Book Image

ဘက်ကက်၏ စကားပြေအတိုများ

ဇော်ဇော်အောင်

ဇော်ဇော်အောင်

ဘက်ကက်၏ စကားပြေအတိုများ
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
၁၁ စင်တီမီတာ x ၁၈.၅ စင်တီမီတာ။
စာမျက်နှာ - က မှ ဆ နှင့် ၇၃ ၊ တန်ဖိုး - ကျပ် ၁၂၀၀။

စိတ်ကူးချိုချိုစာအုပ်တိုက် တည်ထောင်ခြင်း ၂၁ ပြည့် အမှတ်တရ ၂၁ အုပ် အစီအစဉ်ဖြစ်သည်။ '' နိုင်ငံတကာ စာ '' ဟု အမည်ပေးထားသည်။

'' ဘက်ကက် / BECKETT အကြောင်း အတိုချုပ် '' ကို 
မိတ်ဆက်ပေးထားသည်။



ဘက်ကက်၏ စကားပြေအတိုများဖြစ်သော '' ဟိုအဝေး မှာ ငှက်တစ်ကောင်၊ မမွေးခင်က ငါလက်လျှော့လိုက်သည်၊ ပိတ်လှောင်ထားသောနေရာ၊ ကမ ္ဘာမြေအို၊ တစ်ညနေခင်း၊ တိတ်ဆိတ်ငြိမ်သက် '' တို့ကို ၃ ဧပြီ ၁၉၉၈ မှ ၁၃ ဧပြီ ၁၉၉၈ အတွင်း၌ ဘာသာပြန်ဆိုထားသည်။

'' ဘာသာပြန်သူ၏ ဝေဖန်ရေးမှတ်ချက်အချို့ '' စာတမ်း ကို ၉ ဖေဖော်ဝါရီ ၂၀၀၀ က ရေးသားခဲ့ခြင်းဖြစ်ပြီး 
'' ဒုက္ခ၏ အာဇာနည်၊ ငြင်းပယ်ခြင်းလောဂျစ်၊ ငါသေဆုံး ခြင်း သို့မဟုတ် အတ္တပြိုကွဲခြင်း၊ သဒ္ဒါကိုလွန်၍ ( ဝါ ) သဒ္ဒါလွန်စကားပြေ၊ ရေခဲတောင်ထွတ်၊ ပို့စ်မော်ဒန်နိဂုံး၊ ဤစာတမ်း၏နိဂုံး '' စသည့် ခေါင်းစဉ်ငယ်များဖြင့် ဝေဖန်စိစစ်ထားသည့် စာတမ်း ဖြစ်သည်။

ဆယ်မြူရယ်ဘက်ကက် / SAMUEL BECKETT ၏ စာစု စာရင်းတွင် '' ဝတ္ထုရှည် / NOVELS ၊ စကားပြေ အတို / SHORT PROSE ၊ ကဗျာ / POEMS ၊ ဝေဖန်ရေး / CRITICISM ၊ ပြဇာတ် / PLAYS ၊ မြန်မာဘာသာ ပြန်များအတွက်မှတ်ချက်၊ နောက်ဆုံးနိဂုံး / CODA '' တို့ကို ဖော်ပြထားသည်။

'' ဆရာကြီး ဘက်ကက်၏ စာများသည် အလွန်ခက်ပါ သည်။ သာမန်စာဖတ်ပရိသတ်အဖို့သာမက လေ့လာ သူ၊ ကျွမ်းကျင်သူ၊ ဝေဖန်ရေးဆရာစသော ပညာရှင်များ ပင် သြချရလောက်အောင် ခက်ပါသည်။ ယနေ့အထိ သူ့အကြောင်း၊ သူ့စာများ အကြောင်း ရေးသားကြသော စာအုပ်စာတမ်းများမှာ ထောင်သောင်းမက များလှ၏။ အင်္ဂလိပ်လူမျိုး ထုတ်ဝေသူတစ်ဦး၏ အဆိုအရ ယနေ့ အထိ ထွက်သမျှစာအုပ်များတွင် ခရစ်တော် CHRIST က ပထမ၊ နပိုလီယံ NAPOLEAN က ဒုတိယ၊ ဝဂ္ဂနာ WAGNER က တတိယ အုပ်ရေအများဆုံးနေရာမှာ ရှိနေ သည်။ သက္ကရာဇ် ၂၀၀၀ တွင် ဆရာကြီးဘက်ကက် သည် စတုတ္ထအုပ်ရေအများဆုံးနေရာသို့ ရောက်ရှိလာ လိမ့်မည်ဟုဆိုသည်။ ပြောလိုသည်မှာ သူ့အကြောင်း နှင့် သူ့စာများအကြောင်း ရေးသားကြသော စာအုပ်စာ တမ်းများ အရေအတွက် များပြားလွန်းခြင်းကို ပြောလို ရင်းဖြစ်သည်။ တစ်ကမ ္ဘာ လုံးက သူ့စာများကို အလေး ထားကြခြင်းကို ပြောလိုရင်းဖြစ်သည်။ '' 
( ဘာသာပြန်သူ၏ ဝေဖန်ရေးမှတ်ချက်အချို့၊
စာမျက်နှာ ၂၅ နှင့် ၂၆ မှ )

၁၉၆၉ ခုနှစ်တွင် စာပေနိုဘယ်ဆု ချီးမြှင့်ခြင်းခံရသော်လည်း ဆုတက်ရောက်ယူခြင်း မရှိခဲ့သူ အိုင်ယာလန်ပြည်သား ဝတ္ထုတိုဆရာကြီး ဆယ်မြူရယ်ဘက်ကက် 
( ၁၉၀၇ - ၈၉ )၏ အရေးအသားအချို့ကို မြည်းစမ်းနိုင်မည့်အပြင် စိစစ်ဝေဖန်ချက်တို့ကိုလည်း ဖတ်ရှုခွင့်ရ သည့်အတွက် အကျိုးများစေသည့် စာအုပ်တစ်အုပ်ဟု ယူဆပါသည်။

မိုးမင်းသိမ်း
၃ အောက်တိုဘာ ၂၀၂၀


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books