မောင်ပေါ်ထွန်း
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
https://savethelibrarymyanmar.org/author/23/show
K.A. ABBAS
Mera Naam
Joker
ကံကြမ္မာ အကျဉ်းသား
စာရေးဆရာ- မောင်ပေါ်ထွန်း
၂၀၀၆ ခုနှစ် အမျိုးသားစာပေ( ဘာသာပြန်-ရသစာပေ)ဆုရ
ဒုတိယ အကြိမ် ၂၀၁၉၊ ဒီဇင်ဘာလ။
ရာပြည့်စာပေမှ ထုတ်ဝေ သည်။
မျက်နှာဖုံးဒီဇိုင်း- လင်း၀ဏ္ဏ
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၅၀၀ ကျပ်
စာမျက်နှာ အရေအတွက်- ၂၉၀ မျက်နှာ
ဤ၀တ္ထု ကို ဖတ်ရှု့ခြင်း ဖြင့် ဘ၀၏ ဒဿန ကို ပိုမို သဘောပေါက်လာကြဖွယ် ရရှိသည်။ ကျစ်လစ်စွာ မြန်မာ ဘာသာ သို့ ပြန်ဆိုထားကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် "ကံကြမ္မာ အကျဉ်းသား" စာအုပ် ကို အမျိုးသားစာပေဆု၊ ဘာသာပြန်(ရသ) အတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
(၂၀၀၆) ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဘာသာပြန်အဖွဲ့ငယ် ၏ မှတ်ချက် ...မှ။
အလွန်ဆင်းရဲသော မုဆိုးမ မိခင်ကြီး က (၁၅)နှစ်အရွယ် သားဖြစ်သူကို ပညာတတ် ဖြစ်စေလိုပါပေမယ့် ဖခင်သွေးပါတဲ့ ရာဂျူးလေးဟာ လူရွင်တော်လို၀တ်ပြီး လမ်းဘေးမှာ ဈေးရောင်းရင်း အရင်းရှင်လူတန်းစား အတန်းဖော်ရဲ့ မိခင် ဖြစ်သူမြင်ရင်း ကျွန်မ ရဲ့သား ကို ဒီလို အတန်းအစားနဲ့ အတူယှဉ်ပြီး စာသင်ခန်းထဲမထိုင်စေလိုတဲ့စိတ်နဲ့ ကျောင်းအုပ်ကြီးကို ပြောဆို တိုင်တန်းရာက ကျောင်းထုတ်ခံရတဲ့ ရာဂျူးလေးရဲ့ ငယ်ရွယ်စဉ် ဖြတ်သန်းရတဲ့ အချိုးအကွေ့။
အချစ်ဦး ဖြစ်သူ မေရီ ကို စွဲလန်းနေသော်လည်း မိမိရှေ့တင် လက်ထပ်သွားသော သူရဲ့ ပွဲကို သတိုးသားအရံအဖြစ်နေပေးရတဲ့ ခံစားမှု။
မမျှော်လင့်ပဲ ဆပ်ကပ်လူရွင်တော် ဖြစ်သွားရင်းက ရုရှားအမျိုးသမီး နှင့် ရည်ငံ နေပေမယ့် ဆပ်ကပ်အလုပ်ကို အားမပေးသော မိခင် ဖြစ်သူမှာ ဖခင်လို ဆပ်ကပ်ပွဲမှာ တင်ဆက်နေရင်း အဖြစ်ဆိုး မကြုံစေချင်တဲ့ စိတ်နဲ့ သား ဖြစ်သူရဲ့ အလုပ်အမှန်ကို သိသွားလို့ ဆပ်ကပ်လာကြည့်ရင်း နှလုံးရောဂါနဲ့ ပွဲခင်းထဲမှာ ပဲ ကွယ်လွန်ခဲ့တာကို ကြည့်နေရင်း ဆပ်ကပ်တင်ဆက်ရင်း ပွဲမပျက်အောင် လည်း ဟဒယ ရွင်ဆေးတိုက်ကျွေးနေရတဲ့ ရာဂျူး။ ဆပ်ကပ်အဖွဲ့ကြီးရဲ့ ပြည်တော်ပြန် ရုရှားကိုလည်း မလိုက်နိုင်ပဲ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတဲ့ အိန္ဒိယပြည်မှာ ရှင်သန်ရမှုတွေ။
နောက်ဆုံးမှာတော့ ခြေသလုံးအိမ်တိုင် ဖြတ်သန်းရာက ဘ၀တူ မီနာနဲ့ တွေ့ရင်း ရေဆန်လမ်းဖြစ်တဲ့ ဘ၀ အချိူးအကွေးကို ပညာလည်းသင် မြောက်တောင်မြောက်ပေးခဲ့တဲ့ ရာဂျူးမှာ မီနာကို နာမည်ကျော် မင်းသမီး အဖြစ် ရောက်စေခဲ့ပေမယ့် မင်းသား ကုမာရ လက်ထဲ ပေးအပ်ခဲ့ရတဲ့ နောက်ဆုံးလက်ကျန် နှလုံးသား ကို နှုတ်ဆက်ရင်း လူရွှင်တော် အဖြစ်နောက်ကြောင်းပြန်လှည့် တစ်ယောက်တည်း လမ်းသစ်ဖောက်ခဲ့သူ ဖြစ် ဖတ်ရမှာဖြစ်ပါတယ်။
"လူရွင်တော် ရဲ့ မျက်လုံးထဲမှာ ဘယ်သူမှ မျက်ရည် မမြင်ချင်ဘူး ရာဂျူး"
တစ်စုံတစ်ယောက်ကို ပျော်အောင် ၊ရီအောင် လုပ်ရတာ ဘ၀ မှာ အခက်အခဲ ဆုံး ကိစ္စထဲက တစ်ခုပါ။ ၀မ်းနည်း၊စိတ်ဓာတ်ကျ ခြင်း တွေက လူတိုင်းမှာ ရှိနေတဲ့ အကြောင်းတရားမို့ ဖုံးကွယ်နေတတ်လိုက်တာနဲ့ ပြန်ကုစားတာပဲရှိပါတယ်။ ရယ်မောခြင်းကို စွမ်းဆောင်နိုင်တဲ့ သူတွေ ရဲ့ ဘ၀ ဖြတ်သန်းမှု က စိတ်ချမ်းသာမှု သုခ အပြည့်ရှိမနေနိုင်ပါဘူး ဘာလို့ လဲဆိုတော့ သူတို့ ဟာ ၀မ်းနည်းခြင်းရဲ့ လှိုင်းတံပိုး အောက်မှာ အကြိမ်ကြိမ် ကူးဖြတ်ဖူးသူမို့ ရယ်မောခြင်းတန်ဖိုးကို နားလည်ပြ်ီး တစ်ပါးသူကို ပိုမိုပျော်စေချင်တဲ့ စိတ်ဆန္ဒ နဲ့ ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ပြုံးစေ၊ရွှင်စေ၊ ဟဒယ ရွှင်ဆေးတိုက်ကျွေးနိုင်တဲ့ အစွမ်းရှိတဲ့ သူရဲ့ ဘ၀ တွေ ကို ခဏ အလည်တစ်ခေါက် သွားကြည့်နိုင်ဖို့ အတွက် ဒီစာအုပ်လေးက စာဖတ်သူတို့အတွက် ခရီးသွားလက်မှတ်လေးမို့ ညွှန်းလိုက်ပါရစေ။
စာဖတ်ခြင်းမှာ အချိန်ပေး မွေ့လျော်နိုင်ပါစေ
N????
Publisher Name: ရာပြည့်စာအုပ်တိုက်
Publisher Address: အမှတ် ၂၆၂(ခ)၊ ပန်းဆိုးတန်း (အထက်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၁ ၂၄၃၃၅၁
Publisher Phone Number: 01243351