Book Image
မောင်ဝဏ္ဏ
မောင်ဝဏ္ဏ၊ အကယ်ဒမီ(၁၉၄၇-၂၀၁၁)

မောင်ဝဏ္ဏသည် မြန်မာနိုင်ငံရှိ အကယ်ဒမီ ထူးချွန်ဆု နှစ်ဆု ဆွတ်ခူးရရှိထားသော ရုပ်ရှင် ဒါရိုက်တာဖြစ်ပြီး စာရေးဆရာလည်း ဖြစ်သည်။

ဒါရိုက်တာမောင်ဝဏ္ဏ ကို ၁၉၄၇ခုနှစ်၊ ဇန်နဝါရီလ၊ ၁၉ ရက်နေ့က အဖ စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိဒေါ် ခင်ညိုတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း လေးယောက်အနက် ဒုတိယမြောက် သားဖြစ်ပါသည်။စာရေးဆရာ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ သုမောင် ၊ သရုပ်ဆောင် ရူပ၊ စာရေးဆရာ မင်းလူ နှင့် ဒါရိုက်တာ အာယု တို့၏ အစ်ကိုကြီးလည်း ဖြစ်သည်။
မောင်ဝဏ္ဏသည် ၁၉၇၆ ခုနှစ်တွင် ဒေါ်ချို⁠ချိုရီနှင့် အိမ်ထောင်ပြုပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။

ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်း(ယခု အ.ထ.က(၆)ဗိုလ်တထောင်)၌ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး စည်သူပညာရိပ်သာ ရန်ကင်းအထက်တန်းကျောင်းတွင်လည်း ပညာသင်ယူခဲ့ကာ မက်ဒရစ်တန်းကို အပြင်ဖြေအနေဖြင့် အောင်မြင်ခဲ့ပါသည်။ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဒဿနိကဗေဒဘာသာရပ် အဓိကဖြင့် ဘွဲ့ရရှိခဲ့ပါသည်။

အသက် ၁၅ နှစ်အရွယ်မှာပင် ရုပ်ရှင်အတတ်ပညာများစတင်လေ့လာခဲ့ပြီး ၁၉၆၉ခုနှစ်တွင် 'သိုင်းသမား' ဇာတ်ကားအတွက် ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသားခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် "ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း" ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားသည် မောင်ဝဏ္ဏ၏ ပထမဆုံးလက်ရာဖြစ်ပြီး ထိုဇာတ်ကားဖြင့်ပင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၇၁-ခုနှစ်၌ ရရှိခဲ့ကာ ပထမဆုံးရိုက်ကူးသော ဇာတ်ကားဖြင့် အကယ်ဒမီရရှိသော အနုပညာရှင်ဖြစ်သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် သမိုင်း၌ ပထမဆုံးဇာတ်ကားရိုက်ကူးပြီး ထိုဇာတ်ကားဖြင့်ပင် ဒါရိုက်တာဆုရရှိသော အနုပညာရှင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

ထို့နောက် ဇာခန်းဆီး နောက်ကွယ်မှာ (၁၉၇၂)၊ ခြေဖဝါးတော်နုနု (၁၉၇၃)၊ နှောင်းတမြေ့မြေ့ (၁၉၇၃)၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ (၁၉၇၆)၊
ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏသည် ခုနှစ်စဉ်အလွမ်း ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။ 'ရယ်စရာမောစရာ' ဇာတ်ကားနှင့် 'ရင်ထဲက ဆောင်းရာသီ' ဇာတ်ကားများ ဆက်လက်ရိုက်ကူး ထွက်ရှိခဲ့ပါသည်။ ရင်ထဲက ဆောင်းရာသီ (၁၉⁠၉၉) ဇာတ်ကား သည်လည်း ရုပ်ရှင် သရုပ်ဆောင် လွင်မိုးကို အကယ်ဒမီ ရသည် အထိ အောင်မြင်စေခဲ့သည်။ ၂၀⁠၀၅ခုနှစ် အချိန်တွင် 'လွမ်းအောင် ရယ်တတ်သူ' ဇာတ်ကား ထွက်ရှိခဲ့ပြီး ၂၀⁠၀၇ခုနှစ်တွင်မူ 'ရင်နင့်အောင်မွှေး' ဇာတ်ကားထွက်ရှိခဲ့ပါသည်။ 'ရင်နင့်အောင်မွှေး' ဇာတ်ကားသည် ဒါရိုက်တာမောင်ဝဏ္ဏ၏ နောက်ဆုံး လက်ရာတစ်ခုလည်း ဖြစ်ပါသည်။

စာပေရေးသားမှု အနေဖြင့် ၁၉၇၂ခုနှစ်တွင် စတင်ခဲ့ပြီး ရှုမဝမဂ္ဂဇင်း၌ ရေးသားခဲ့သော 'လေထဲက အိပ်မက်ကလေး' ဝတ္ထုဖြင့် စာပေလောကအတွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်အချိန်တွင် အကျော်ကြားဆုံးဝတ္ထုတစ် ပုဒ်ဖြစ်လာမည့် 'ပန်းတွေနဲ့ဝေ' ဝတ္ထုကို ရေးသားခဲ့ပြီး ၁၉၇၆ခုနှစ်၌ ရုပ်ရှင်ဖြစ်လာခဲ့သည်။ ထို့အတူ ၁၉၇၇ ခုနှစ်တွင် ကိုယ်တိုင်ရေးသားပြီး ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့သော 'ချစ်တဲ့သူငယ်လေ' စာအုပ်ထွက်ရှိခဲ့ပါ သည်။ ၁၉၇၉ ခုနှစ်အချိန်တွင် 'အိပ်မက်စိမ်း' လုံးချင်းဝတ္ထု၊ ၁၉၈ဝပြည့် နှစ်တွင် 'တက္ကသိုလ်လွမ်းချင်း' ဝတ္ထု များထွက်ရှိခဲ့ပါသည်။ ၁၉၈ဝပြည့်နှစ် အချိန်မှာပင် ငြိမ်းကျော်နှင့်တွဲဖက်ပြီး 'ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည်' ဝတ္ထုရှည်ကို ရေးသားထုတ်ဝေခဲ့ပြီး 'မောင်စိန်သောင်းနှင့် မနှင်းရည်' ဇာတ်ကောင်များဖြင့် ဇာတ်လမ်းများကိုလည်း မဂ္ဂဇင်းများ၌ စတင်ရေးသားခဲ့ပါသည်။

၁၉၈၁ခုနှစ်အချိန်တွင် 'မောင်' ဝတ္ထုရှည်၊ 'အရွယ်လွန်' ဝတ္ထုရှည်များ ထွက်ရှိခဲ့ပြီး ၁၉၈၄ခုနှစ်တွင် 'လှပါ တယ်မသီတာ'၊ 'ရည်းစားစကား'၊ 'ချစ်ခင်စ မှော်ရုံမှာလေ' အစရှိသော ဝတ္ထုရှည်များ ထွက်ရှိခဲ့ပါသည်။ ၂၀⁠၀၅ခုနှစ်အချိန်တွင် 'အပျင်းပြေဖတ်ဖို့ ဖီလောဆော်ဖီ' စာအုပ်ထွက်ရှိခဲ့ပြီး၊ 'ရင်တွေခုန်နေတယ်' ဝတ္ထုရှည်၊ 'ဒုက္ခကို မြိန်ရည်ယှက်ရေ ခံစားနေသော မောင်ဝဏ္ဏ' ၊ 'မင်းကိုချစ်တယ်' ဝတ္ထုရှည်အစရှိသည့် စာအုပ်များကို
ရေးသားခဲ့ပါသည်။ ပြည်တွင်းထုတ် မဂ္ဂဇင်းများဖြစ်သော ရွှေအမြုတေနှင့် ချင်းတွင်း မဂ္ဂဇင်းများတွင်လည်း ကင်ဆာဝေဒနာ မခံစားရခင်အချိန် အထိ စာပေများ ရေးသားခဲ့သည်။ ချင်းတွင်းမဂ္ဂဇင်း၌ အခန်းဆက် ရေးသားခဲ့သည့် 'သူလိုကိုယ်လို မောင်ဝဏ္ဏ' ဆောင်းပါးများက စာအုပ်ပြန်လည် ထွက်ရှိသည်အထိ အောင်မြင်ခဲ့ပါသည်။ လုံးချင်း ဝတ္ထုပေါင်း ၂ဝ အုပ်ခန့် ရေးသား ခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် အူကြောင်ကျား-၂ စာအုပ်ဖြင့် ဆရာဝန်တင်ရွှေစာပေဆုကို ရရှိခဲ့သည်။


မောင်ဝဏ္ဏ ရေးသား ပြုစုခဲ့သော စာအုပ်များ

ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည် - ၁၉၈ဝ ပြည့်နှစ်

ချစ်စခင်စ မှော်ရုံမှာလေ

ချစ်တဲ့သူငယ်လေ - ၁၉၇၇ ခုနှစ်

တက္ကသိုလ် လွမ်းချင်း - ၁၉၈ဝ ပြည့်နှစ်

ပန်းတွေနဲ့ဝေ - ၁၉၇၆ ခုနှစ်

မောင် - ၁၉၈၁ ခုနှစ်

မောင်စိန်သောင်း မနှင်းရည် - ၁၉၈ဝ ပြည့်နှစ်

မောင့်အပြင် မောင်ညီကိုတွေမေ့ အလွမ်းပြေ -

ရည်းစားစကား - ၁၉၈၄ ခုနှစ်

အရွယ်လွန် - ၁၉၈၁ ခုနှစ်

အိပ်မက်စိမ်း - ၁၉၇၄ ခုနှစ်

ရင်တွေခုန်နေသည်

သာဓုအင်ဆန်း(စုပေါင်း)

မင်းကိုကိုယ်ချစ်တယ်

ရင်ထဲမှာ ဝင်ခွေနေတဲ့ မြွေပွေး

သူလိုကိုယ်လို မောင်ဝဏ္ဏ

ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ

ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း

ဇာခန်းဆီး နောက်ကွယ်မှာ (၁၉၇၂)

ပန်းနုရောင်မရင့်တရင့်

ခြေဖဝါးတော်နုနု (၁၉၇၃)

နှောင်းတမြေ့မြေ့ (၁၉၇၃)

ပန်းတွေနဲ့ဝေ

ချစ်တဲ့သူငယ်လေ (၁၉၇၆)၊

မောင်စိန်သောင်း မနှင်းရည်

ခုနှစ်စဉ်အလွမ်း

ခုနှစ်အိမ်တန်းက မဂျမ်းဘုံ

ရင်ထဲက ဆောင်းရာသီ

ဘဝနိဂုံး

စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) သည် ၂၀၁၁-ခုနှစ်၊ ဇန်နဝါရီ ၁၁-ရက်နေ့ မနက် ၄ နာရီ ၂ဝ ခန့်မှာ ကွယ်လွန်သွားခဲ့သည်။ မောင်ဝဏ္ဏသည် အဆုတ်ဝေဒနာကို တနှစ်နီးပါး ခံစားခဲ့ရပြီး ကွယ်လွန်သွားခြင်း ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချိုချိုရည်နှင့် သားသမီးများဖြစ်ကြသော စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြေဇင်၊ ဥက္ကာ သားသမီး ၃ ဦးနှင့် မြေးမလေးတဦး ကျန်ရစ်ခဲ့သည်။

သာဓု သဘာဝအုပ်စုထဲတွင် ညီဖြစ်သူ စာရေး ဆရာ မင်းလူ၊ သရုပ်ဆောင် ရူပနှင့် ဒါရိုက်တာ အာယု တို့သာ ကျန်ရှိတော့သည်။ 


Reference from: WIKIPEDIA

Written Books

Book Review Image

ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော…

မောင်ဝဏ္ဏ
Book Review Image

လှပါတယ် မသီတာ

မောင်ဝဏ္ဏ
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ