Book Image

ပွဲဦးထွက်စာပေဆောင်းပါးများ

အောင်သင်း


#ပွဲဦးထွက်စာပေဆောင်းပါးများ
၂၀၁၃၊ ဇန်နဝါရီ၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၁၃၀၀ ကျပ်
စိတ်ကူးချိုချိုစာပေ


ဒီစာအုပ်ရဲ့အမှာစာမှာ ဆရာ အောင်သင်းကိုယ်တိုင်က သူ့ဆောင်းပါးတွေကို #ပဋိပက္ခဆောင်းပါးများ လို့ ရည်ညွွန်းထားတယ်။ ပြီးတော့ ဒီဆောင်းပါးတွေရေးဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလည်း အောက်ပါအတိုင်း ဆိုထားသေးတယ်။ 


" ကျွန်တော်သည် ပဋိပက္ခဝိဝါဒစာပေများကို ရေးသားခဲ့ကြောင်း မှန်ပါသည်။ သို့သော် ဗလာခြေခွပ်သည်မဟုတ်ဘဲ ခြေခြေမြစ်မြစ် ကျိုးကြောင်းကျကျ ဆင်ခြင်ပြီးမှ ရေးသားခဲ့ပါသည်။ ဤအချက်ကြောင့် ကျွန်တော့်ဆောင်းပါးများကို စာဖတ်ပရိသတ်အများစုက ဂရုတစိုက်ဖတ်ရွု၍ ဆင်ခြင်လာကြပါသည်။ ထို့နောက် လက်ခံလာကြပါသည်။ "

" ထိုစဉ်က ကျွန်တော်သည် စာပေလောက၌ ' ကလောင်သစ် ' ကလေးမျှသာ ဖြစ်ပါသည်။ ကျွန်တော့်ထက် ဝါရင့်လှသော စာပေသမားများ၏ စာပေလောကအတွင်းသို့ ဝင်ရခြင်းဖြစ်သောကြောင့် ကိုယ်ရေးလိုက်သမျှ စာများကို ခြေခြေမြစ်မြစ် ရှိအောင်၊ အကျိုးအကြောင်း ခိုင်လုံအောင် အားထုတ်ပြီး ရေးသားခဲ့ပါသည်။

ထို့ပြင် ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မွု မရှိအောင်လည်း ကြိုးစားခဲ့ပါသည်။ " 

လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ဆောင်းပါးတွေပါ။ မောင်စွမ်းရည်၊ ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ သော်တာဆွေ၊ ရွွေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကြည်အေးနဲ့ နေသွေးနီတို့ရဲ့ အတွေး၊ အရေးတွေကို ဝေဖန်သုံးသပ်ထားတဲ့ဆောင်းပါးတွေလည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆောင်းပါး ၁၁ ပုဒ်တိတိ ပါဝင်တယ်။ 

ပထမဦးဆုံးဆောင်းပါးက #မြန်မာဘာသာစကားနှင့်_ကာရန်မဲ့ကဗျာ အကြောင်းကို
(၁) မြန်မာဘာသာစကား၏ ပင်ကိုသဘာဝ၊ 
(၂) ကာရန်ငြိသံကို စွဲမက်လွန်းခြင်း၊ 
(၃) ရွတ်သံမစဲသေးသောကဗျာများကို သုံးသပ်ခြင်း ဆိုတဲ့ အချက်သုံးချက်နဲ့ ချဉ်းကပ်ဆွေးနွေးထားတဲ့ဆောင်းပါးပါ။

ဒုတိယမြောက်ဆောင်းပါး #ရေှ့နေကောင်းနှင့်_သက်သေကောင်း က ဆရာ သိန်းဖေမြင့်နဲ့ ဆရာ သော်တာဆွေတို့ရဲ့ ပစ္စည်းမဲ့တော်လှန်ရေးဝတ္ထုတိုတွေကို နွိုင်းယှဉ်ဖတ်ရွုကြည့်တဲ့အခါ သူ့ ( ဆရာ အောင်သင်း )အနေနဲ့ ခံစားမိတဲ့ဝေဒနာကို ပြန်လည်သုံးသပ်ပြထားတာပါ။ ဆရာ သိန်းဖေမြင့်ရဲ့စာအုပ်တွေဖတ်တဲ့အခါ စာရေးကောင်းပုံမှာ နစ်မျောမိသွားပြီး ဆရာ သော်တာဆွေရဲ့စာအုပ်တွေဖတ်တဲ့အခါ ဝတ္ထုရဲ့အဆိုတွေမှာ နစ်မျောသွားမိကြောင်း၊ သိန်းဖေမြင့်ဟာ ပစ္စည်းမဲ့တွေရဲ့ဘက်တော်သား ရေှ့နေကောင်းကြီးနဲ့တူပြီး သော်တာဆွေက သက်သေကောင်းကြီးနဲ့တူကြောင်း စတာတွေကို သုံးသပ်ပြထားတာပါ။

တတိယမြောက်ဆောင်းပါး #အညာစာတမ်းတစ်စောင်ကို_သုံးသပ်ခြင်း က ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလထုတ် ' စာပေလုပ်သား အင်အားသစ် ' စာတမ်းစာအုပ်ပါ ဆရာ မောင်စွမ်းရည်ရဲ့ ' ဒီနေ့ ကဗျာပြဿနာ ' စာတမ်းကို ဝေဖန်ထားတဲ့ဆောင်းပါးပါ။ အထူးသဖြင့် စာတမ်းအင်္ဂါနဲ့ မညီညွတ်ဘူးလို့ ယူဆထားတဲ့အကွက်နှစ်ကွက်ကိုသာ အဓိက ဝေဖန်ထောက်ပြထားတာပါ။ " မောင်စွမ်းရည်၏စာတမ်းမှာ သုတေသနစာတမ်းမဟုတ်ပါ။ မကြိုက်သည်ကို ရွုတ်ချခြင်း၊ ကြိုက်သည်ကို မြေှ ာက်ပင့်ခြင်းတို့ဖြင့် သူ့အဆိုကို ကြားနာသူက လက်ခံလာအောင် သိမ်းသွင်းဟောပြောသော သာမန် အရပ်စာတမ်းမျှသာဖြစ်၍ သုတေသနစာတမ်းအင်္ဂါတို့နှင့် ညီ မညီ စစ်ဆေးခြင်းငှာ မသင့်ဟု သဘောရပါသည်။ " လို့ ဆရာ အောင်သင်းက ဆိုထားပါတယ်။ 

ဆရာ မောင်စွမ်းရည်ရဲ့စာတမ်းပါ အကျိုးအကြောင်းမခိုင်လုံမွုတွေကို နွိုင်းယှဉ်ပြဆိုမွုတွေနဲ့ ဝေဖန်ပြထားတာပါ။ ဆရာမ နုယဉ်ရဲ့ ' ပန်းနှင့် လေှငယ် ' ကဗျာကို မခိုင်လုံစွာ ဝေဖန်ထားတာကို ဆရာ တင်မိုးရဲ့ ' ပွဲခင်းသာ ' ကဗျာ၊ ' အလှကိုယ်စီ ' ကဗျာတို့နဲ့လည်းကောင်း၊ ဦးပုညရဲ့ ' ပြန်ပေးမေတ္တာစာ ' နဲ့လည်းကောင်း၊ သခင်ကိုယ်တော်မွိုင်းရဲ့ လေးချိုးကြီးတွေနဲ့လည်းကောင်း၊ မောင်သင်းမွန်(သံတွဲ)ရဲ့ ' အားသစ်ပျိုးချိန် ' ကဗျာနဲ့လည်းကောင်း အသီးသီး ဝေဖန်ပြထားပါတယ်။ 

" မောင်စွမ်းရည်၏စွပ်စွဲချက်မျိုးကို လွတ်ကင်းအောင်ဆိုလျှင် ဦးပုညတို့၊ ဆရာကြီး သခင်ကိုယ်တော်မွိုင်းတို့လည်း မရေးဖွဲ့နိုင်ခဲ့ကြောင်း ထင်ရှားစေလိုခြင်းသာ ဖြစ်ပါသည်။

တစ်နည်းအားဖြင့် မောင်စွမ်းရည် ပြခဲ့သမျှ ပုံစံတို့သည် အကျိုးအကြောင်း ကင်းမဲ့သည်။ စာတမ်းတစ်စောင်တွင် ဤကဲ့သို့သော ခနော်ခနဲ့သက်သေများ မပါဝင်စေသင့်ဟု ဆိုလိုပါသည်။ " လို့ ဆရာ ဦးအောင်သင်းက ရေးသားထားပါတယ်။ 

အဓိကနှစ်ချက်ဆိုတာကတော့ မောင်စွမ်းရည်ရဲ့စာတမ်းဟာ စကားရေှ့နောက် မညီတာနဲ့ အကျိုးအကြောင်း မခိုင်လုံတာကို ဆိုလိုတာပါ။

စတုတ္ထမြောက်ဆောင်းပါး #ဒဂုန်တာရာ၏ကဗျာအယူအဆကို ရှာဖွေခြင်း က ' စာပေသဘောတရား၊ စာပေဝေဖန်ရေး၊ စာပေလွုပ်ရှားမွု ' စာပေဆောင်းပါးပေါင်းချုပ် စာအုပ်ကြီး စာမျက်နှာ ၄၃၀ မှာ ပါရှိခဲ့တဲ့ ဆရာ ဒဂုန်တာရာရဲ့ ' ကဗျာဆိုသည်ကား အဘယ်နည်း ' ဆိုတဲ့ဆောင်းပါးကို ဝေဖန်ထားတာပါ။ 

ဆရာ ဒဂုန်တာရာရဲ့ဆောင်းပါးကို အပိုင်းလိုက်ခွဲပြီး သုံးသပ်ပြထားတာပါ။ ဆောင်းပါးသာ ဆုံးသွားတယ်။ ဆောင်းပါးခေါင်းစဉ်နဲ့ပတ်သက်တဲ့ ကဗျာဆိုသည်မှာ အဘယ်နည်းကို ရှင်းလင်းတင်ပြနိုင်မွုမရှိဘဲ တခြားအချက်အလက်ပိုင်းတွေမှာသာ ဝေ့ဝိုက်နေတာကို ဝေဖန်လိုက်တာပါ။ ( အဲဒီအချိန်က အတော်ကလေး လွုပ်လွုပ်ရှားရှား ဖြစ်သွားခဲ့တဲ့ဆောင်းပါးပါ။ အထူးသဖြင့် ဆရာ အောင်သင်းကို မုန်းတီးကြတာပေါ့။ ဆရာ ကြည်မင်းရဲ့ ' ဦးအောင်သင်းနှင့် ကျွန်တော် ' စာအုပ်ထဲမှာ အခုလို ရေးထားပါတယ်။ " ဒဂုန်တာရာ၏ကဗျာအယူအဆဆောင်းပါးကို ခပ်တင်းတင်းကိုင်တွယ်ပြလိုက်၍ လွုပ်လွုပ်ရှားရှား ဖြစ်နေလေပြီ။ ကျွန်တော်မှာ ဆရာ ဒဂုန်တာရာကို ကိုးကွယ်သူဖြစ်လေရာ တောင်ငူဆောင်သို့ တကူးတကန့်သွားပြီး ရန်ထောင်ခဲ့မိသေး၏။ နောက်ပိုင်း သွေးအေးအေးဖြင့် ပြန်ဖတ်ကြည့်တော့ သူ မှန်တာ တွေ့လာရ၏။ ဆရာ ဇော်ဂျီ၏ရေးဟန်အကြောင်း စိစစ်ပြသော ဆောင်းပါးနှင့် ယှဉ်ဖတ်လျှင် ပိုသိသာသည်။ " ဒီ #စိတ်သစ်ပင်စာအုပ်စင်Page ထဲမှာပဲ ဆရာ ကြည်မင်းရဲ့စာအုပ်ကို ညွွန်းပေးခဲ့ဖူးပါတယ်။ မဖတ်ရသေးရင် ရှာဖတ်ကြည့်နိုင်ပါတယ်။ ) 

ပဥ္စမမြောက်ဆောင်းပါး #ရွွေဥဒေါင်း၏တစ်သက်တာမှတ်တမ်း က ဆရာ အောင်သင်းအနေနဲ့ တစ်သက်တာမှတ်တမ်းစာအုပ်ကို အကြိမ်ကြိမ်ပြန်ဖတ်၊ နှစ်သက်ရခြင်းဟာ နာမည်ကျော် စာရေးဆရာကြီးရဲ့အတ္ထုပ္ပတ္တိဖြစ်နေလို့လား ဒါမှမဟုတ် စာအုပ်ကိုယ်တိုင်က ကောင်းလွန်းနေတာကြောင့်လား ဆိုတာကို ခွဲခြားစဉ်းစားပြထားတာပါ။ ဇာတ်လမ်းဇာတ်ကွက် ကောင်းတာလား၊ အရေးအဖွဲ့ ကောင်းတာလား၊ ဘဝသင်ခန်းစာတွေ ကောင်းတာလား၊ အတွေးအခေါ်တွေ ကောင်းတာလား စတာတွေကို စဉ်းစားပြထားတာပါ။ နောက်တော့ ဆရာ အောင်သင်းက သူနှစ်သက်တာဟာ ဇာတ်လမ်းဇာတ်ကွက်ကြောင့်မဟုတ်ဘဲ အတွေးအခေါ်၊ ဘဝသင်ခန်းစာနဲ့ အရေးအဖွဲ့တွေကြောင့်ပင်ဖြစ်တယ်လို့ ဆိုထားပါတယ်။

စာပေရွုထောင့်၊ ဝတ္ထုရွုထောင့်၊ အတ္ထုပ္ပတ္တိရွုထောင့်၊ ပညာပေးရွုထောင့် စသဖြင့် ဘယ်ရွုထောင့်ကကြည့်ကြည့် မြန်မာစာပေသမိုင်းမှာ နေရာကောင်းကြီးတစ်ခုယူထားမယ့်မှတ်တမ်းကြီးတစ်ခုဖြစ်တယ်ဆိုတာ ယုံမှားဖွယ်မရှိပေဘူးလို့ ဆရာ အောင်သင်းက ဆိုပါတယ်။ အရေးအဖွဲ့ပရိယာယ်နဲ့ပတ်သက်တဲ့နည်းစနစ်ကို အလိုရှိတဲ့သူတွေဟာ ဆရာကြီးရဲ့မှတ်တမ်းကို စကားပြေကျမ်းကြီးတစ်ဆူသဖွယ် လေ့လာသင့်တယ်လို့လည်း ပြောထားပါသေးတယ်။ ဘာလို့ ဒီလိုတွေဆိုရတယ်ဆိုတာကို ဆောင်းပါးအပြည့်အစုံဖတ်ပြီး စူးစမ်းစေချင်ပါတယ်။

ဆဋ္ဌမမြောက်ဆောင်းပါး #အညာစာတမ်းနောက်ဆက်တွဲ က အညာစာတမ်းတစ်စောင်ကို သုံးသပ်ခြင်း ဆောင်းပါးကို ဆရာ မောင်စွမ်းရည်က ' အောင်သင်းသို့ တုံ့ပြန်ချက် ' ဆိုပြီး မိုးဝေ မဂ္ဂဇင်းမှာ တုံ့ပြန်ထားတာကို ဆရာ အောင်သင်းက ပြန်လည်ပြန်ကြားရေးသားထားတာပါ။ ဘယ်ဆောင်းပါးက ဝေဖန်ရေးအဆင့်ရှိတဲ့ဆောင်းပါးဆိုတာကို စာဖတ်သူတွေသာ ဝင်ရောက်ဆုံးဖြတ်စေလိုပါတယ်။ ရေးသားထားတာတွေထဲက တစ်ခုကို ပိုပြီးသတိထားမိလိုက်တာက " ထိလိုက်သည့်နေရာက ထပေါက်သွားတတ်သော ' ဆပ်ပြာပူဖောင်းစာတမ်း ' မျိုးမှာ ကြုံတောင့်ကြုံခဲ ဖြစ်လှပါသည် " ဆိုတဲ့အသုံးအနွုန်းလေးပါ။ ထိလှပါတယ်။

သတ္တမမြောက်ဆောင်းပါး #လောက၏ခင်ပွန်းကောင်းကြီးများ က ရိုးသားလွိုက်လှဲစွာ စေတနာနဲ့ အမျှဝေခဲ့ကြတဲ့ အနုပညာရှင်တွေဟာ လူတွေရဲ့ခင်ပွန်းကောင်းကြီးတွေ ဖြစ်ကြတယ်ဆိုတာကို တွေးဆရေးပြထားတာပါ။ 

အဠမမြောက်ဆောင်းပါး #သူတို့ဝေဖန်ရေး က ဆရာ မောင်စွမ်းရည်နဲ့ ဆရာ နေသွေးနီတို့ဟာ ဝေဖန်ရေးဆောင်းပါးတွေအပေါ် စာပေသဘောတရားဝေဖန်ရေးသက်သက် ပြန်လည်မချဉ်းကပ်ဘဲ ပုဂ္ဂိုလ်ရေးပရောဂတွေ ထည့်သွင်းတုံ့ပြန်တတ်ပုံတွေကို ထောက်ပြဝေဖန်ထားတာပါ။ 

နဝမမြောက်ဆောင်းပါး #မင်းသုဝဏ်၏ သူ့မှာတမ်း က သူ့မှာတမ်းကဗျာဟာ ကြေကွဲဝမ်းနည်းဖွယ်ကဗျာဖြစ်ပေမယ့် စိတ်အားမငယ်စေဘဲ သတ္တိကိုဖြစ်စေကြောင်း၊ မျက်ရည်နဲ့ အဆုံးသတ်ရတဲ့ကဗျာဖြစ်ပေမယ့် အဲဒီမျက်ရည်ဟာ အားမာန်ကိုဖြစ်စေတဲ့မျက်ရည်ဖြစ်ကြောင်း စတာတွေကို ခံစားရေးပြထားတာပါ။

ဒဿမမြောက်ဆောင်းပါး #ကြည်အေး၏ သစ္စာသစ် က ကြည်အေးရဲ့ကဗျာတွေဟာ ဆန်းသစ်လတ်ဆတ်ကြောင်း၊ ချိုအေးပြီး သွက်လက်ကြောင်း၊ အတွေးအမြင်မှာ ရိုးရိုးသားသားနဲ့ ဝံ့ဝံ့စားစားရှိကြောင်း၊ တချို့ကဗျာတွေဟာ လျှုိ့ဝှက်လွန်းကြောင်း၊ အရိပ်ကို လိုက်ဖမ်းနေရသကဲ့သို့ ဇဝေဇဝါ ဖြစ်ကျန်ခဲ့ရကြောင်း စတာတွေ ရှင်းပြပြီး ထူးထူးခြားခြား နှစ်သက်မိတဲ့ သစ္စာသစ် ကဗျာကို ခံစားပြထားတာပါ။ ( ဒီဆောင်းပါးကိုအခြေခံပြီး ၁၉၈၉ ခုနှစ်၊ ဧပြီလထုတ် ရုပ်ရှင်အမြုတေ မဂ္ဂဇင်းမှာ ဆရာ မောင်သာချိုက #ဆရာအောင်သင်းအတွက်_တောစံပယ်ပွင့်များ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ မုံရွေးတိုက်ထုတ် ' ပင်လယ်ဝသို့ လေှကလေးနှင့် ထွက်ခဲ့စဉ်က ' (ဖေဖော်ဝါရီ၊ ၂၀၀၁) ဆိုတဲ့ ဆရာ မောင်သာချိုရဲ့စာအုပ်မှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကို စိတ်ဝင်စားသူရှိရင် ကျွန်တော် အညွွန်းတင်ပေးပါဦးမယ်။ )

နောက်ဆုံးဆောင်းပါး #ဇော်ဂျီတွေးပုံရေးပုံ က ဆောင်းပါးခေါင်းစဉ်အတိုင်း ဆရာ ဇော်ဂျီရဲ့ တွေးပုံနဲ့ ရေးပုံကို ချဉ်းကပ်လေ့လာပြပြီး အတုယူစရာတွေကို ထုတ်နွုတ်ပြထားတာပါ။ အထူးသဖြင့် ဆရာ ဇော်ဂျီရဲ့ဆောင်းပါးတွေဟာ ဖွဲ့စည်းပုံ အားကောင်းပြီး ယုတ္တိကွင်းဆက် ထင်ရှားသိလွယ်ဖြစ်တာကို ဖော်ပြထားတာပါ။ တန်ဖိုးအရှိဆုံးအချက်ကတော့ ဇော်ဂျီဟာ #သူ့ကိုယ်သူတွေ့အောင်_ရှာသည် ဆိုတဲ့အချက်ပါတဲ့။ 

#လူသာမန်
17.2.2016; 9:40 pm


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကျွန်တော့် ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

မြန်မာ့ရိုးရာ ကျေးလက် မြန်မာမှု ဓလေ့များ အတွဲ (၁+၂)

. ဆင်ဖြူကျွန်းအောင်သိန်း
Book Review Image

ဟော့ဂ်ဝပ်မှော်ကျောင်းတော်၏ စာကြည့်တိုက်မှတ်တမ်း

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

လိုင်​း​နောင်​နာဂပုံပြင်​များ

လူထုဦးလှ
Book Review Image

ဝေဖန်ရေးနဲ့_ကျွန်တော် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဆယ့်နှစ်လရာသီ

မောင်ခင်မင်(ဓနုဖြု)
Book Review Image

ကျောင်းဆရာ မှတ်တမ်း

တင်ညွှန့်
Book Review Image

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ၊

ဝင်းငြိမ်း
Book Review Image

ဘာသာစကားစစ်တမ်း

​မောင်​ထင်​
Book Review Image

စည်းနဲ့ကမ်းနဲ့မြန်မာစာ

ဒေါက်တာထွန်းတင့်
Book Review Image

စာစီစာကုံး ရေးရအောင် (သို့) စာစီစာကုံးစာအုပ်ထက် ပိုသော စာအုပ်တစ်အုပ်

မြန်မာစာပြဆရာမတစ်ဦး