အနက်ဖော်ရခက်သော နေ့စဉ်သုံးမြန်မာဝေါဟာရများအဘိဓာန်
၂၀၁၈ ခုနှစ်၊သြဂုတ်လ
ဒုတိယအကြိမ်
၅၀၀၀ ကျပ်
ဖြန့်ချီရေး - လဝန်းရိပ်စာပေ၊ဖုန်း-095155195
ထုတ်ဝေသည့်စာအုပ်တိုက်- ရွွေလင်းယုန်စာပေ
ဖုန်း - 09253104071
ကျွန်တော်တို့ဟာနေ့စဉ်စကားပြောကြတဲ့အခါ တစ်ယောက်ယောက်ပြောလိုက်တာကိုတခြားတစ်ယောက်က နားမလည်ရင် မသိရင် ချက်ချင်းပြန်မေးလို့ရပေမယ့် စာဖတ်တဲ့အခါ နားမလည်ရင် ဆိုလိုတာကိုမသိရင် အဓိပ္ပါယ်လွဲသွားနိုင်ပါတယ်
မြန်မာစာကိုမြန်မာလို ရေးထားပေမယ့် နားမလည်တာဟာ စကားလုံးတွေရဲ့အနက်အဓိပ္ပါယ်ဆိုလိုချက်ကို မသိနားမလည်လို့ပါ
ဒီစာအုပ်လေးက နေ့စဉ်သုံးမြန်မာဝေါဟာရများကို ရှင်းလင်းပေးထားသော အဘိဓာန်စာအုပ်လေးဖြစ်တဲ့အတွက် မြန်မာစာလေ့လာသူတွေ စာဖတ်သူတွေအတွက် ဆောင်ထားသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်
တစ်ခါတစ်လေ ပျင်းတဲ့အခါမျိုးမှာတောင် စကားလုံး ၄၊၅ လုံးလောက်ကို အပျင်းပြေဖတ်ကြည့်ရင်တောင် အတွေးစလေးတွေ၊တစ်ယောက်ယောက်ကိုပြောစရာ စကားစလေးတွေရတတ်ပါတယ်
နမူနာအနေနဲ့ အမြည်းပေးလိုက်ပါတယ်
" လောကဓံ ခံနိုင်ဖို့ဆို မိန်းမဉာဏ် သုံးတတ်ဖို့လိုသလို စာပေအကြောင်း ဆဝ နိုင်ဖို့လည်း လိုပါတယ်”
စာပေ - အကြောင်းအရာ၊အတွေ့အကြုံ၊အတွေးအခေါ်၊အဖြစ်အပျက်တို့ကို ရေးသားပုံနှိပ်ထွင်းထုထားချက်။(စာပေဟူသော ဝေါဟာရကို သက္ကရာဇ် ၆၆၁ (ခရစ်နှစ် ၁၂၉၉) ရေးထိုးသော ကျောက်စာတစ်ခု (ပုဂံ ပြတိုက်ရှိ ကျောက်စာအမှတ် ရ၂) တွင် စတင်တွေ့ရှိရသည်။
မိန်းမဉာဏ် - (၁)အခက်အခဲမှ အလွယ်လွတ်မြောက်သက်သာအောင် ကြံဆနည်းလမ်း ရှာတတ်သော ဖြတ်ထိုးဉာဏ်
(၂) လီဆယ်ဉာဏ်
လောကဓံ - [ပါဠိ] လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော သဘောတရား။
(လာဘ်ရခြင်း၊မရခြင်း၊အခြွေအရံရှိခြင်း၊မရှိခြင်း၊ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်း ဟူသော ရှစ်မျိုးရှိသည်)
ဆဝ - မှန်းဆချင့်ချိန်သည်။ဝိုးတိုးဝါးတား သိသည်။
# အိုစိုး