မောင်စွမ်းရည်
လူထု နှင့် နိုင်ငံရေး
လူထုကြီးပွားရေးစာအုပ်တိုက် ၊
ပထမအကြိမ် ၊ ဇွန် ၂၀၁၈။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ ။
၁၄.၁ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - ၇၃ ၊ တန်ဖိုး - ကျပ် ၁၈၀၀ ။
လူထုကြီးပွားရေးစာအုပ်တိုက်၏ နှစ် ၈၀ ပြည့် အထိမ်း အမှတ်( ၁၉၃၈ ခု - ၂၀၁၈ ခု )အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။
၃ ဖေဖော်ဝါရီ ၂၀၁၀ ရက်စွဲဖြင့်ရေးသားထားသော စာရေးသူအမှာ၊ အလင်းအိမ်ရဲဘော်များ ( ဂျပန် ) ၏ ထုတ်ဝေသူတို့အမှာ၊ ရဲဘော်ဖိုးသံချောင်းအမှာ နှင့် ဆရာမောင်စွမ်းရည်၏ အတ္ထုပ္ပတ္တိအကျဉ်းတို့ပါရှိသည်။
ထိုင်းနိုင်ငံတွင်ထုတ်ဝေသည့် ခေတ်ပြိုင်ဂျာနယ်မှ ဆောင်းပါးများအား ဂျပန်နိုင်ငံ ''အလင်းအိမ်''အဖွဲ့ မှ ထုတ်ဝေခဲ့သည်ကို ပြည်တွင်း၌ ပထမအကြိမ်အဖြစ်ထုတ်ဝေထားခြင်းဖြစ်သည်။
( ကျောင်းသား၊ ဘုန်းကြီး၊ အလုပ်သမား၊ ကျောင်းဆ ရာ၊ စစ်သား၊ သတင်းစာဆရာ၊ ဘာသာရေး၊ နိုင်ငံရေး သမား၊ စာရေးဆရာ၊ လယ်သမား၊ ကျွန်တော် ) နဲ့ နိုင်ငံရေး ဆောင်းပါး ၁၁ ပုဒ်ပါရှိသည်။
''ကျွန်တော်ကတော့ နိုင်ငံရေးသမားလည်းမဟုတ်၊နိုင်ငံရေးပညာရှင်လည်းမဟုတ်လို့ နိုင်ငံရေးသိပ္ပံကိုကျွမ်း ကျင်စရာမရှိပါ။ ဒါပေမဲ့ 'နိုင်ငံသားတိုင်းဟာ နိုင်ငံရေးအ သိရှိရမယ်'လို့ ခြွင်းချက်မရှိ ယုံကြည်ထားပါတယ်။ အထူးသဖြင့် အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံတို့ရဲ့ ဆက်စပ်ပုံအနေအထား၊ တစ်နည်းပြောရရင်'အစိုးရ'နဲ့'ပြည်သူ'။ 'ဒင်းတို့'နဲ့ 'ငါတို့' ရဲ့ဆက်စပ်ပုံအခြေအနေကို နည်းနည်း ပါးပါးဖြစ်ဖြစ် အာရုံစူးစိုက်ကြည့်မိကြဖို့ပါ ပဲ။'' ဟု 'စာရေး သူအမှာ'တွင်ဖော်ပြထားသည်။
'' ဒီအစိုးရဟာ အလုပ်သမားတွေကိုအကြမ်းဖက်နှိမ်နင်း လေ့ ရှိတာဟာ အစိုးရက အလုပ်သမားကို ကြောက်ရွံ့ လို့ပါပဲ။ မတရားတာကို လုပ်တဲ့လူတွေက ကြောက်တတ်ပါတယ်။ သူတို့ ကိုယ်တိုင် သူတို့ဟာမတရားတာတွေကို လုပ်နေတယ်ဆိုတာ သိနေလို့ ပိုပြီးကြောက်တတ်တာပါ။ အလုပ်သမားတွေမှာ နိုင်ငံရေးအသိတိုးမှာ အလွန်ကြောက်ပါတယ်။ '' ( အလုပ်သမား နဲ့ နိုင်ငံရေး၊ ၆ ဖေဖော်ဝါရီ ၂၀၀၉ ၊ စာမျက်နှာ ၂၅ မှ )
'' နောင်အခါ ထွန်းနေ့စဉ် ဦးထွန်းဖေ ဖြစ်လာမယ့်ပုဂ္ဂိုလ်ဟာ အဲဒီတုန်းက သူရိယသတင်းထောက်ပါ။ ဦးနုလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဖြစ်လာပေမဲ့ ဦးနုဟာ ဘဝရှင်မင်းတရားကြီးစိတ်ဝင်နေပြီ ( အာဏာရှင်ဆန်နေပြီ ) ဆိုပြီး ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ရာထူး မမက်ဘူးဆိုတာကို သတင်းစာဆရာကြီးက ပြသလိုက်တာပါပဲ။ ရာထူးမမက်ရင် ဘာမက်သလဲ။ သတင်းစာ ဆရာဆိုတာ အမှန်တရားကိုပဲ မက်ပါတယ်။ သတင်းစာ ဆရာစစ်စစ်တွေဟာ အမှန်တရားကို ကိုးကွယ်ရင်း သတင်းစာဆရာ ဖြစ်လာကြတာပါပဲ။ '' ( သတင်းစာဆ ရာနဲ့ နိုင်ငံရေး၊ ၁၀ နိုဝင်ဘာ ၂၀၀၈၊ စာမျက်နှာ ၄၃ မှ )
'' နိုင်ငံရေးသမ ္ဘာမရှိ၊ နိုင်ငံရေး'သဘော' လည်းမရှိရင် နိုင်ငံရေးသမားဘဝက ကျဆုံးသွားမှာပါ။ ဒီလိုဆိုရင် သူ့အဖွဲ့ရော၊ သူရော၊ ပြည်သူရော နစ်နာပါတယ်။ ဒီခေတ်ဟာ မီဒီယာတွေ က တိုးတက်နေတော့ နိုင်ငံရေး သမားတွေကို သတင်းဋ္ဌာနတွေက တွေ့ဆုံမေးမြန်းကြ တာတွေ မကြာခဏ ကြားရပါတယ်။ ကိုယ်ခံမကောင်း တဲ့ နိုင်ငံရေးသမားတွေဟာ 'အိုးနင်းခွက်နင်း' ဖြစ်ကြ တာတွေ့ရတော့ ငိုရခက် ရယ်ရခက်ပါပဲ။ ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ကြတော့ ပိုအရှက်ကွဲကြရတာပေါ့။ ''
( နိုင်ငံရေးသမားနဲ့နိုင်ငံရေး၊ ၁၇ ဖေဖော်ဝါရီ ၂၀၀၉၊ စာမျက်နှာ ၅၆ မှ )
၁၇ ဇူလိုင် ၂၀၀၈ မှ ၁၇ ဇန်နဝါရီ ၂၀၁၀ အတွင်းရေး သားခဲ့သည့် အရေးအသားများဖြစ်သော်လည်း ယနေ့ ထက်တိုင် လတ်ဆတ်နေဆဲ ဆောင်းပါးများဖြစ်သည်။
'' လူတွေ နိုင်ငံရေးမလုပ်စေချင်ရင် နိုင်ငံရေးပြဿနာ အားလုံးကို ဖြေရှင်းပေးထားဖို့လိုပါတယ်'' ဟု ရဲဘော်ဖိုးသံချောင်း အမှာတွင် ဖော်ပြထားသည်။ ဖြေရှင်း၍ မရသေးသော နိုင်ငံရေးပြဿနာပေါင်း မြောက်မြားစွာကျန်ရှိနေဆဲဖြစ်ပါသည်။
မိုးမင်းသိမ်း
၁၁ ဧပြီ ၂၀၁၉