အရင်ခေတ်ကတော့ မဂ္ဂဇင်းစာအုပ်တွေမှာ ကိုလေးမြတ်၊လေးကိုတင်၊ကျော်စောမင်း စသဖြင့်စာအုပ်အကြောင်းရေးတာတွေဖတ်ဖြစ်ခဲ့တယ် အခုလည်းဂျာနယ်တွေမှာရေးကြပေမယ့် ဖတ်ဖြစ်ဖို့မနီးစပ်တော့ပါဘူး အခုလို အလွယ်တကူဖတ်နိုင်တဲ့ စာသမားများဂရုပ်၊ဒို့များစာအုပ်အကြောင်းပြောကြတဲ့အခါဂရုပ်တွေပေါ်လာတော့ ကြိုဆိုဝမ်းသာမိပါတယ် ဒါပေမယ့်လည်း တစ်ချို့စာအုပ်အညွွန်းတွေဖတ်ရတာ တစ်ခုခုလိုနေတယ်လို့ခံစားရပေမယ့် ကြိုးစားပြီးတခြားသူကိုမျှဝေပေးချင်တဲ့စေတနာကိုမြင်မိတဲ့အတွက် ကျေးဇူးတင်မိပါတယ်
စာအုပ်အညွွန်းရေးဖို့စိတ်ကူးရှိကြတယ်ဆို လေ့လာသင့့်တယ်လို့ထင်တဲ့စာအုပ် ၂အုပ်ညွွန်းချင်ပါတယ် ၂ယောက်စလုံးလက်ရှိစာရေးနေသူတွေဖြစ်ကြပေမယ် ကြီးပြင်းတဲ့ခေတ် အရွယ်မတူကြသူ ၂ယောက်ရဲ့ဖတ်ညွွန်းရေးပုံကို ခွဲခြားလေ့လာနိုင်အောင်ပါ
#စာအုပ်များနှင့်နှစ်ပေါင်းများစွာ
ကျော်ဝင်း
ဒုတိယအကြိမ်ထုတ်၊၂၀၁၃ ဖေဖော်ဝါရီ
ကျော်မွွေးစာပေ
တန်ဖိုး-၄၀၀၀ ကျပ်
#မင်ခြစ်ကောက်ကြောင်းများ
မင်းသေ့
ပထမအကြိမ်၊ဇူလိုင်လ၊၂၀၁ရ
ရောင်စုံအိမ်မက်များစာပေ
တန်ဖိုး- ၂၈၀၀ ကျပ်
စာအုပ်များနှင့်နှစ်ပေါင်းများစွာမှာ စာအုပ်ပေါင်း ၆၃အုပ်အကြောင်းကို စာရေးဆရာတွေအကြောင်းနဲ့အတူ တို့ထိထားပါတယ် မြန်မာစာအုပ်သာမက အင်္ဂလိပ်စာအုပ်တွေကနေလည်းတိုက်ရိုက်ရေးထားတာတွေပါပါတယ် စာရေးသူကိုယ်တိုင်ရေးတဲ့ ပထမအကြိမ်ထွက်အမှာနဲဒုတိယအကြိမ်ထွက်အမှာနှစ်ခုပါပါတယ် ပထမအကြိမ်အမှာလေးဖတ်ကြည့်လိုက်ရင်ကိုဘဲ ဘာကြောင့် စာအုပ်အညွွန်းရေးဖြစ်တယ်ဆိုတာကိုမြင်ပါလိမ့်မယ်
ပထမအကြိမ်ထုတ်အမှာ...
အကယ်၍ စာဖတ်သည့်အမွုကို အလုပ်ဟု ယူမည်ဆိုလျင် စာရေးသူအနေနှင့် စွဲစွဲမြဲမြဲ လုပ်ခဲ့ဖူးသည့် တစ်ခုတည်းသောအလုပ်မှာ စာဖတ်ခြင်းသာဖြစ်ပါလိမ့်မည်။
ဟိုငယ်ငယ်ကတော့ ဖတ်ရမှတ်ရသမျှထဲမှ၊ထိထိရှရှရှိပြီဆိုလျှင် သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ပြီး တမေ့တမောစားမြုံ့ပြန် ရသည်။အခုတော့ သူငယ်ချင်းတွေနှင့်လည်း မဆုံနိုင်တော့ပြီ။လက်ဖက်ရည်ဆိုင်လည်း မထိုင်နိုင်တော့ပြီ။စာအုပ်တွေနှင့်ကားမကင်းမကွာရှိဆဲ၊သည်လိုနှင့် ဖတ်ရသမျှထဲမှ ပြောချင်ဆိုချင်သမျှကို စာဖတ်သူများကိုသာ သူငယ်ချင်းအမှတ်ဖြင့် တိုင်တည်ရင်ဖွင့်ရတော့သည်။
ယခုစာစုမှာ ဤသို့သော တိုင်တည်ရင်ဖွင့်ချက်များကို စုစည်းလိုက်ခြင်းဖြစ်ပါသည်။ဒဂုန်တာရာ၊မြသန်းတင့်၊နတ်နွယ်၊မောင်စူးစမ်း၊မောင်ဝံသ၊ကိုတာ၊ဂျုး စသော မြန်မာစာရေးဆရာတွေ၏ စာအုပ်တွေလည်း ပါသည်။ ဆယ်မျုရယ်(လ်)ဟန်တင်တန်၊အန်တော်နီရယ်(လ်)ဂီဒင်၊ ဟာနန်ဒို-ဒီဆိုတို စသောနိုင်ငံတကာပညာရှင်တွေ၏ စာအုပ်တွေလည်းပါသည်။တချို့တိုတို၊တချို့ရှည်ရှည်၊တချို့ပါးပါး၊တချို့နက်နက် တို့ထိချက်များသာဖြစ်ပါသည်။စာအုပ်ဝေဖန်ချက်မဟုတ်တာ သေချာသည်။စာအုပ်အညွွန်းဟုဆိုလိုက ဆိုနိုင်မည်ထင်သည်။
ဒီအမှာစာဖတ်ရုံနဲ့တင် စာအုပ်တစ်အုပ်လုံးဆက်ဖတ်သွားဖို့လုံလောက်နေပါပြီ ကျွန်တော်ညွွန်းဆိုရန်ပင်မလို အထူးနှစ်သက်မိသည်မှာ စာရေးဆရာကိုမကောင်းမပြော ခြေရာချင်းမတိုင်း သူ့အမြင်ကိုသာပြောသည် သုံးသပ်ပြသည် သူကိုယ်တိုင် စာရေးဆရာဖြစ်သလို စာရေးဆရာတွေကိုချစ်သည် တန်ဖိုးထားသည် သည်အချက်ကို နောက်ပိုင်း ဖတ်ညွွန်းရေးသူတွေမြင်စေချင်သည် ဒါကြောင့် ဒီစာအုပ်လေးကိုညွွန်းဆိုလိုက်ပါသည်။
နောက်တစ်အုပ်က ကိုမင်းသေ့ရဲ့စာအုပ်ပါ ဆရာကျော်ဝင်းကို ဧပြီ ၂၀ရက်နေ့ ၁၉၅၂ခုနှစ်မှာမွေးသလို ကိုမင်းသေ့ကို ဒီဇင်ဘာ ၁ရက် ၁၉၉၁ ခုနှစ်မှာ မွေးတာပါ စာရေးသူ ၂ယောက်ဟာ ၃၉ နှစ် အသက်ကွာဟမွုရှိပေမယ် စာဖတ်ပြီးသုံးသပ်ပုံ စာရေးဆရာတွေအပေါ်ထားတဲ့စိတ် တူနေတာကိုတေွ့ရသလို စာအုပ်အညွွန်းရေးရာမှာလည်း ပြီးစလွယ်မဟုတ်ဘဲ တန်ဖိုးထားရေးထားတာတွေ့မြင်ရလို့ပါ
ကိုမင်းသေ့စာအုပ်မှာ ဘဝနေနည်း ၅ပုဒ်၊အောင်မြင်ရေး ၅ပုဒ်၊အတ္ထုပ္ပတ္တိ ၉ပုဒ်၊ရသ ၁ ပုဒ်၊ပညာနှင့်အတွေးအခေါ် ၄ပုဒ်၊ဘာသာရေး ၁ပုဒ်၊နိုင်ငံရေး ၅ပုဒ် ပါဝင်ပါတယ် ခေါင်းစဉ် တွေကြည့်ရုံနဲ့စာအစုံဖတ်သူဆိုတာ မြင်သာပါတယ်၊စာရှည်သွားမှာစိုးလို့ ကိုမင်းသေ့စာအုပ်ထဲကအကြောင်းတွေတော့မပြောတော်ပါဘူး ဝယ်ပြီးဖတ်ကြည့်ပါ ဌားချင်တယ်ဆိုရင်လည်း ကျွန်တော်စာကြည့်တိုက်မှာဌားဖတ်နိုင်ပါတယ်
ဒါပေမယ့် သူရေးထားတဲ့အထဲက ကိုကိုကြီးက သူတို့ကိုပြောတာလေးတော့ ရေးပြပါရစေ
ကိုကိုကြီးက ကျွန်တော်တို့နှင့်တွေ့ရင်း ပြောခဲ့ဖူးသေးသည်။'အိမ်ထောင်ရေးဆိုတာ ဇွတ်ခုန်ချမှ ကျတာ...တဲ့ သိပ်ဘာမှ စဉ်းစားမနေနဲ့...မျက်စိမှိတ်ပြီးသာ...ခုန်ချပစ်လိုက်...တဲ့' ဤစကားအရသာဆိုလျှင်၊ကျွန်တော် ကိုကိုကြီးအား ပညတ်ရန်တစ်ခုသာကျန်တော့သည်။
ချစ်တတ်သော တော်လှန်ရေးသမားကြီး ဟူ၍...
ဒီအဖွဲ့အနွဲ့လေးဖတ်ရတော့ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွွာကိုသတိရမိပါသည်
အခုတော့ကျွန်တော်လည်း ခုန်ချဖို့ လေထီးရှာရင်း ရေးလိုက်ရပါတော့သည်။
#အိုစိုး
Publisher Name: ကျော်မွှေးစာပေ
Publisher Address: အမှတ် ၉၅(၆)လွှာ၊အောင်ဇေယျလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း- 095057791
Publisher Phone Number: 095057791