Book Image

နားစွင့်ကြားဟန်ရင်ခုန်သံ

သင့်လူ

#နားစွင့်ကြားဟန်ရင်ခုန်သံ

#သင့်လူ 
ကံကော်ဝတ်ရည်စာအုပ်တိုက်
တန်ဖိုး - ၃၆၀၀ ကျပ်

Line Walker 2 အပြီးမှာ နောက်ထပ် 
မြန်မာပြည်မှာ လာရိုက်ဦးမယ့်
ရုပ်ရှင်ရဲ့ ဝတ္ထု 
ဆရာသင့်လူမြန်မာပြန်စာအုပ်ပါ။
ဒီတစ်ခါတော့ မြန်မာ သရုပ်ဆောင်တွေကို အဓိကထား ရိုက်ကူးမှာ ဖြစ်ပါတယ်။
မြန်မာပြည် နောက်ခံ ဇာတ်လမ်း တစ်ပုဒ်ပါ။
Casting ခေါ်ထားတဲ့ Heartbeats ရဲ့
မြန်မာပြန်စာအုပ်လေးပါ။
 နားစွင့်ကြားဟန်ရင်ခုန်သံ ကို ဂျာမန် စာရေးဆရာ Jan-Phillip Sendker က မြန်မာပြည် ကို နောက်ခံထားပြီး ကြည်နှုးစရာ ၊ လွမ်းမောစရာ အချစ်အကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ ။ 




နယူးယောက်မှာနေထိုင်တဲ့ နာမည်ကျော်ရှေ့နေ့ကြီးဦးဘဝင်း ရုတ်တရတ်ပျောက်ဆုံးသွားပြီး နှစ်အတော်ကြာမှာ သမီး ဖြစ်သူ ဂျူလီယာ၀င်းက အဖေ ကြီးပြင်းခဲ့တယ်ဆိုတဲ့ ရှမ်းပြည်နယ်က ကလောမြို့လေးကိုရောက်လာခဲ့တယ်။
ဖခင်ကို ရှာဖွေရန် ဖခင်၏ ဇာတိမြေ မြန်မာပြည်သို့ ရောက်ရှိလာပြီး အဘိုးကြီး တစ်ဦးနှင့်တွေ့ဆုံကာအတိတ်ဆီသို့ ပြန်လည်ဆွဲခေါ်ခံခဲ့ရ သည့် ဇာတ်လမ်းမျိုးပဲ ဖြစ်ပါတယ်။
 အဖေရဲ့ နာကျင်ခဲ့ရတဲ့ အတိတ်တွေ ၊ ပျော်ရွှင်ခဲ့ရတဲ့ အတိတ်တွေကို တဖြည်းဖြည်းချင်း သမီးတစ်ယောက်အနေနဲ့ သိရတော့ သူတို့ကို ထားပြီး မြန်မာပြည်ပြန်လာတဲ့ အဖေ့ကို နားလည်သွားတယ် ။ 

 လူ့ နှလုံးသားဟာ သူတို့ရဲ့ စိတ်နေစိတ်ထား နဲ့ ခံစားချက်တွေ နဲ့ လိုက်လျောညီထွေ ရှိကြတယ်တဲ့။မိမိဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့မောင်တင်ဝင်း ရုတ်တရတ် ဆုံစည်းတဲ့အချိန် အဲ့ကောင်မလေးရဲ့ ရင်ခုန်သံစည်းချက်ကို ကြားပြီးကတည်းက သူအဲ့ကောင်မလေးကို သေသည့်တိုင် ချစ်မိသွားခဲ့တယ်။ အဲ့ဒီမိန်းကလေးရဲ့ မျက်၀န်းလေးကနေတဆင့် ကမ္ဘာကြီးကို ရှာတွေ့ခဲ့တယ် တဲ့ ။ တစ်ယောက်က မျက်စိမမြင် ၊ တစ်ယောက် က ခြေထောက်မသန်စွမ်း ၊ ဒါပေမဲ့လည်း တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာက နက်ရှိုင်းလွန်းတော့ အဲ့ဒီမိန်းကလေးနဲ့လူချင်း နှစ်ပေါင်း ငါးဆယ်ကျော်ဝေးကွာခဲ့ပြီးမှ ဒီမိန်းကလေးဆီကို ပြန်လာခဲ့တဲ့ အထိပေါ့ ။"တင်၀င်း"နှင့်"မိမိ"တို့ နှစ်ဦး၏ အပြန်အလှန်ပေးစာများ၊ 
သူတို့နှစ်ဦး၏ စည်းချက်ညီ ရင်ခုန်သံတွေအကြောင်း၊ သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာ အကြောင်းေ၇းဖွဲ့ထားတာ သိပ်ကိုလှပလွန်းပါတယ် ။ 

မူရင်းစာရေးဆရာက ဤ၀တ္ထု၂အုပ်(နားစွင့်ကြားဟန်ရင်ခုန်သံ+နူးညံ့စိတ်ထားနှလုံးသား)ကို အချိန်၁၀ နှစ်ခန့် ယူပြီး ရေးခဲ့ရသည် ဆိုပါသည်။ 

#CSG


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

လူရွေးပွဲ

သင့်လူ
Book Review Image

သိမ်​းငှက်​လူသား

ကျော်စွာ (ဆေး ၂)
Book Review Image

ကာရာမာဇော့ညီအကိုများ

နတ်နွယ်
Book Review Image

ခွေးသတို့သား

ဉာဏ်သစ်
Book Review Image

ရေမွှေး

လင်းခန့်
Book Review Image

နူးညံ့စိတ်ထားနှလုံးသား

သင့်လူ
Book Review Image

မားဆိုးအားစုံစမ်းစစ်ဆေးခြင်း

နေသန်
Book Review Image

သွားပါများ၍ ခရီးရောက်ခဲ့သူ

စည်​သူ​ကျော်​
Book Review Image

မဒမ်ဗိုဗာရီ

ကျော်လှိုင်ဦး
Book Review Image

လပ်ဇပ်ကား နှင့် သံလွင်ပင်

မောင်စူးစမ်း
Book Review Image

ကြေးစား

မောင်မိုးသူ
Book Review Image

အာဃာတ

စိုးသိဏ်း
Book Review Image

အရှေ့တို့ရဲ့အရှေ့

အေးဆောင်
Book Review Image

မိတဆိုး

မိုးမင်းသိမ်း
Book Review Image

မီဆိုဟင်းချို

သင့်လူ
Book Review Image

မျော်​လင်​့ခြင်​းဖတ်​စာ

ချမ်းမြေ့ဝင်း
Book Review Image

ထီပေါက်သူ

ဖိုးနိုင်လင်း
Book Review Image

ရိုးလ်ဒါးလ်၏ ငယ်ဘဝပုံပြင်များ

ဒေါက်တာဇော်သန်း
Book Review Image

ရတနာနတ်မယ် သို့မဟုတ် တခါတုန်းက သမ္မတကတော်

သန်းဝင်းလှိုင်