Book Image

ဝတ္ထုတိုကိစ္စကလေး

ဇော်ဇော်အောင်

ဇော်ဇော်အောင်

ဝတ္ထုတိုကိစ္စကလေး
စိတ်ကူးချိုချိုအနုပညာ
ပထမအကြိမ်၊ ဇူလိုင် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - unsplash image။
၁၀.၆ စင်တီမီတာ x ၁၆.၅ စင်တီမီတာ။
စာမျက်နှာ - ၄၁ ၊ တန်ဖိုး - ကျပ် ၇၀၀။

စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့် အမှတ်တရစာမွန်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်းထုတ်ဝေခဲ့သည့် ခေတ်ရနံ့မဂ္ဂဇင်း များတွင်ဖော်ပြခဲ့သည့် ဝတ္ထုတိုအရေးအသားဆိုင်ရာ စာတမ်းတစ်စောင် ဖြစ်ပြီး အခန်း ၅ ခန်းပါရှိသည်။



မော်ဒန်ဝတ္ထုတို Modern Short Fiction နှင့်ပတ်သက်၍ 

'' မော်ဒန်သမားတွေဟာ သူတို့ရေးတဲ့ ဝတ္ထုတိုတွေကို Short Story လို့ မခေါ်ကြဘူး။ 

Story ဆိုတဲ့ဇာတ်လမ်း၊ ဇာတ်ကွက်၊ အဖြစ်အပျက်တွေကို ပယ်ခဲ့ကြလို့ဖြစ်တယ်။

Story အစား သူတို့နှစ်သက်သုံးစွဲကြတာက Fiction ဖြစ်တယ်။ ဒါကြောင့် Short Fiction လို့ ခေါ်ဝေါ်သုံးစွဲ ကြတယ်။ '' ( စာမျက်နှာ ၂၀ မှ ) ဟု တင်ပြထားသည်။

မော်ဒန်ဝတ္ထုတို၏ လက္ခဏာတစ်ရပ်ဖြစ်သော Epiphany နှင့် ပတ်သက်၍ 

'' ဒီ Epiphany အဓိပ္ပာယ်အဖွင့်အဖြစ် အဆင်ပြေတဲ့ ဝေါဟာရတစ်ခုတော့ ရှိပါတယ်။( တစ်ခဏချင်း အတွင်း မှာ ရုတ်တရက်အမြင်တစ်ခုကို ရလိုက်တာ ) သို့မဟုတ် ( အမြင်တစ်ခုကို ရလိုက်တဲ့ တစ်ခဏ ) နဲ့ အဆင်ပြေတဲ့ ဝေါဟာရက Moment of Vision ပါပဲ။ ဆရာစဉ်သမား စဉ် လွန်စွာအရေးထားတဲ့ ဝေါဟာရ Epiphany / Moment of Vision ဟာ မော်ဒန်ဝတ္ထုတိုရဲ့ အသန့်စင်ဆုံး အနှစ်သာရ( အသည်းနှလုံး) ဖြစ်တယ်။ ဒီလို အဆို ရှိတယ်။ ( ..... such a moment of vision is quintessence of modernist short fiction. )

ဒီလို လျှပ်ပြက်သလို လင်းပွင့်သွားတဲ့ ( လင်းပွင့်မှု ) ဟာ ဝတ္ထုတိုမှာသာ ရှိတာမဟုတ်ဘူး။ 

တခြား အနုပညာအမျိုးမျိုးမှာ လည်း ရှိတယ်။ ဆိုကြပါစို့။ ပန်းချီ၊ ပန်းပု၊ ကဗျာ၊ ရုပ်ရှင်ဗီဒီယို၊ ဓာတ်ပုံ ပညာ၊ ဇာတ်သဘင်၊ အက၊ ကြော်ငြာအနုပညာ advertising art စတဲ့ အနုပညာတွေမှာလည်း 
ဒီ ( လင်းပွင့်မှု ) ဆိုတာရှိတယ်။ '' 
( စာမျက်နှာ ၃၂ နှင့် ၃၃ မှ )

ဝတ္ထုတိုအရေးအသားတို့အား စိတ်ဝင်တစားရှိကြသူတို့ ဖတ်ရှုသင့်သည့် စာတမ်းတစ်စောင်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၁၃ သြဂုတ် ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books