စာရေးသူ Harold Robins
(ဟာရိုးရောဘင် ) က သရုပ်မှန်ရေးသူမဟုတ်၊
ဂန္တဝင်စာရေးဆရာမဟုတ်ပါဘူး။
ဒါပေမဲ့ ဒီနေ့ မျက်မှောက်ကာလထိ
နိုင်ငံတကာမှာ
ရောင်းအားအကောင်းဆုံးစာရေးဆရာ
အဖြစ်ရပ်တည်နေပါသေးတယ်။
သူ့ရဲ့ စာတွေမှာ ဇာတ်ကောင်တွေကို
လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့
လိင် ၊ ငွေ ၊ အာဏာ ၊ ရုန်းကန်တိုက်ခိုက်မူ့ ၊
အောင်မြင်မူ့ ၊ ကျဆုံးရူံးမူ့ ၊ ကောက်ကျစ်မူ့တို့နဲ့ ပုံဖေါ်ထားတယ်။
ဇာတ်ကြောင်းရေးတယ်။
ဒါကြောင့် သူ့ရဲ့စာတွေက ဖတ်ရတာ
သိပ်သဘာဝကျတယ်။
သက်ဆိုင်ရာလောကတို့ရဲ့
သရုပ်ကိုပေါ်လွင်လှတယ်။
ဒီတော့ သူအောင်မြင်တယ်။
****
ဟာရိုးရော်ဘင်ကို ၁၉၁၆ မေလ၁၂ရက်နေ့မှာ
မိဘမဲ့ဂေဟာတခုမှာမွေးဖွားခဲ့တယ်။
နောက်ပိုင်းသူ့ကို
ဂျူးမိသားတစုရဲ့ မွေးစားခြင်းခံရပြီး
အသက်၁၆နှစ်အရွယ်မှာ သူအိမ်ကထွက်ပြေးပြီး ဘဝမျိုးစုံကို ကျင်လည်ခဲ့ရတယ်။
၁၉၄၈ သူ့အသက်၃၂နှစ်မှာ ပထမဆုံးစာအုပ်
Never Love a Stranger
( ပိုးထိသော်မြွေပွေးများ -အထောက်တော်လှအောင် )အမည်ရှိ့
ဒုစရိုက်လောကနောက်ခံဇာတ်လမ်းတပုဒ်ကို
စတင်ရေးသားပြီးတော့
စာပေလောကထဲဝင်ခဲ့တယ်။
ဒုတိယအုပ်အနေနှင့်Dream Merchant
(အိမ်မက်ကုန်သည်- မောင်မိုးသူ ) ယခုစာအုပ်ကိုရေးသားခဲ့ပြီးနောက်သူဟာ အောင်မြင်ကျော်ကြားလာခဲ့တယ်။
********
လက်ထဲက မချချင်အောင်ကို ကောင်းတဲ့စာအုပ်လို့ပြောတာကို မကြာခဏကြားဖူးပါတယ်။
လက်ထဲကနေ ခဏ ခဏ ချထားရအောင်ကို
ကောင်းတဲ့စာအုပ်လို့ ပြောရင်ရီကြမလားပဲ။
ဆရာ မောင်မိုးသူရဲ့ "အိမ်မက်ကုန်သည်"
စာအုပ်ကတော့
လက်ထဲကနေ ခဏ ခဏချထားရအောင်ကို
ကောင်းတဲ့ စာအုပ်လို့ ညွန်းဆိုပါရစေ။
ဘာလို့လည်းဆိုတော့
မြန်မြန်ဖတ်ရင် မြန်မြန်ပြီးသွားမှာစိုးလို့ပေါ့ဗျာ။
အိမ်မက်ကုန်သည်စာအုပ်က
စာအုပ်အဟောင်းစျေးကွက်ထဲမှာတောင်
တော်တော်ရှာရခက်နေပြီ။
မကြာခင်ကာလက အသစ်ပြန်ထွက်လာတော့
ဝမ်းသာမိတယ်။
ဒါကြောင့့်လည်း စာညွန်းကိုရေးဖြစ်သွားပါတယ်။
ဇာတ်လမ်းရဲ့အဓိက နောက်ခံကျောရိုးကတော့
အမေရိကန်ရုပ်ရှင်လောကရဲ့နှစ်ဦးပိုင်း
ရုပ်ရှင်ပေါ်ဦးစကာလက အကြောင်းကို
ရေးဖွဲ့ထားတာပါ။
ဒါကိုဆရာမောင်မိုးသူက" အိမ်မက်ကုန်သည်"
အမည်နဲ့ဘာသာပြန်ထားပါတယ်။
အကြောင်းသင့်လို့ပြောရရင်
Harold Robins က ရုပ်ရှင်လောကအကြောင်းက်ို
အပိုင်းသုံးပိုင်းခွဲပြီး စာအုပ်သုံးအုပ်ရေးခဲ့ပါတယ်။
*ရုပ်ရှင်ခေတ်ဦး Dream Merchant
(မောင်မိုးသူ -အိမ်မက်ကုန်သည်။)
*အလယ်ခေတ် The Carpet-bagger
(အထောက်တော်လှအောင် -ရှစ်စပ်ကဂျင်ခြေလည်သူ)
*မျက်မှောက်ရုပ်ရှင်ခေတ်The Inheritors
(အထောက်တော်လှအောင်-ရာဇာ့ ရာဇာ)
ဆိုပြီးသုံးအုပ်ရေးခဲ့တယ်။
သုံးအုပ်ဆိုပေမဲ့ အဆက်အနေနဲ့မဟုတ်ပါဘူး။
တအုပ်နဲ့တအုပ်က ဇာတ်လမ်း ဇာတ်ကောင်တွေ မတူကြပါဘူး။
တအုပ်စီလည်းဖတ်လို့ရပါတယ် ။
ဆက်စပ်နေတာကတော့ ရုပ်ရှင်လောကနဲ့
ရုပ်ရှင်လောကသားတွေရဲ့အကြောင်းပါပဲ။
အကြောင်းသင့်လို့တွေ့မိရင် ဆက်စပ်မိအောင်ပါ။
ဆရာမောင်မိုးသူက မူရင်းစာအုပ်ကြီးက
ထူလွန်းတာကြောင့် ထိုက်တန်သလောက်
ခြုံငုံပြီးပြန်ထားပါတယ်လို့ ရေးသားထားပါတယ်။
အကျဉ်းချုံ့ပြီးပြန်တာတောင်
ဒီလောက်ကောင်းမှတော့
မခြုံငုံပြဲပန်ရင်ဘယ်လောက်များ
ကောင်းလိုက်မလည်းလို့ တွေးမိတယ်
ပြည့်ပြည့်စုံစုံအထူကြီးကို အားပါးတရဖတ်ချင်မိတယ်။
***
နယ်လှည့်ဖျော်ဖြေရေးအဖွဲ့နဲ့ လိုက်နေတဲ့ဂျော်နီ
တိုးတက်ရာကြီးပွားကြောင်း ရှာချင်တာနဲ့
စုမိတဲ့ငွေလေးဒေါ်လာ ၅၀၀နဲ့
ရိုချက်စတာမြို့လေးကိုရောက်ခဲ့တယ် ။
ပီတာ့ဆီမှာအခန်းဌားပြီး အရိပ်ပြစက်လေးတွေဖွင့့်ခဲ့တာမအောင်မြင် ၊နောက်ဆုံးအကြွေးတွေပိရာကနေမဆပ်နိုင်တော့ မြို့လေးကနေထွက်ပြေးခဲ့ရတယ်။
ဖြစ်ချင်တော့ သူမှာထားတဲ့ ရုပ်ရှင်ပြစက်က
အဲ့ဒီနေ့မှာပဲ ရောက်လာတယ်။
ဂျော်နီထွက်ပြေးသွားမှန်းမသိတော့
အိမ်ရှင်ပီတာကပဲ စက်တွေကို
လက်ခံထားလိုက်ရတယ်။
နောက်တော့ စက်အရောင်းကိုယ်စာလှယ်
ဂျိုးရောက်လာပြီး ပီတာကိုအမျိုးမျိုးစည်းရုံးပြီး
ရုပ်ရှင်ရုံတည်ဖို့ပြောတယ် ။
ဒါနဲ့ ရုပ်ရှင်ရုံလေးလုပ်ဖို့ဖြစ်လာတယ်။
ပီတာကသစ္စာရှိ့တယ်။
ဒီရုပ်ရှင်လုပ်ငန်းလုပ်ဖို့ စခဲ့တဲ့ဂျော်နီကို
ပြန်ခေါ်တယ်။ လစာပေးတယ်
ရှယ်ယာ၁၀ရာခိုင်နူန်းလည်းပေးတယ်။
တိုတိုပြောရရင် ဂျော်နီရဲ့အကွက်မြင်
ကျိုးစားလုပ်ဆောင်မူ့ကြောင့့်သူတို့ရဲ့
ရုပ်ရှင်လုပ်ငန်းဟာ အောင်မြင်လာတယ်။
ခက်တာက သူတို့နဲ့စာချုပ်ချုပ်ထားတဲ့ကုမ္မဏီက
ဇာတ်လမ်းတိုလေးတပိုဒ်ကို သုံးပတ်မှတခါပဲ
လဲပေးတယ်။
တပတ်ကျော်ရင် ရုပ်ရှင်ရုံမှာကလူမရှိ့တော့ဘူး။
ဒီတော့ ဂျော်နီ ကိုယ်ပိုင်ရုပ်ရှင်ရိုက်ချင်လာပြီ။
ပီတာကမအောင်မြင်မှာကြောက်တယ်။
သူ့မှာစီးပွားရေးသမားသွေးမရှိ့ဘူး။
အရူံးမခံချင်ဘူး။
ဒီအချိန်မှာကိုယ်စားလှယ် ဂျိုးက
သူ့ကုမ္မဏီမှာ ရုပ်ရှင်ဒါရိုက်တာဖြစ်နေပြီ။
သူကလည်းကိုယ်ပိုင်ရိုက်ချင်နေပြီ။
နောက်ဆုံးသူတိ့ု ရုပ်ရှင်ရုံကို သူတို့မိတ်ဆွေ
မုန့်ဆိုင်ပိုင်ရှင် ဂျော့ ကိုရောင်းပြီး
ကိုယ်ပိုင်ရုပ်ရှင်ရိုက်ဖို့ ဖြန်ချီရေးလုပ်ဖို့
နယူးယောက်မြို့ကိုအုပ်စုလိုက်ကြီး
ပြောင်းရွှေ့လာကြတယ်။
သူတို့ အောင်မြင်တယ် ။
ချမ်းသာကြွယ်ဝလာကြတယ်။
ပျော်ရွှင်ကြတယ်။
မပျော်တာကတော့ ဂျော်နီတယောက်ပဲ။
ဘာလို့လည်း
သူတို့ပင်ပင်ပန်းပန်းလုပ်သမျှ ရိုက်သမျှကို
စုပေါင်းကုမ္မဏီက မူပိုင်ယူထားပြီး
လက်ဝါးကြီးအုပ်ချုပ်တယ်။
အညွန့်ခူးစားတာခံရတယ်။
မတရားလုပ်ခံနေရတယ်။
သူတို့မှာအပိုင်းပိုင်းခွဲပြီးကြည့်နေရတဲ့
ဇာတ်လမ်းတိုလေးတွေကိုပဲရိုက်ခွင့်ရတယ်။
ဂျော်နီကစုပေါင်းကုမ္မဏီကို ပြန်တိုက်ချင်ပြီ။
ဇာတ်လမ်းကို ကားရှည်တကားတည်းရိုက်ချင်တယ်။
ပီတာကတော့ ထုံးစံအတိုင်းကြောက်နေပြန်ပြီ။
ရထားတာလေးတွေကို ဆုံးရှူံးသွားမှာကြောက်တယ်။
စုပေါင်းက ရုပ်ရှင်လိုင်စင်သိမ်းခံရမှာကိုကြောက်တယ်။
နောက်ဆုံးဂျော်နီရဲ့အစွမ်းနဲ့
နာမည်ကြီးပြဇာတ်မင်းသား ဝါရင်ကလက်ကို
ရအောင်ဌား ၊နာမည်ကြီးဇာတ်လမ်းဇာတ်ထုတ်ကို
ရအောင်ဝယ် လုပ်တော့မှပီတာကသဘောတူတယ်။
မီးစိမ်းပြတယ်။
အားလုံးအဆင်ပြေတော့ စုပေါင်းကုမ္မဏီက
သူတို့အကြောင်းသိပြီး ပီတာကို
စာချုပ်ဖောက်ဖျက်မူ့နဲ့ဖမ်းဝရမ်းဖွင့်ပြီး
တရားစွဲဖို့ပြင်ဆင်တယ်။
သူတိ့ုအဖွဲ့တွေ ရှိ့သမျှပစ္စည်းတွေကို
ရထားပေါ်တင်ပြီး
ဂျော်နီရဲ့မွေးစားဖခင်ရှိ့တဲ့
ကာလီဖိုးနီးယားက ဟောလီးဝုဒ် ခြံကြီးကို
ရုပ်ရှင်ရိုက်ဖို့ အုပ်စုလိုက်ကြီးထွက်ပြေးကြတယ်။
မင်းသားမပါဇာတ်ညွန်းမပါနဲ့ပေါ့။
(ပျော်စရာကြီးဗျာ????)
(ဒီနေရာမှာရီစရာတခုအနေနဲ့ပြောရရင်၊
မှန်၏မှား၏တော့မသိဘူးပေါ့။
ကိုယ်လည်း ဟောလီးဝုဒ်သမိုင်းအကြောင်းမသိတော့။)
ဂျော်နီရဲ့လူလည်ကျမူ့နဲ့ကာလီဖိုးနီးယားမှာ
ဟောလီးဝုဒ်ဆိုတဲ့ရုပ်ရှင်မြို့တော်ကြီး
ပေါ်ပေါက်လာရတဲ့ အကြောင်းပါ။
ဂျော်နီရဲ့လုပ်ပေါက်က
ရီစရာတော်တော်ကောင်းလွန်းလို့
စာဖတ်ရင်အရသာမပျက်အောင်
ထည့်မရေးတော့ပါဘူး။
တိုတိုပြောရရင် နောက်ဆုံးမှာ
သူတို့ အဲ့ဒီရုပ်ရှင်ကို အကြောင်းပြု ပြီး
တဖွဲ့လုံး အောင်မြင်ချမ်းသာသွားကြတယ်။
ပီတာက မဂ္ဂနမ်ရုပ်ရှင်ကုမ္မဏီရဲ့ပိုင်ရှင်ဖြစ်လာတယ်။
ဂျော်နီက ကုမ္မဏီရဲ့မန်နေဂျင်းဒါရိုက်တာ၊
ဂျော့ကရုပ်ရှင်ရုံပေါင်းများစွာရဲ့ပိုင်ရှင်၊
ဂျိုး ကဒါရိုက်တာနဲ့ထုတ်ဝေသူ၊
ဒီနေရာထိက
ဝတ္ထုရဲ့ဇာတ်လမ်းတဝက်လောက်ပဲရှိ့သေးတယ်။
နောက်ပိုင်းမှာမှ
ရုပ်ရှင်လောကရဲ့ အရုပ်တော်ပုံ၊
ညစ်ပတ်မူ့ ၊ တယောက်နဲ့တယောက်
အပြန်အလှန်ဂျောက်တွန်းကလိန်ကျမူ့တွေ၊
ရုပ်ရှင်လောကရဲ့လိင်အရှူုပ်တော်ပုံတို့ကို
ဟာရိုးရော်ဘင်ရဲ့ထုံးစံအတိုင်း
ကွက်ကွက်ကွင်းကွင်းကြီးကို
ရေးသားထားတာ ဖတ်ကြရမှာပါ။
သို့သော်လည်း ပေါ့လေ.....
ပီတာ ၊ ဂျော်နီ ၊ ဂျော့၊ ဂျိုး တို့ရဲ့တဦးပေါ်တဦးမေတ္တာထားမူ့ ၊သစ္စာရှိ့မူ့တွေနဲ့
သူတိ့ုနဲ့ပတ်သက်ရာတွေဖြစ်တဲ့
မိသားစုဝင်လေးတွေ
ဒေါ်ရစ် ၊အက်စတာ ၊ ဂျင်နီတို့
အကြောင်းလေးတွေကိုပါဖတ်ရလိုက်တော့လည်း
ဘယ်နေရာ ဘယ်ဒေသဖြစ်ဖြစ်လူဆိုးလူညစ်တွေပဲရှိ့တာမဟုတ်ပါဘူးလေ၊
လူကောင်းသူကောင်း တွေလည်း
ရှိ့ကြပါလားလို့တွေးမိရင်း.....
သားကြီး( မိုးကုတ်)
၁၉.၆.၂၀၁၈
(ဖတ်ကြည့်ပါ.....
အမေရိကန်ရုပ်ရှင်သမိုင်း ၊
ဟောလီးဝုဒ် ရုပ်ရှင်လောကသားတွေ
အကြောင်းကို ထဲထဲဝင်ဝင်ဖွင့်ချပြီး ရေးသားထားတဲ့
စာအုပ်ကောင်းလေးပါ။)