Book Image
မောင်အေးကို (ပေါင်တလည်)
စာရေးသူ အကြောင်း

အမည်ရင်း ဦးအေးကိုဖြစ်သည်။ 
အဖ ဦးစိုးမောင်၊ အမိ ဒေါ်ပုကြည်တို့က ၁၉၇၄ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သပြေ တောင်အုပ်စု ကြပ်ကုန်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။  
မူလတန်းပညာကို ကြပ်ကုန်းကျေးရွာတွင် လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းပညာကို ပေါင်းတ လည် အ.ထ.ကတွင် လည်းကောင်း၊ တက္ကသိုလ်ပညာကို ပြည်တက္ကသိုလ်(ယခင်ပြည်ဒီဂရီကောလိပ်)တွင် လည်း ကောင်း ဆည်းပူးခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် သိပ္ပံဘွဲ့(ရုက္ခဗေဒ)ရရှိခဲ့သည်။ 
ပြည်ကောလိပ်က ထုတ်ဝေခဲ့သည့် ၁၉၉၅ နှစ်ပတ်လည်မဂ္ဂဇင်းတွင် ‘လေထန်သော်လည်း မိုးမစဲ’ ၀တ္ထုတို ဖြင့် စာပေလောကသို့ ၀င်ရောက်ခဲ့သည်။
ထို့နောက်တွင် ရယ်စရာ မဂ္ဂဇင်း၊ သောကြာ စာစောင်၊ ရုပ်ရှင်အောင်လံ မဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်း၊ မြ၀တီ မဂ္ဂဇင်း၊ ရွှေနိုင်ငံသစ် သတင်းစာ၊ စံတော်ချိန် သတင်းစာ၊ Daily Eleven သတင်းစာ၊ ပြည်သူ့ဆန္ဒ ဂျာနယ်၊ ရတနာ ပုံသတင်းစာ၊ ရင်စူးမြား မဂ္ဂဇင်း၊ ရွှေအမြုတေ မဂ္ဂဇင်း၊ LOOK မဂ္ဂဇင်း၊ ခေတ်ရနံ့ မဂ္ဂဇင်း နှင့် အထိမ်းအမှတ် မဂ္ဂဇင်း များတွင် ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာများရေးသားခဲ့သည်။ 
လက်ရှိစာပေလှုပ်ရှားမှုအဖြစ် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများတွင် ၀တ္ထုတိုဆောင်းပါးများရေးသား လျက်ရှိ သည်။ 
မျိုးဆက်သစ်ကလောင်ရှင်များကို လက်တွဲခေါ်ယူပေးနေသည့် ကမ်းလက်များစာပေအဖွဲ့တွင် အခြား ဆရာ များနှင့်အတူ စာပေအကဲဖြတ်သူအဖြစ် တာ၀န်ယူဆောင်ရွက်လျက်ရှိသည်။
ယနေ့အချိန်အထိ ကမ်းလက်များစာပေအဖွဲ့၀င် ကလောင်သစ်များ၏ ၀တ္ထုတို စာမူပေါင်း(၅၀၀၀)နီးပါးကို ဖတ်ရှု သုံးသပ် အကဲဖြတ်ပေးပြီးဖြစ်သည်။ 
ယခုအခါတွင် မိသားစုနှင့်အတူ နေပြည်တော် လယ်ဝေးမြို့တွင်နေထိုင်လျက်ရှိသည်။ 
**************************************************
ထွက်ရှိခဲ့သော စာအုပ်များ

 ၁။ ဒီကောင်မလေး မဆိုးဘူး အမှတ်(၁)၊ 
၂။ အကြမ်းထည်စိတ်ကူးအိပ်မက်တို့၏ ဆင့်ကဲအတွေးစများ၊
၃။ ဒီကောင်မလေး မဆိုးဘူး အမှတ်(၂)၊ 
၄။ မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု၊ 
၅။ ပေတံပိသူများ အတွေးစာစု 
၆။ ၀တ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း
၇။ ကြယ်တွေကိုချူ မောင်ယူလို့ပေး ၀တ္ထုတိုစု။

Reference from: wikipedia

Written Books

Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

ဒီကောင်မလေး မဆိုးဘူး အမှတ်(၁)

မောင်အေးကို (ပေါင်တလည်)
Book Review Image

ဒီကောင်မလေး မဆိုးဘူး အမှတ်(၂)

မောင်အေးကို (ပေါင်တလည်)
Book Review Image

အကြမ်းထည်စိတ်ကူးအိပ်မက်တို့၏ ဆင့်ကဲအတွေးစများ

မောင်အေးကို (ပေါင်တလည်)
Book Review Image

ကြယ်တွေကိုချူ မောင်ယူလို့ပေး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ပေတံပိသူများ အတွေးစာစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)