#နူးညံ့သိမ်မွေ့သလောက်စွမ်းပကားကြီးတဲ့အချစ်တွေအကြောင်း
(သို့မဟုတ်)
#ထိမ်းမြားမင်္ဂလာ
#တင်မောင်မြင့် (ဘာသာပြန်) ပထမအကြိမ် အသစ်စက်စက်
THE WEDDING BY NICHOLAS SPARKS
တန်ဖိုး - ၆၀၀၀ ကျပ်
စာမျက်နှာ - ၃၀၉
အရွယ်အစား - ၁၂.၅×၁၈.၅ စင်တီ
#လင်းလွန်းခင်စာပေတိုက်မှဖြန့်ချိသည်
ဆရာတင်မောင်မြင့် ဘာသာပြန်ပြီး လင်းလွန်းခင် စာပေတိုက်က ထုတ်ဝေတဲ့ ထိမ်းမြားမင်္ဂလာ ဘာသာပြန် စာအုပ်ခံစားမှု။
ရဲသျှမ်း
ကြယ်တွေကိုမော့ကြည့်ရင်း အတိတ်ကိုပါ မျှော်ကြည့်မိတယ်။ ကြယ်စုတွေ ဒီလို လင်းလက်နေတာ ကမ္ဘာဦးကတည်းကပါ။ နောက်ထပ် ကြယ်စု တစ်ခုခုများ ပေါ်လာမလားလို့ ကျွန်တော်စောင့်တယ်။ ဘဝရဲ့ အနက်ရှိုင်းဆုံး ပဟေဠိကာရန်တွေကို ကဗျာဆရာတွေ ရှာသလိုပေါ့။ ဒါပေမဲ့ ကျွန်တော် ဘာမှ မတွေ့ပါဘူး......ဆိုတဲ့ အရေးအသားတွေနဲ့ ဆွဲဆောင်ပြီး စကားပြောတွေ ၊ အတွေးတွေ ရဲ့ တစ်ကြောင်းချင်း၊ စကားလုံး တစ်လုံးချင်းကအစ ရင်ထဲ ရောက်စေတဲ့ ဘာသာပြန် ဝတ္ထုတစ်အုပ် သည်ရက်ပိုင်း ဖတ်ဖြစ်ပါတယ်။
လက်ရှိ အခြေအနေကနေ အတိတ်ကို ရောက်သွားလိုက်၊ လက်ရှိအခြေအနေ ပြန်ရောက် သွားလိုက်နဲ့ အချစ်၊ သံယောဇဉ် အကြောင်းကို ညက်နေအောင် ရေးထားတဲ့ ဆရာတင်မောင်မြင့် ဘာသာပြန် ထိမ်းမြားလက်ထပ် မင်္ဂလာ ဆိုတဲ့ စာအုပ်ပါ။ မူရင်းစာရေးဆရာ Nicholas Spark က bestseller စာရေးဆရာဖြစ်ပြီး The Wedding ကရောင်းအကုန်းဆုံး နံပတ် ၁ ဖြစ်ပါတယ်။
ဇာတ်လမ်းကို ရေးဖွဲ့ထားတဲ့ ဝတ္ထု မဟုတ်ပါဘူး။ လူးဝစ်နဲ့ ဂျိန်း တို့ရဲ့ မင်္ဂလာ နှစ် ၃၀ပြည့်မှာ သူတို့သမီး အင်နာကလည်း မင်္ဂလာရက် သတ်မှတ်လိုက်ပါတယ်။ ဘာလို့ အဲသည်ရက်ကို တိုက်ဆိုင်စွာ သတ်မှတ်လိုက်ပါသလဲ....။
လူးဝစ် က ပြီးခဲ့တဲ့ ၂၉နှစ်ပြည့်မင်္ဂလာ နှစ်ပတ်လည်ကို မေ့သွားခဲ့ရာမှာ ဂျိမ်း ရဲ့ ဆောက်တည်ရာမဲ့ ခံစားမှုတွေ၊ အလုပ်တွေပိပြီး အမှတ်တရ ရက်ကို မေ့သွားမိတဲ့ လူးဝစ်ရဲ့ ခံစားမှုတွေ။ သူတို့ ဟိုး နှစ် ၃၀ က အခြေအနေကို လှပစွာ ဖန်တီး ပြပေးသွားတာကတော့ ဂျိမ်းရဲ့ ဖခင်ကြီး နိုဝါပါပဲ။ ဇနီးသည်ကို လွမ်းဆွတ်စိတ်နဲ့ ရေကန်ဘေး မှာ ငေး၊ဆွေးနေသူ နိုဝါရဲ့ အဖော်မွန်ကတော့ ရေထဲမှာ ကူးခပ်နေတဲ့ ငန်းကြီးပါပဲ..။ ငန်းနဲ့ လူ သံယောဇဉ် ကလည်း လူသား လိုပါပဲလား။ အလွန်လှတဲ့ ဆက်နွယ်မှုကို စာရေးဆရာက ရက်ဖောက်သွားတာလို့ မြင်မိပါတယ်။
သမီးမင်္ဂလာဆောင်နေ့ဟာ လူးဝစ်ရဲ့ suprise တွေနဲ့ ရင်ခုန်စရာ ကောင်းလှပါတယ်။
သက်ဆုံးတိုင် ဆိုတဲ့ ချစ်ခြင်း ကို လှပ၊ ညက်ညောစွာ ရေးထားတဲ့ မူရင်းကို ဆရာတင်မောင်မြင့်ကလည်း ငယ်မူသွေး ပြန်နေသလို စိတ်လှုပ်ရှားအောင် ပြန်ဆိုထားတဲ့ မေတ္တာဖွဲ့ ၊ ချစ်ခြင်းဖွဲ့၊ သံယောဇဉ်ဖွဲ့၊ သစ္စာဖွဲ့ The Wedding ကို ဖတ်ကြည့်ရင် အကြည်ဓာတ်ဆိုတာ ဒါပါလား လို့ ရသွားမှာပါ။
ရဲသျှမ်း
၅ ဧပြီ ၂၀၂၂
Publisher Name: လင်းလွန်းခင်စာအုပ်တိုက်
Publisher Phone Number: 01 293401, 09 220 1730