Book Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်

ပယ်ရီပယ်ရီ ချစ်ကန်း( စာရေးသူ - ပါပီယွန်)

( book recommendation )
တန်ဖိုး - ၂၅၀၀ ကျပ်
ဝိုင်းမော်စာအုပ်တိုက်

ပါပီယွန်ရဲ့ရုပ်ပုံလွှာ


ပါပီယွန်ကို သိလား။ 
ကြားဖူးသူလည်း ရှိမယ်။မကြားဖူးလည်း ထားပါ။အခုတစ်လော လူငယ်တွေကြားမှာ တစ်ဖြည်းဖြည်းနဲ့ ပိုပိုသဘောကျလာကြတဲ့ စာရေးဆရာပေါ့ဗျာ။ 

"ပါပီယွန်ရဲ့ စာအုပ်နှစ်အုပ် ဖတ်ဖူးတယ်။"မက္ကဇင်ပါပီ" နဲ့ " ထရော်မာများ" တဲ့။ အဲ့ဒီ 2အုပ်ကို သဘောကျလို့ မိတ်ဆွေတွေကို လက်တို့မိတော့ တုံ့ပြန်မှုက နှစ်မျိုး။ တစ်ချို့က ကျွန်တော်နဲ့ သဘောတူ ထပ်တူမျှကြတယ်။ တစ်ချို့က ငြင်းဆိုကြ။ ညီပုရေ ၊ မင်းညွှန်းသလောက် မဟုတ်ပေါင် တဲ့။ ငါတော့ မကြိုက်ပေါင်တဲ့ ။ မကြိုက်ခွင့်ရှိတယ်။ ဒါအနုပညာကိစ္စလေ။ " ပါပီယွန်ရဲ့
စာအုပ်တစ်အုပ်မှာ ဆရာညီပုလေး ရေးတဲ့ အမှာစာ တစိတ်တပိုင်းပေါ့။




ဟုတ်တယ်။ ကြိုက်တာမကြိုက်တာက စာဖတ်သူအပိုင်း။ ကျွန်တာ်အနေနဲ့ကတော့ ကြိုက်တယ်။ အရမ်းကြိုက်တယ်ပေါ့ဗျာ။ သူ့စာအုပ်တွေကလေ( ကျွန်တော် ညွှန်းချင်တာက ပယ်ရီပယ်ရီ ချစ်ကန်း ဆိုတဲ့ စာအုပ်လေးပါ)ဖတ်ရတာ
အရမ်းရသစုံတယ်။ သူ့စာတွေ ဖတ်ရတာကလေ
စိတ်ထဲမှာ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ပြီးတော့ လေးလံတယ်။ ဘုန်းကြီးကျောင်းက ဟင်းပေါင်း စားရသလိုဘဲ။ အရသာစုံစံစိ။ ဘာလို့ဆို ဝတ္ထုတိုလေးတွေကိုးဗျ။ အဲ့ဒီဝတ္ထုတိုလေးတွေထဲမှာ သူ့ဘဝရဲ့ အစိတ်အပိုင်းလေးတွေကို ရေးထားတာ
ဟိုတစ်စ ဒီတစ်စ ပြန့်ပြန့်ကျဲကျဲ။
သူ့ဝတ္ထုတိုလေးတွေက ရသ အစုံပေးတာ ပေးတာဆိုတာလေ ကျွန်တော်ဖြင့် ဖတ်နေရင်းနဲ့
တစ်ခါတစ်ခါ ဂစ်တာတစ်လက်နဲ့ classicl ဂီတကို ရူးခဲ့တဲ့ ကောင်လေးကို မြင်လိုက် ၊ တေ့တေ့ လွဲသွားတဲ့ သူ့ရဲ့ အချစ်ဇတ်လမ်းတွေ မြင်လိုက် ၊ အိုး... ဉာဏ်များတဲ့ ပါ့ပီ(သူ့ကိုယ်သူလည်း မောင်ပါပီလို့ စာအုပ်မှာ သုံးနှုန်းလိုက်သေး)
ရဲ့ လောင်းကစားအထုံ ထုံလွန်းပုံ ကျင်လည်ပုံတွေ မြင်လိုက်နဲ့ .....။ ဖတ်ဖူးတဲ့ ခင်ဗျားတို့တော့ မသိဘူး။ ကျွန်တော်တော့ ဖတ်ရင်းနဲ့ ပြုံးလိုက်ရ၊ 
ပြုံးရာက မဲ့လိုက်ရ နဲ့....။ နောက်ဆုံးဖတ်လည်း ပြီးရော ဘာကိုလွမ်းမှန်းမသိ လွမ်းသလိုကြီး ကျန်ခဲ့တာ။ ရသအစုံ ပေးတဲ့ ဒီစာအုပ်လေးကို ပြီးမသွားစေချင်တာ။ ဖတ်ချင်သေးတာ စိတ်က။ ပြီးတော့ အတွေ့အကြုံစုံလွန်းတဲ့ သူ့ဘဝကြီးကို ခံစားပြီး လူကိုယ်တိုင်ကြုံလိုက်သလိုမျိုးကြီး။ တစ်ခါတစ်ခါ သူ့စာတွေဖတ်ရင်း ဟုတ်ရော ဟုတ်ရဲ့လားလို့ ပြန်စဥ်းစားမိသေးဗျ။ 

ပါပီယွန်ရဲ့ စာတွေဟာ သိပ်မရှည်ဘူး။ တိုတယ်။ ခံစားဖို့လွယ်တယ်။ မာတိကာထဲက ကြိုက်ရာ ခေါင်းစဥ်ကို ရွေးလိုက် ။ အချိန် 5 မိနစ်လောက်ပေးပြီး ဖတ်လိုက်။ ရသတစ်ခုတော့ ကျန်ခဲ့မယ်။ 
ကျွန်တော် သိတဲ့ ဦးလေးတစ်ယောက်ဆို သူ့သားကို ပါပီယွန်စာအုပ်တွေ ဝယ်ပေးပြီး ဖတ်ခိုင်းတာ။" ငါသိပ်သဘောကျတယ်ကွ။ သူ့စာတွေ သားကို ဖတ်ပြီး ခံစားကြည့်စေချင်တာ " တဲ့။ ဟုတ်တယ်။ ကျွန်တော်လည်း အတူတူပါဘဲ။ ဖတ်ပြီး ခံစားကြည့်စေချင်တာ။ သူ့စာတွေက စာကြီးပေကြီး စာခန့်ကြီး မဟုတ်ဘူး။ သူ့အကြောင်းလေးဘဲ ရေးထားတာ။ 
ကျွန်တော်တော့ recommend ပေးတယ်ပေါ့နော်။ ကြိုက်တာ မကြိုက်တာက ခံစားသူအပိုင်းပေါ့ဗျာ....။ဖတ်တော့ ကြည့်စေချင်ရဲ့...။
ဒီစာအုပ်လေးကို ကျွန်တော်တို့ admin တစ်ယောက် ညွှန်းပေးဖူးတယ်။ အခုကျွန်တော်လည်း ပြန်ညွှန်းလိုက်ပါတယ်ဗျ....။

စာအုပ်ထဲက ဝတ္ထုတိုလေးကိုလည်း ပြန်လည် ခံစားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

****
"မသက်ဆိုင်ခြင်းများ"

တစ်ခါတစ်လေကျ ရှင်းပြလို့မရတာတွေ ရှိတယ်။ အထူးသဖြင့် ခင်ဗျား ဘယ်နေရာ ရောက်နေတာလဲပေါ်မူတည်တာကိုးဗျ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက၊ ဧရာဝတီမြစ်ထဲက
သင်္ဘောတစ်စင်းရဲ့ အပေါ်ဆုံးထပ်မှာ ကျနော် လိုက်လာတယ်။ ညနေ နေဝင်ရီတယောပေါ့။ ဆစ်ကလက်ဖွာ၊ ဘီယာမော့ရင်း ပတ်ဝန်းကျင်ကိုငေး၊ လေကတဖြူးဖြူးနဲ အင်မတန်ဇိမ်တာပေါ့။ အဲ့ဒီခေတ်က တရုတ် သုံးထပ်သင်္ဘောတွေ ရောက်ခါစဆိုတော့ သင်္ဘောပေါ်ပါတဲ့ ဆောင်းဘောက်စ်တွေ ဘာတွေနဲ့ သီချင်း တွေစွတ်ဖွင့်တာရယ်၊ သီချင်းကတော့ ထုံးစံအတိုင်း တောသီချင်းလေးတွေပေါ့။
           အဲ့မယ် သီချင်းတွေလည် ဆုံးသွားကော ဂစ်တာသံ တစ်ခု ထွက်လာတာဗျ။ ကလပ်စစ်ကယ် ဂစ်တာသံ ။ သီချင်းက Cavatina ဆိုတဲ့ သီချင်းဗျ ( သီချင်းဆိုလို့ အဆိုပါတာမျိုး မဟုတ်၊ မယ်လိုဒီသက်သက်) ။ အဲ့ဒီသီချင်းက သမင်လိုက်မုဆိုး ဓာတ်ရှင်ထဲက theme ဗျာ။ဒီတာ့ကာ အဲ့ဒီဓာတ်ရှင်ကို ပြေးမြင်ကော။
            အင်မတန်ချစ်တဲ့ သူငယ်ချင်းနှစ်ယောက် ဗီယက်နမ်မှာ သုံ့ပန်းဖြစ်တော့ ဗိီယက်ကောင်းတွေက သူတို့နှစ်ယောက်ကို ခြောက်လုံးပူးထဲ ကျည်နှစ်တောင့်ထည့်ပြီး ဆုံလည်ကို မွှတ်နေအောင်လှည့်၊ တစ်ယောက်တစ်လှည့်စီ နားထင်ကို သေနတ်နဲ့ တေ့ပြီး ပစ်ရတဲ့ ရပ်ရှင်းရူးလက်ဆော့ခိုင်းတာဗျာ။ ဗီယက်ကောင်း စစ်သားတွေက ဘေးကနေ လောင်းကစါးလုပ်၊။အင်မတန် တုန်လှုပ်ဖွယ်ရာ ကောင်းတဲ့ ဇတ်ဝင်ခန်း။ ရောဘတ်ဒီနီရိုးနဲ့ ခရစ္စတိုဖာဝေါ်လ်ကန်တို့ဏဲ့ မှော်ဝင်တဲ့ သရုပ်ဆောင်ချက်တွေ။
           ကိုယ့်နားထင်ကိုယ်တေ့ အံကြိတ်ပြီး ရောဘတ်ဒီနီရိုးရဲ့ သေနတ်မောင်း ဆွဲညှစ်ဟန်။ ကျည်မထွက်ဘူး။ ခရစ္စတိုဖာဝေါ်ကန်တစ်ယောက် သူ့အလှည့်မှာ နားထင်ကို ခြောက်လုံးပူးနဲ့ ထောက်ထားရင်း မျက်ရည်လည်ရွှဲနဲ့ "ငါမပစ်ရဲဘူး၊ ငါမပစ်ရဲဘူး" လို့အော်၊ ဗီယက်ကောင်းတွေက ပါးတွေနားတွေရိုက်။ ရောဘတ်ဒီနီရိုးက "နစ်ကိီ ပစ်ပလိုက်စမ်းပါကွာ၊ မပစ်ရင် မင့်ကို သူတို့ ပစ်သတ်မှာကွ" လို့ သူ့သူငယ်ချင်းကို အာခေါင်ခြစ်အော်ရင်း ငို။ ကျနော် ဘယ်တော့မှ မမေ့တဲ့ ဇာတ်ဝင်ခန်းပေါ့။
            ခုနကပြောတဲ့ Cavatina သီချင်းပ အဲ့ဒီဇတ်ကားရဲ့ ဇာတ်ဝင်တေးဗျ။အဲ့ဒီတော့ကယ နေဝင်ရီတယောမှာ မတော်တဆ ကြားလိုက်ရတဲ့ ဂစ်တာသံကြောင့် ကျနော် မျက်ရည်ကျလာတာပါဘဲ။ အဲ့ဒီမှာ ဘာဖြစ်သလဲဆိုတော့ ၊ ကျနော့်ဘေးနားမှာ ထိုင်နေတဲ့၊ တစ်နေကုန် တူတူဖဲဝိုင်းထောင်လာတဲ့ လူတွေက ဝိုင်းမေးတော့တာဘဲ။ ဘာဖြစ်လို့ ငိုတာလဲ ကောင်လေးတဲ့။ ကျနော် သူတို့ကို ဘယ်လိုမှ ရှင်းပြလို့ မရခဲ့ဘူး.ရပ်ရှင်းရူးလက် ကစားနည်း၊ သမင်လိုက်မုဆိုး ၊ သိပ်ချစ်တဲ့ သူငယ်ချင်းတွေ ၊ ကာဗာတီးနား ဂစ်တာသံ၊ ဟင့်အင်း သူတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။
              အဲ့လိုဘဲ လောကကြီးမယ်........ တစ်ခါတလေကျတော့ လူတိုင်းကို ခင်ဗျားပြောပြလို့မရတာတွေ အများကြီးဘဲဗျာ။

************
#Bob
#AAMA


Publisher Name: ဝိုင်းမော် စာအုပ်တိုက်


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

၀တၳုတိုပေါင်းချုပ်

နေမျိုး
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး