အသစ်ထွက်တဲ့ကလေးစာအုပ်လေးပါ
#မြေဖြူခဲပန်းချီဆရာလေး
-အရင်ကလေးစာအုပ်လေးတွေအုပ်သုံးဆယ်ကျော်လောက်ဘာသာပြန်ခဲ့တုန်းက
"လင်းသုအိမ်"ဆိုတဲ့ကလောင်နာမည်ခွဲတစ်ခုကျနော်သုံးခဲ့ပါတယ်။ဒီစာအုပ်လေးထုတ်မယ်ဆိုတော့ဇာတ်လမ်းလေးကိုသဘောကျမိတာကော/စာများများနဲ့ပုံနည်းနည်း(စာမျက်နှာ၇ဝလောက်မှာခဲပန်းချီသရုပ်ဖော်ပုံလေးတွေပါပါတယ်)စာအုပ်ဖြစ်တာတစ်ကြောင်းကြောင့်ပါ"လင်းထိုက်"ကလောင်နဲ့ပဲထုတ်ဝေလိုက်ပါတယ်။
စာနဒီစာပေကထုတ်ဝေပြီးတန်ဖိုးကတော့တစ်ထောင်(1000)ကျပ်ပါ။
-အိမ်အသစ်ကျောင်းအသစ်နဲ့သူငယ်ချင်းအသစ်တွေကြားမှာအသားမကျပဲအထီးကျန်လေးနေနေရတဲ့ပန်းချီဆွဲတော်တဲ့၉နှစ်သားကောင်လေးတစ်ယောက်
-သူအားတဲ့အချိန်တိုင်းသူ့အိမ်အနောက်ဖက်ကမီးလောင်ထားတဲ့မြေဖြူခဲစက်ရုံပျက်ကြီးဆီသူသွားပြီ။မီးလောင်ထားတော့နံရံတွေကမည်းတူးနေတာပေါ့။အဲ့နံရံမည်းမည်းကြီးသုံးဖက်သုံးတန်မှာမီးမလောင်ပဲကျန်ရစ်ခဲ့တဲ့မြေဖြူခဲတွေနဲ့သူပန်းချီဆွဲတော့တာပဲ။ပန်းချီဟာသူ့အတွက်တော့အကောင်းဆုံးအဖော်မွန်အကောင်းဆုံးစိတ်ဖြေရာလေးပဲ။
-ကျောင်းမှာကလဲသူ့ကိုနားလည်သူဆိုလို့နှင်းနှင်းဆိုတဲ့ကောင်မလေးတစ်ယောက်ပဲရှိတယ်။နှင်းနှင်းကကျောင်းမှာပန်းချီပထမဆုအမြဲရတဲ့ကောင်မလေးတစ်ယောက်ပေါ့။(သူရတဲ့ဆုသေတ္တာလေးကို"သူနဲ့မထိုက်တန်ပါဘူး။"ဆိုပြီးကောင်လေးကိုတစ်တန်းလုံးရှေ့မှာသွားပေးတဲ့အခန်းကတော့ကလေးဘဝရိုမန်တစ်လေးလို့ပဲဆိုရမလား။)တကယ်လဲကောင်းကောင်းကနှင်းနှင်းထက်ပန်းချီပိုတော်နေတာကိုနှင်းနှင်းကလွဲရင်ဆရာမတွေကောတစ်တန်းလုံးကပါမသိကြပါဘူး။နှင်းနှင်းတစ်ယောက်သာကောင်းကောင်းရဲ့မြေဖြူခဲစက်ရုံနံရံပေါ်ကမြေဖြူခဲနဲ့ဆွဲထားတဲ့ပန်းချီတွေကိုတွေ့ဖူးခဲ့တာကိုး။
-စက်ရုံပျက်နံရံမည်းမည်းကြီးပေါ်မှာမြေဖြူခဲပန်းချီနဲ့ဥယျာဉ်အကြီးကြီးတစ်ခုကိုကောင်းကောင်းကဖန်တီးရေးဆွဲခဲ့တယ်လေ။ဆွဲဖြစ်ရပုံအကြောင်းကလဲစိတ်ဝင်စားစရာ။ကျောင်းမှာအတန်းသားတိုင်းကိုမျိုးစေ့လေးတွေပေးပြီးအိမ်မှာဥယျာဉ်လေးတွေဖန်တီးကြဖို့ဆရာမကခိုင်းတယ်ပေါ့။ခက်တာကကောင်းကောင်းရဲ့အိမ်အသစ်လေးမှာကမြေနေရာလုံးဝမရှိဘူး။(အခုခေတ်မြို့ပြတိုက်ခန်းကကလေးတွေမြေကြီးမြေနေရာမရှိတဲ့အဖြစ်နဲ့ခပ်ဆင်ဆင်ပါပဲ)
-အပင်စိုက်ဖို့မြေမရှိတဲ့ပန်းချီဆရာလေးဟာသူ့စိတ်တိုင်းကျနံရံပေါ်မှာပန်းချီအတတ်နဲ့အပင်မျိုးစုံနဲ့ရေအိုင်လေးတစ်ခုပါတဲ့ဥယျာဉ်ကြီးတစ်ခုကိုရေးဆွဲဖန်တီးတော့တာပေါ့။ဆရာမကကျောင်းမှာ"ဘာပင်တွေစိုက်လဲကောင်းကောင်း"လို့မေးတဲ့အခါတိုင်းသူ့ဥယျာဉ်မှာဘာပင်တွေစိုက်ပြီးကြောင်းရေအိုင်လေးပါလုပ်ထားကြောင်းအမြဲပြန်ဖြေတယ်။သူ့ပန်းချီဥယျာဉ်လေးကိုတကယ့်ဥယျာဉ်လေးလို့သူစိတ်ထဲစွဲနေမိတဲ့အဖြစ်ကမိုးတွေသည်းတဲ့တစ်ညမှာဇာတ်လမ်းထဲပိုပုံပေါ်လာတယ်။ညမှာလန့်နိုးပြီးသူ့အပင်တွေပျက်စီးမှာသူသိပ်စိတ်ပူနေခဲ့တယ်။မနက်ကျတော့ကပျာကယာသွားကြည့်တယ်။ကျောင်းကိုတောင်နောက်ကျမှရောက်သွားလို့ဆရာမကမေးတော့"ဥယျာဉ်အလုပ်တွေလုပ်နေရလို့ပါဆရာမ"လို့ပြန်ဖြေပြီးသူ့ရဲ့မြေဖြူပန်းချီဥယျာဉ်လေးကိုသူ့မသိစိတ်ကတကယ့်ဥယျာဉ်လိုစွဲလမ်းနေခဲ့တာပါ။သူ့နံရံမြေဖြူပန်းချီဥယျာဉ်ကြီးကလဲတော်တော်ကြီးပါတယ်။ကြီးမားလှတဲ့နံရံသုံးဖက်အပြည့်ရေးဆွဲထားတဲ့ဧရာမမြေဖြူပန်းချီကားကြီးလို့ဆိုရပါမယ်။လှေကားထောင်ပြီးတောင်နောက်ပိုင်းသူဆွဲခဲ့ရတယ်။
*စာအုပ်တစ်အုပ်လုံးရဲ့နောက်ဆုံးခန်းတွေမှာတော့စာရေးသူဟာကလေးတွေအတွက်ပေးချင်တဲ့မက်ဆေ့ခ်ျ(အာဘော်)တစ်ခုကိုအမိအရပေးသွားနိုင်ခဲ့ပါတယ်။
-ကလေးတွေလူငယ်တွေအတွက်ရသပါပါနဲ့အသိတစ်ခုကိုအတုံးလိုက်အတစ်လိုက်မဟုတ်ပဲငြိမ့်ငြိမ့်ညောင်းညောင်းလေးပေးသွားနိုင်တဲ့စာတစ်အုပ်လို့ပဲဆိုပါရစေ။
#လင်းထိုက်
Publisher Name: စာနဒီ စာအုပ်တိုက်
Publisher Address: အမှတ်-၉၇၃၊ ပျဉ်းမမြိုင်လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Publisher Phone Number: 095071196, 095071197