တခါတလေ ဒီလိုပေါ့ပေါ့ပါးပါးစာအုပ်မျိုးကနေ လေးလေးနက်နက် အတွေးမျိုးတွေ ရတတ်တယ်။
ကျွန်တော်စာဖတ်တဲ့ပုံစံက နည်းနည်းများထူးဆန်းလားတော့မသိ။ လုံးချင်းဝတ္တုတအုပ်ဖတ်သည့်အခါတိုင်း ဒီလိုမျိုး အက်ဆေးဆန်ဆန်စာအုပ်တအုပ်ကိုပါ တွဲပြီးဖတ်တတ်တယ်။ ဟိုဖက်စာအုပ်ဖတ်လို့ နည်းနည်းငြီးလာပြီဆို ဒီလိုအက်ဆေးမျိုးလေး နှစ်ပုဒ် သုံးပုဒ်လောက် ပြောင်းဖတ်လိုက်ပြီး တွေးစရာရှိတာတွေး ပုံဖော်စရာရှိတာ ပုံဖော်နေတတ်တယ်။
အခု ဒီစာအုပ်ဆိုလည်း အဲ့လိုဖတ်နေရင်းနဲ့ ဖတ်ဖြစ်တဲ့စာအုပ်ပဲ။
ဆရာနေဝင်းမြင့်ကိုတော့ ထူးပြီးမိတ်ဆက်ပေးစရာမလိုလောက်ပါဘူး။ ဒီခရီးသွားစာအုပ်လေးက မြန်မာပြည်အနှံ့စာပေဟောပြောပွဲထွက်ကြတဲ့အချိန် ကြုံတွေ့ရသမျှကို ပြန်လည်ဖောက်သည်ချထားတဲ့သဘောမျိုးပဲ။
ဆရာနေဝင်းမြင့်ရဲ့အရေးအသားတွေက ပီပြင်လွန်းတော့ ဒေသတွေရဲ့ အစားအစာတွေ ၊ ဓလေ့တွေ စရိုက်တွေ ၊ ဒေသိယစကားတွေ စတာတွေကို နည်းနည်းပါးပါးတော့ စဝါးမိနိုင်တယ်။
အထူးသဖြင့် ဒီလိုကာလ ခရီးတွေမသွားရတဲ့အချိန်မျိုးမှာ ဒီလိုစာအုပ်မျိးဖတ်ရတာ နည်းနည်းတာ့ မရိုးမရွဖြစ်ရတယ်။
ဆရာနေက ပုံဖော်ပြလေ ကိုယ်တွေက စိတ်ကူးနဲ့အဲ့မြို့ကိုပတ်လေပဲ။ ခရီးတွေချက်ချင်းထသွားချင်လေပဲ။ ရောက်ဖူးတဲ့မြို့ဆိုရင်လည်း ပြန်လွမ်း ၊ မရောက်ဖူးတဲ့ ဒေသဆိုတော့လည်း စိတ်ကူးနဲ့လည်ပတ်။ ဟုတ်တော့ဟုတ်နေတာပဲ။
ခရီးတွေပြန်သွားလို့ရပြီဆိုရင်တော့ ဒီစာအုပ်ထဲပါတဲ့ တချို့ဒေသတွေတော့ ရောက်ဖြစ်အောင်သွားမယ်လို့တော့ စိတ်ကူးထားတယ်။
ဒီစာအုပ်မှာ အားလုံးပေါင်း ခရီးသွားဆောင်ပါး ၃၅ ပုဒ်ပါတယ်။ တဝကြီးဖတ်ရင်း စိတ်ကူးနဲ့ ခရီးသွားကြတာပေါ့။
"နိုင်ငံရေးအစစ်ဟာ ခရီးတွေသွားမှမြင်ရတယ် ။ ကြားရတယ်"
ဆရာမြသန်းတင့်
Nyein Chan Win