ယခု အခါ ဆာယာ သုတရသ စာပေအနုပညာ မဂ္ဂဇင်း တာ၀န်ခံအယ်ဒီတာ၊ The Politics 
Journal အယ်ဒီတာ၊
မြန်မာစာရေးဆရာကလပ်ရုံးအဖွဲ့မှူးတာဝန်များယူဆောင်ရင်း ကိုယ်ပိုင်စာအုပ်တိုက်ဖြစ်သည့် ရွှေပေစာအုပ်တိုက်၊ ပီတိစာပေရပ်ဝန်း တို့မှာ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

Reference from: wikipedia

Written Books

Book Review Image

We must win

ပီတိ(ပေကြီး)
Book Review Image

ငါတို့အနာဂတ် ငါတို့ဖတ်စာ

ပီတိ(ပေကြီး)
Book Review Image

ပြည်သူတွေကိုသိစေချင်တဲ့ပြည်သူ့နီတိ

ပီတိ(ပေကြီး)
Book Review Image

ညီမလေးသို့ နှလုံးသားဓာတ်စာ

ပီတိ(ပေကြီး)
Book Review Image

သင့်စိတ်ကို လွတ်လပ်စေမယ့်အတွေးများ

ပီတိ(ပေကြီး)
Book Review Image

လူငယ်မောင်မယ်များနှင့်ဘာသာတရား

ပီတိ(ပေကြီး)
Book Review Image

မင်းကျန်းမာပျော်ရွှင်နေစေဖို့

ပီတိ(ပေကြီး)