Book Image

စိတ်​ဓာတ်​​တော်​လှန်​​ရေး

​ဒေါက်​တာ​အောင်​ခင်​

စိတ်​ဓာတ်​​တော်​လှန်​​ရေး

တိုးမြစ်​စာအုပ်​တိုက်​
ပထမအကြိမ်​၊ ၁၀ ဇန်​နဝါရီ ၂၀၁၉။
မျက်​နှာဖုံးပန်​းချီနှင်​့ဒီဇိုင်​း - ​ဇော်​​မောင်​။
၁၁.ရ စင်​တီမီတာ x ၁၈.၃ စင်​တီမီတာ။
စာမျက်​နှာ - က မှ ဒ နှင်​့ ၁၇၁၊ တန်​ဖိုး - ကျပ်​ ၂၅၀၀။

စာအုပ်​အမည်​အပြည်​့အစုံမှာ '' စိတ်​ဓာတ်​​တော်​လှန်​​ရေး နှင်​့ အခြားအသံလွွင်​့​ဆောင်​းပါးများ'' ဖြစ်​ပြီး အသံလွွင်​့​ဆောင်​းပါးပေါင်​း ၃၄ ပုဒ်​ကို စုစည်​းထုတ်​​ဝေထားခြင်​း ဖြစ်​သည်​။

၁၆ နိုဝင်​ဘာ ၂၀၁၈ ရက်​စွဲဖြင်​့​ရေးသားထား​သော တိုး မြစ်​၏မှတ်​ချက်​ နှင်​့ ဒေါက်​တာ​အောင်​ခင်​၏ အမှာတို့ပါရှိ ပြီးအက္ခရာစဉ်​အညွွန်​းကိုလည်​း ထည်​့သွင်​း​ဖော်​ပြထား သည်​။ 

စိတ်​ဓာတ်​​တော်​လှန်​​ရေး စာအုပ်​​ဝေဖန်​ခန်​းမှာ ၂၀၁၀ ပြည်​့နှစ်​ အတွင်​းက ​ခေတ်​ပြိုင်​တွင်​​ဖော်​ပြခဲ့​သော အသံ လွွင်​့​ဆောင်​းပါးဖြစ်​သည်​။ အပိုင်​း ၃ ပိုင်​းပါရှိသည်​့ မြန်​မာ ပြည်​အနှစ်​တစ်​​ထောင်​ခရီး မှာ ၃၀ ဒီဇင်​ဘာ ၁၉၉၉ မှ ၁ ဇန်​နဝါရီ ၂၀၀၀ အထိ ထုတ်လွွင်​့ခဲ့​သော ဒီဗွီဘီ အထူး​ဆောင်​းပါးဖြစ်​သည်​။ ကျန်​​​ဆောင်​းပါးတို့မှာ ၂၀၀၅ ခုနှစ်​ မှ ၂၀၁၆ ခုနှစ်​အတွင်​း၌ ဗွီအို​အေ မှ ထုတ်​လွွင်​့ခဲ့သည်​့ အသံလွွင်​့​ဆောင်​းပါးများဖြစ်​သည်​။ 


​ဒေါက်​တာ​အောင်​ခင်​


စိတ်​ဓာတ်​​တော်​လှန်​​ရေး၊ မြန်​မာပြည်​အနှစ်​တစ်​​ထောင်​ခရီး ၁ မှ ၃၊ လွတ်​လပ်​​ရေးအတွက်​​ပေးဆပ်ရတဲ့တန်​ဖိုး၊ မြန်​မာပြည်​နဲ့ ဒုတိယကမ ္ဘာစစ်​၊ ကိုလိုနီလက်​သစ်​ဆို တာဘယ်​သူလဲ၊ လူဖြူ့ တာဝန်​ ကယ်​တင်​ရှင်​ဆိုတာ၊ လွတ်​လပ်​​ရေးကျိန်​စာ၊ လက်​နက်​ကိုင်​ခွင်​့နဲ့​တော်​လှန်​ပိုင်​ခွင်​့၊ နိုင်​ငံအချင်​းချင်​း ဘယ်​လိုပြိုင်​ကြသလဲ၊ လူမွုစီး ပွား​ရေးအကျပ်​အတည်​းနဲ့ ဗုဒ္ဓဘာသာပြဿနာ၊ လက်​နက်​ကိုင်​တပ်​ဖွဲ့များ​နေ့၏အဓိပ္ပာယ်​၊ တရားဥပ​ဒေစိုးမိုး​ရေးပြဿနာ၊ တစ်​ခြမ်​းပဲ့ဒီမိုက​ရေစီနဲ့ စစ်​တပ်​ရဲ့နိုင်​ငံ​ရေးဓ​လေ့၊ ဥပ​ဒေပြုလွွတ်​​တော်​နဲ့​ရေှ့​နေ​လောက၊ ပဋိ ပက္ခနဲ့သတင်​းမီဒီယာအခန်​းကဏ္ဍ၊ ကိုးကွယ်​ရာဘာ သာကူး​ပြောင်​းရတဲ့အ​ကြောင်​းတရားများ၊ စစ်​သ​ဘော တရားနဲ့မြန်​မာ့နိုင်​ငံ​ရေး၊ ဖွံ့ဖြိုးတိုးတက်​မွုနဲ့ပျက်​စီးဆုတ်​ယုတ်​မွု၊ အာဏာရှင်​ဖန်​တီးတဲ့ စား​သုံးကုန်​​စျေးနွုန်​း၊ တိမ်​မြုပ်​​နေတဲ့တရားမျှတမွု၊ ပြုပြင်​​ရေးနဲ့ အစည်​းအ​ဝေး နိုင်​ငံ​ရေး၊ အသွင်​ကူး​ပြောင်​း​ရေးအမြင်​အမျိုးမျိုး၊ အရပ်​ဘက်​ စစ်​ဘက်​ဆက်​ဆံ​ရေး၊ နိုင်​ငံ​ရေးဗဟုသုတ စစ်​တမ်​း၊ အရပ်​သားအသင်​းအဖွဲ့အခန်​းကဏ္ဍ၊ မြန်​မာ့နိုင်​ငံ​ရေးနဲ့ အရပ်​သားအသင်​းအဖွဲ့၊ တရုတ်​အသွင်​နဲ့မြန်​မာ့ အမြင်​၊ စစ်​ဗိုလ်​စိတ်​ဓာတ်​ပြုပြင်​​ရေး၊ စစ်​တပ်​ကိုပြုပြင်​နိုင်​မလား၊ စစ်​ဗိုလ်​နဲ့နိုင်​ငံ​ရေး၊ ​ခေါင်​း​ဆောင်​မွုပြဿနာ နှင်​့ ဝါဒဖြန်​့နိုင်​ငံ​ရေး စ​သော အသံလွွင်​့​ဆောင်​းပါးများဖြစ်​သည်​။

'' ဒီမိုက​ရေစီအသွင်​ကူး​ပြောင်​းရာမှာရွေး​ကောက်​ပွဲကျင်​း ပပြီး မဲဆန္ဒ​ပေးလိုက်​ရုံနဲ့ ပြီးစီးသွားတာမဟုတ်​ဘဲ စိတ်​ဓာတ်​၊ အ​တွေးအ​ခေါ်ပါ​ပြောင်​းလဲနိုင်​​ကြောင်​း ကမ ္ဘာ့သ မိုင်​းမှာ​တွေ့နိုင်​ပါတယ်​။ တိုင်​းပြည်​တစ်​ပြည်​ရဲ့သမိုင်​းကို ​လေ့လာတဲ့အခါ Political Culture လို့ အ​နောက်​တိုင်​း ပညာရှင်​​တွေ​ခေါ်တဲ့ ''နိုင်​ငံ​ရေးဓ​လေ့'' ကို ဆန်​းစစ်​ဖို့လို တယ်​'' ဟု ​​ဒေါက်​တာ​အောင်​ခင်​ က အမှာစာတွင်​​ဖော်​ပြ ထားသည်​။

​ဒေါက်​တာ​အောင်​ခင်​၏ အသံလွွင်​့​ဆောင်​းပါးတစ်​ပုဒ်​
ချင်​းစီ၌ စဉ်​းစားသုံးသပ်​ကြည်​့ဖွယ်​​ကောင်​း​သော အချက်​အလက်​​ပေါင်​းများစွာပါရှိ​နေသည်​။ ​သောင်​မ တင်​​ရေမကျ ဖြစ်​​နေသည်​့ လက်​ရှိပစ္စက္ခအ​ခြေအ​နေ တို့နှင်​့လည်​းနွိုင်​းယှဉ်​ကြည်​့နိုင်​သည်​။ မကြာမတင်​ကာလတစ်​ခု၌လည်​း အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီး ကျင်​းပဦးမည်​ဖြစ်​ရာ ​ရွွေပြည်​ကြီး၏ စစ်​​ရေး၊နိုင်​ငံ​ရေး နှင်​့ စီးပွား​ရေးကိစ္စအဝဝ တို့အား စိတ်​ဝင်​တစားရှိကြသူ တို့အတွက်​ တစ်​နည်​းတစ်​ဖုံအ​ထောက်​အကူပြုမည်​့ အသံလွွင်​့​​ဆောင်​းပါး များဟု ယူဆမိပါသည်​။

မမသ
၁၆ ဒီဇင်​ဘာ ၂၀၁၈


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၉၉၅၊သုဇိတာ ဖြတ်လမ်း၊ ၂ရပ်ကွက်၊မြောက်ဥက္ကလာပ၊ရန်ကုန်မြို့။ ဖုန်း-0973045264,09450100742 Email:toemyit@gmail.com www.facebook.com/ToemyitPublishingHouse

Publisher Phone Number: 0973045264,094500100742


Related Books

Book Review Image

ပညာသိုက်

တိုက်စိုး
Book Review Image

မလိမ်တတ်မညာတတ်တဲ့လူတစ်ယောက်နှင့်အခြားဝတ္ထုတိုများ

မြင့်သန်း
Book Review Image

ခရီးပန်းတိုင်ရယ်လို့ မရှိ

ကိုတာ
Book Review Image

ဦးတင့်ဆွေ

ဦးတင့်ဆွေ
Book Review Image

စာကြည့်တိုက် ခရီးသည်

ဟိန်းလတ်
Book Review Image

ကြောက်စိတ်နဲ့ ကလေးတို့မနက်ဖြန် (သင့်ဘဝမျက်နှာဖုံးဆောင်းပါးများ)

မောင်သစ်ဆင်း
Book Review Image

အ​တွေး​နောက်​က အ​ရေး ( ​တောက်​တိုနှင်​့ မမည်​မရများ )

မြင့်သန်း
Book Review Image

စာအုပ်​များနှင်​့နှစ်​​ပေါင်​းများစွာ ၊ မင်​ခြစ်​​ကောက်​​ကြောင်​းများ

ကျော်ဝင်း
Book Review Image

ဗော်လဂါမှ ဂင်္ဂါသို့

ပါရဂူ
Book Review Image

စခန်​း​နော်​ လိုရာကွန်​့နိုင်​တဲ့

​မောင်​ထင်​
Book Review Image

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တွေးစရာ ဆောင်းပါးများ

ကျွန်း
Book Review Image

လင်​းယုန်မှတာရာ ( လင်​းယုန်​ဂျာနယ်​ပါ​ ဆောင်​းပါးများစုစည်​းမှု )

ဒဂုန်တာရာ
Book Review Image

​ဇော်​ဂျီ ၊ ကျွန်​​တော်​ နှင်​့ သီရိပစ္စယာအလွမ်​း

မြသန်းတင့်
Book Review Image

​ခေတ်​စမ်​းပုံပြင်​များ ​(ခေါ်) ​ခေတ်​စမ်​းဝတၳုများ

မင်းသုဝဏ်
Book Review Image

အောက်​​မေ့တသအမှတ်​တရစာ

လူထုဒေါ်အမာ
Book Review Image

အနက်ဖော်ရခက်သော နေ့စဉ်သုံးမြန်မာဝေါဟာရများအဘိဓာန်

သန်းဝင်းလှိုင်
Book Review Image

၀င်းဖေ ၏ လွယ်အိတ် ၁+၂+၃

၀င်းဖေ
Book Review Image

လန်ဒန်-ရောမ၊ ဥရောပ

မသီတာ(စမ်းချောင်း)
Book Review Image

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း

ဟန်ဇော်
Book Review Image

စသည်၊ စသည်ဖြင့်…

မြင့်သန်း
Book Review Image

အဓိပ္ပာယ်မဲ့ပြဇာတ်

အောင်ခင်မြင့်