Book Image
ဇော်ဇော်အောင်
စာရေးဆရာ ဇော်ဇော်အောင်ကို ၁၉၃၇ ခုနှစ် မေလ ၁၃ ရက်နေ့တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့၌ အဖ ဦးဘသက်၊ အမိ ဒေါ်တု တို့မှ မွေးဖွား ခဲ့သည်။ အမည်ရင်း ဇော်မြင့်သက်၊ ငယ်စဉ်က မုံရွာမြို့ အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းတွင် မူလတန်းမှ အထက်တန်း အထိ ပညာ သင်ကြား ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ မဟာ ဝိဇ္ဇာဘွဲ့ ရသည်။ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် လက်ထောက် ကထိက အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၄ ခုနှစ်ထုတ် သွေးသောက် မဂ္ဂဇင်းတွင် ‘ဇောသလ႞ာ’ ကလောင် အမည်ဖြင့် စာညွန့် တပုဒ် ဖော်ပြ ခံရပြီး ၁၉၅၆ ခုနှစ်၊ မန္တလေးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း တွင်လည်း The story of a friend pieseller (အင်္ဂလိပ် ဘာသာဖြင့်) ဝတ္ထုတို တပုဒ် ရေးသား၍ စာပေ လောကသို့ ရောက်ရှိ လာသည်။ နောက် ရှုမဝ၊ သရဖူ၊ ဟန်သစ်၊ မဟေသီ၊ ရနံ့သစ်၊ စတိုင်သစ်၊ ရုပ်ရှင် သစ္စာ မဂ္ဂဇင်းတွင် ဆောင်းပါး၊ ဝတ္ထုတို၊ အက်ဆေးများ လုံးချင်း စာအုပ်များ၊ အခြား လုံးချင်း ဝတ္ထု စာအုပ်လည်း ရေးသားခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ 

ပို့စ်‌မော်ဒန်သီဝရီများ
အနုပညာ၏အသုံးဝင်မှုတန်ဖိုးနင့် အနုပညာ၏တန်ဖိုး
စာ‌ပေါင်းသိုက်အက်‌ဆေးများ
ယုဇန မခင်ပျို
ပို့စ်‌မော်ဒန်သီဝရီများ
‌ဝေ‌ဝေရီရီ ဝတ္တု
အနုပညာမပါတဲ့ အနုပညာ
မကြည်ပြာနဲ့ ယုဇနမခင်ပျို
နှင့် အခြား စာအုပ် စာတမ်းပေါင်းများစွာတို့ဖြစ်သည်။

စုံထောက်စိုးအောင်ဝတ္တုတွေ၊ မော်ဒန်၀တ္တု၊ ဆောင်းပါးတွေနဲ့ မြန်မာစာပေနယ်မှာ ထင်ရှားတဲ့ စာရေးဆရာ ဇော်ဇော်အောင်ဟာ ဇန်နဝါရီ ၂၆ ရက်၊ ည ၉ နာရီက ရန်ကုန်မြို့ နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဆရာ ဇော်ဇော်အောင်ဟာ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာပြဆရာတယောက်လည်း လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

စာရေးဆရာချစ်ဦးညိုကတော့ ဇော်ဇော်အောင်ဟာ မော်ဒန်စာပေကို ခွဲခြမ်းစိတ်ဖြာရေးသားခဲ့တဲ့ စာပေပညာရှင်တယောက်လို့ မှတ်ချက်ပေး ပြောပါတယ်။

“မော်ဒန်စာပေကို ခွဲခြမ်းစိတ်ဖြာတဲ့ သီအိုရီသမားတယောက်လို့ ကျနော် သတ်မှတ်ချင်တယ်။ စိုးအောင်ဝတ္တု တွေက ဒါ သူ ပိုက်ဆံလိုချင်လို့ ရေးတာလည်း ဖြစ်နိုင်တယ်၊ အပျင်းပြေ ရေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် စိုးအောင်စုံထောက်ဝတ္တုတွေနဲ့ ဇော်ဇော်အောင် တည်ဆောက်ထားတာ မဟုတ်ပါဘူး၊ စကတည်းကိုက ဇော်-ဖော်-သင်း ဦးအောင်သင်း၊ ဦးစံဖော် ဇော်ဇော်အောင် ဆိုပြီး စာပေသဘောတရားနဲ့ စခဲ့တာပါ။”

ဇော်ဇော်အောင်ရေးတဲ့ နာမည်ကျော် ယုဇနမခင်ပျို ဝတ္တု ကို သဘင်မဂ္ဂဇင်းမှာ ၁၉၈၃ ခုနှစ်က ရေးပေးခဲ့တာလို့လည်း ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်ကနေ ၁၉၆၀ ပြည့်နှစ်မှာ မြန်မာစာဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ ရရှိခဲ့ပြီး သူ့ဂုဏ်ထူးတန်းဘွဲ့အတွက် ကျမ်းကို ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာများကို လေ့လာပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

လုံးချင်းဝတ္တု ၄၀ လောက်၊ စာပေသဘောတရားနဲ့ ​ဝေ ဖန်ရေးစာအုပ်ပေါင်း ၂၀ ကျော် ရေးသားထုတ်ေ၀ခဲ့ပြီး ကွယ်လွန်ချိန်အထိ စာစောင်တွေမှာ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

ဇော်ဇော်အောင် ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ သမီးတဦး ကျန်ရစ်ပါသည်။

Reference from: wikipedia

Written Books

Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

ဝတ္ထုတိုကိစ္စကလေး

ဇော်ဇော်အောင်
Book Review Image

လွမ်းဧရာဝတီ

ဇော်ဇော်အောင်
Book Review Image

မဟာမြိုင်အုန်းပေါက်

ဇော်ဇော်အောင်
Book Review Image

ဘက်ကက်၏ စကားပြေအတိုများ

ဇော်ဇော်အောင်