#စာအုပ်အမည် - Me Not (မီနော့တ်)
#စာရေးဆရာ - ဝင့်ပြုံးမြင့်
#စာမျက်နှာ - ၂၀၅ (တန်ဖိုး - ၃၀ဝဝ ကျပ်)
မူးယစ်ဆေးဝါး ရဲ့ ဆိုးကျိုးတွေကို ခေတ်အဆက်ဆက်က မီဒီယာတွေမှာ ဖေါ်ပြခဲ့ကြပြီးပြီ။ သတင်းစာ၊ ဂျာနယ်တွေနဲ့ တယ်လီဗွီးရှင်းတွေမှာရော " ရှောင်လေဝေးဝေး မူးယစ်ဆေး" ဆိုတဲ့ ကြေညာချက်တွေ လူတိုင်း အလွတ်ရနေကြပြီ.။ တကယ်ရော မူးယစ် ကင်းစင်တဲ့ နိုင်ငံ ဖြစ်နေပြီလား။ ဝေးစွခြောက်ပါးလို့ ပြောရမှာပဲ ။
ဟိုတစ်ခေတ်က လူတန်းစားတစ်ရပ်ပဲ သုံးစွဲနိုင်တဲ့ မူးယစ်ဆေးဝါးတွေဟာ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းအနီး ပတ်ဝန်းကျင်ကို ရောက်ရှိလို့ နေပါပြီ ။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားပါ ။ ပေါပေါပဲပဲ ဝယ်လို့လည်း ရနေတဲ့ အဲဒီ မူးယစ်ဆေးဝါးက WY ပါ တဲ့ ။
လူ့လောကကို ကောင်းစေချင်တဲ့ စေတနာအပြည့်ရှိတဲ့ စာရေးဆရာတွေဟာ ကလောင်လက်နက်ကို အသုံးချပြီး စာဖတ်တဲ့ ပြည်သူလူထုကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပေးကြပါတယ်။
ဒီဝတ္ထု ဇာတ်ကြောင်းဟာလည်း မူးယစ်ဆေးဝါး အမျိုးအစား တစ်ခုဖြစ်တဲ့ WY အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားပြီး မိသားစုတစ်စုရဲ့ ချစ်ခြင်းမေတ္တာနဲ့ သရုပ်ဖေါ် ဖွဲ့နွဲ့ထားပါတယ် ။
ပခုက္ကူ မြို့က တရားသူကြီး မိသားစု မှာ ကိုကိုစော ၊ ညီညီစော နဲ့ မောင်မောင်စော ဆိုတဲ့ ညီအစ်ကို သုံးယောက် ရှိတယ် ။ တင်းနစ်ရိုက်တာ ဝါသနာပါတဲ့ အစ်ကိုကြီး ကိုကိုစော ၊ စာကြိုးစားတဲ့ အလတ်ကောင် ညီညီစော ၊ ဆယ်တန်းကျထားတဲ့ ၊ အသစ်အဆန်းဆို မြည်းစမ်းချင်တဲ့ အငယ်ဆုံးလေး မောင်မောင်စော။
သူတို့ ဘဝထဲကို အမှတ်မထင် ဝင်ရောက်လာတဲ့ မိကဲ ။ မိကဲ က ရန်ကုန်သူ ၊ ခပ်ချောချော ၊ လုံးကြီးပေါက်လှ သူငယ်မ ။ ကိုးတန်းကျောင်းသူ ။ အမေသေဆုံးသွားပြီး စိတ် ကယောက်ကယက် ဖြစ်နေလို့ ရွာသာကြီးကနေ ပခုက္ကူက တရားသူကြီး အိမ်ကို ရောက်လာသူ။
ယာဘ ခေါ် WY ကို လူငယ်လေးတွေ လက်တည့်စမ်းချင်အောင် ရော်နယ်။ ပိုက်ဆံ ပိုသုံးနိုင်တဲ့ ချာတိတ်တွေကို ကျတော့ ICE သုံးချင်လာအောင် ဆွယ်တရား ဟောတတ်တဲ့ ရော်နယ်။
ပခုက္ကူ သင်္ချိင်းကုန်းက တစ်ဦးတည်းသော စဏ္ဍာလ အမျိုးသမီး မေကြည် ။
စတဲ့ဇာတ်ကောင်တွေနဲ့ WY ဇာတ်လမ်းတွေကို ရက်ယှယ်ထားတဲ့ Me Not စာအုပ်ဟာ ဆရာမ ဝင့်ပြုံးမြင့် ရဲ့ ဒုတိယမြောက် ပင်ကိုရေး လုံးချင်း ဝတ္ထုသစ်တစ်ပုဒ် ဖြစ်ပါတယ် ။ ဘာသာပြန်တွေ အရေးများတဲ့ ဆရာမ ဝင့်ပြုံးမြင့် ရဲ့ ပင်ကိုရေး ဝတ္ထု ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဆရာမဟာ စာတမ်းပေါင်းများစွာနဲ့ ဆောင်းပါးပေါင်းများစွာ ဖတ်ရှုလေ့လာပြီးမှ ဒီစာအုပ်ကို ဖန်တီးခဲ့တာပါ။
#မဟာ
Publisher Name: မဟာစာပေ
Publisher Address: အမှတ် (၆၃_B)၊ ၅_လွှာ (A)၊ အင်ကြင်းလမ်း၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။
Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။