Book Image
အောင်ချိမ့်
အောင်ချိမ့်
????✍⭐
ကဗျာအမွေ ပေးဝေသူ

အောင်ချိမ့် (၁၉၄၈ - ၂၀၂၁)

???? ကဗျာဆရာ အောင်ချိမ့်ကို ၁၉၄၈ ခုနှစ်၊ မေလ
၁ ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၌  အဖ ဦးဘအေး၊ 
အမိ ဒေါ်သန်းတို့က ဖွားမြင်သည်။  အမည်ရင်းမှာ 
ဦးကျော်သန်း ဖြစ်သည်။      

✍  ၁၆  နှစ်သား အရွယ်တွင်   ကဗျာ စရေးသည်။ 
ကဗျာရေးစက လေးလုံးစပ်ကဗျာကိုသာ ရေးခဲ့ပြီး နောက်ပိုင်းတွင်ကာရန်ကိုသာမကအကြောင်းအရာ
ကိုပါ ဖွံ့ဖြိုးတိုးတက်အောင် ပြောင်းလဲရေးဖွဲ့သည်။

⭐ ၁၉၆၅ ခုနှစ်တွင်  နိုင်ငံရေးလှုပ်ရှားမှုကြောင့်
ထောင်ဒဏ် ၁၅ လ ချခံရပြီး ၃ လ တိုက်ပိတ်ခံရ
သည်။ 

???? ၁၉၇၀ ပြည့်နှစ်မှစ၍ မိုးဝေမဂ္ဂဇင်းနှင့် အခြား
မဂ္ဂဇင်းများတွင် ကဗျာများ ရေးသားသည်။ 

✍ ၁၉၇၄ ခုနှစ်တွင် ဖော်ဝေး၊ မောင်ချောနွယ်တို့နှင့်
အတူ 'သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ' 
ကဗျာစာအုပ် (ဖယောင်းမူ) ကို ထုတ်ဝေခဲ့သည်။ 

⭐ ၁၉၇၄ ခုနှစ်တွင် 'ဂန္ထဝင်မမ' ကို ရေးဖွဲ့ပြီး ၁၉၇၉
ခုနှစ်တွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။

????      ၁၉၈၈    ခုနှစ်တွင်       နွေဦးကဗျာ  မဂ္ဂဇင်း၌ 
အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ 

✍ ၂၀၀၁ ခုနှစ်တွင် ဂျပန်ဘာသာဖြင့်ထုတ်ဝေသော အရှေ့တောင်အာရှ    စာပေလမ်းညွှန်      စာအုပ်တွင် 
'ပြီးခဲ့တဲ့  စနေနေ့နဲ့  ဆင်တူနေ့'  ၊  'အချစ်သီချင်း' နှင့်
'သောကြာနေ့တိုင်း' ကဗျာ ၃ ပုဒ် ကို ရွေးချယ်ဖော်ပြ
ခြင်း ခံရသည်။

⭐ အင်္ဂလန်နိုင်ငံ၌ ထုတ်ဝေသော Bones Will Crow
(2012) စာအုပ်တွင် ကဗျာ ၄ ပုဒ်၊  အမေရိကန်နိုင်ငံ၌ ထုတ်ဝေသော Bones Will Crow(2013) စာအုပ်တွင် ကဗျာ ၄ ပုဒ်   အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်   ပုံနှိပ်
ဖော်ပြခံရသည်။

???? ၂၀၁၃ ခုနှစ်တွင် ချမ်းအေးနှင့်ပူးတွဲ၍ 'Cheimt
& Chan text and visual Collaborate Works'   ကို
ပုံဖော်ခဲ့သည်။ 

✍ ပြဇာတ်မင်းသား (၂၀၀၃)၊ 
      ပုံပြောသူ (၂၀၀၃)၊ 
      ဒီစာမျက်နှာပေါ်က ငါ့ခြစ်ရာများ (၂၀၀၆)၊ 
      အသည်းစွဲ ကဗျာဆရာ (၂၀၀၈)၊ 
      တောလား (၂၀၁၀)၊ 
      ခင်ခင်ပျိုရေ စောင့်ခဲ့တယ် (၂၀၁၁)၊ 
      လူငယ်တစ်ယောက်အကြောင်း (၂၀၁၂)၊ 
      ပြည်သူလူထုအတွက် ကဗျာ 
      ငါ့ကဗျာကို ဖတ်ပါ (၂၀၁၃)၊ 
      ကပ်ဖ်ကာသို့ (၂၀၁၃)၊ 
      ဆေးရှူတဲ့မောင် (၂၀၁၃)၊ 
      များများစားစား (၂၀၁၄)၊ 
      ငါ့စုဗူး (၂၀၁၄)၊ 
      အန်တီ (၂၀၁၅) ဟူသော 
      ကဗျာစာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ 

⭐ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် စိတ်ကူးချိုချိုစာပေက
'မင်းက အောင်ချိမ့်လား'  အမည်ဖြင့် ကဗျာလုံးချင်း 
၁၄ အုပ်ပေါင်းချုပ်စာအုပ်ကို ထုတ်ဝေခဲ့သည်။ 

???? ၂၀၁၂ ခုနှစ်တွင် စင်ကာပူ 'ရသအလင်း' က 
ချီးမြှင့်သည့်      'တစ်သက်တာ ကဗျာဆရာဆု'၊  
၂၀၁၉  ခုနှစ်တွင်   အရှေ့တောင်အာရှစာပေဆု
(၂၀၁၆) တို့ကို ရရှိသည်။ 

✍   ကဗျာရေးခြင်း၊        ကဗျာနှင့် ပတ်သက်သည့်
ဆောင်းပါး၊ စာစုများ ရေးခြင်းဖြင့်သာ အသက်မွေး ဝမ်းကျောင်းပြု နေထိုင်ခဲ့သည်။   မြန်မာခေတ်ပေါ်
မော်ဒန်ကဗျာလောကကို               ဦးဆောင်ခဲ့သော 
ကဗျာဆရာများထဲတွင်                 အရေးကြီးသော
ကဗျာဆရာတစ်ယောက်ဖြစ်သည်။

"ကဗျာမရှိဘဲ ကျွန်တော် မနေနိုင်ဘူး။ 
အသက်ရှူသလို ရေသောက်သလို ထမင်းစားသလိုပဲ
ကဗျာက ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ 
ကဗျာရေးဖို့ တကူးတက ကြိုးစားမနေရဘူး။ 
ကဗျာတွေကသာ သူ့အလိုလို 
ကျွန်တော့်ခေါင်းထဲကို ရောက်လာတာ။ 
အဲ့ဒါက ကံဆိုးတာလား၊ ကံကောင်းတာလားတော့ 
မသိဘူး။ ကျွန်တော့်ရဲ့ ကြမ္မာပဲ။ 
ကျွန်တော် အရင်ဘဝက ကဗျာဆရာ ဖြစ်ခဲ့လိမ့်မယ်။ 
နောက်ဘဝလဲ ကဗျာဆရာပဲ ဖြစ်ချင်တယ်" ဟု အင်တာဗျူးတစ်ခုတွင် ကဗျာနှင့်ပတ်သက်သော 
ခံယူချက်ကို ဖွင့်ဟခဲ့သည်။ 

⭐ ကဗျာအမွေ ပေးဝေသူ ကဗျာဆရာ အောင်ချိမ့်
သည်  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ တနင်္လာနေ့ 
ည ၈နာရီ ၁၂မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ညွန့်
ညွန့်သိန်း၊ သမီးဒီပါချိမ့်ချိမ့်နှင့်အိပ်မက်ချိမ့်ချိမ့်တို့ ကျန်ရစ်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၁၀၊ ၈၊ ၂၀၂၁

ကျမ်းကိုးစာရင်း
ခင်မာသက်၊ ဒေါက်တာ။ (၂၀၂၀)။ ခေတ်ပေါ်ကဗျာဖန်တီးသူနှင့် ဖန်တီးမှုအနုပညာ။ ရန်ကုန်၊ အောင်စည်နေမျိုးစာပေ။

ပြည့်မင်း၊ မောင်။ (၂၀၁၈)။ မြန်မာခေတ်ပေါ်ကဗျာ လက်ရွေးစင် (ဒုကြိမ်)။ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ။



Reference from: facebook

Written Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်