Book Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်

စုစုပေါင်း ကဗျာ ၃၁ ပုဒ် ပါဝင်တယ်။ နှစ်ပုဒ် တစ်တွဲ၊ သုံးပုဒ် တစ်တွဲ၊ လေးပုဒ် တစ်တွဲ စသဖြင့် အတွဲလိုက်ဖတ်ရမယ့် ကဗျာတွေကို စုစည်းထားတာ ဖြစ်တယ်။

ကိုယ်ရေးအကျဥ်းနှင့်ရေးသားခဲ့သောစာအုပ်များ

https://savethelibrarymyanmar.org/author/25/show



အောင်ချိမ့်

ရုပ်ရှင်ကြည့်ခြင်း

ပန်းပွင့်မှ အချစ်သီချင်းတစ်ပုဒ်
ကြားရတယ်။
အလိုမပြည့်ခြင်းဖြင့်
ဘဝကို ဖက်တွယ်ထားရဲသူများအား
သူရဲကောင်းဟု ခေါ်ဆိုပါဘိ။
စာအုပ်တစ်အုပ်မှ ကစားစရာတစ်ခု
ကောက်ရတယ်။
' ကမ္ဘာရဲ့ မြေကြီးအားလုံးမှာ
စားသောက်ပင်ချည်း စိုက်မလို့ ' တဲ့။
ဥယျာဉ်ထဲမှာ လူသေအလောင်းပေါ့
ပျော်ကျနေတယ်။
မြေပဲဆားလှော်တစ်ထုပ်ဝါးလို့။
ဒီဇိုင်းနဲ့ ရှပ်အကျႌကို
ရှိုးတိုးရှန့်တန့် မဝတ်ကြနဲ့။
' အဓိပ္ပာယ် ' တဲ့
သူကိုယ်တိုင်ကမှ အဓိပ္ပာယ်ရှိတာမဟုတ်တာ။
' လူ ' . . . တဲ့
ဆိုက်ကားပေါ်မှာပေါ့။
' လ ' သွား ဒုံးပျံထဲမှာပေါ့။
ဗင်းဆင့်ဗန်ဂိုး၏ အလိုအရ
' ကျွဲနွားများရဲ့ ပုံတူရေးဆွဲရန်
တိရစ္ဆာန်ကဲ့သို့ နေထိုင်ရန် လိုအပ်ခဲ့၏ '
သောက်ရေတစ်ခွက် သောက်ရခဲ့သည်။
ဘယ်လောက်ထိတ်လန့်ဖို့ ကောင်းသလဲ
ဖြစ်ခဲ့ပြီ . . . တဲ့
ဖြစ်ခဲ့ပြီ . . . တဲ့
ဇန်နဝါရီ၊ ၅ ရက်၊ တနင်္လာနေ့
(ညီမလေးရယ်)
အမှုတစ်ရာ တွေ့ခဲ့ပြီ။
သင်္ခါရလောကထဲမှာ
အဲသလို
လူအဖြစ်ရဲ့မာရ်နတ်များ
ဖြတ်သွားခဲ့၊ ရပ်နားခဲ့
ငါ့သမာဓိအားကို ဖွဲ့နွဲ့တယ်။
ခေါင်မိုးက လရိပ်မှာ
ငါ့ဝိညာဉ်ဟာ မြင့်မြတ်နေရဲ့။
ခန္ဓာကိုယ်ဟာသာ
အလင်းမှုန်မှုန် . . . 
ထောင့်ကွေးလေးတစ်ခုမှာ ထိုင်လို့ပေါ့။       ။

#ဖတ်ရပါလိမ့်မယ်
နောက်တစ်ချိန်ကျရင်
ခက်ခဲမယ်၊ နက်နဲမယ်
အာမေဋိတ်သုံးမယ်
မြည်သံစွဲသုံးမယ်။
လိုအပ်ရင်
ဘရိတ်သုံးမယ်။
ဟေ့ . . . ဘာလို့ အရေးတကြီး
အရေးကြီးနေရတာတုံးကွ။
ဥပမာ ဥပစာ အလင်္ကာများ
လာပါလိမ့်မယ်။
နေထွက်မယ်
ကားတွေ ပြေးမယ်။
အလုပ်ဝင်မယ်။
အလုပ်လုပ်မယ်။
အချိုရည်သောက်သလို ငွေသက်သာ၊ လူသက်သာ
အသက်ရှုဖို့ သက်သာ၊ အဆင်ပြေပါလိမ့်မယ်။
ရေမိုးသန့်စင်ပြီး စံပယ်ပန်းကလေး
စံပယ်ပန်းကလေး ရှိပါတယ်။
ဒေါက်ဖိနပ်၊ ဂေါက်ဂေါက်ဖိနပ်၊ ဖိနပ်များ
ဖိနပ်များ ဖိနပ်များ
ဖိနပ်များ ဖိနပ်များ
ဖတ်ရပါလိမ့်မယ်။
သောင်းဂဏန်းများများ များနဲ့
ရာဂဏန်းနည်းနည်း များနဲ့
ဆတူ၊ ဘဝတူ
ဖတ်ရပါလိမ့်မယ်။
ငါတို့ဟာ ဖတ်တယ်၊ မှတ်တယ်၊ လေ့လာတယ်၊ 
ရေးတယ်။
ငါတို့ဟာ ရေးတယ်၊ လေ့လာတယ်၊ မှတ်တယ်၊
ဖတ်တယ်။
ငါတို့ဟာ ဖတ်တယ်၊ မှတ်တယ်၊ လေ့လာတယ်၊
ရေးတယ်။       ။

' ၁၃ ကြောင်းပါ ကဗျာ '

မနှစ်က ဆောင်းတွင်းက စောင်လွတ်နေတဲ့ ငါ့ခြေထောက်
' ဖရီဒါ ' ပန်းချီစရေးတဲ့ ခြေထောက်လိုပဲ ငါ ပြန်မြင်နေရ
အိပ်မက်အစုံစုံ လှည့်လည်ခရီးသည်ပမာ မပြီးသေးဘူး
ပန်ကာမဖွင့်ရ လက်မဆေးရ ( မင်းက ဘာလိင်လဲလို့ အမေးခံရ )
ကမ္ဘာကျော်ခွင့် လျစ်လျူရှုရ
ငါ့ကိုယ်တိုင် ကိုယ်ရေးကိုယ်တာ ဘယ်လမှာမွေး
ဘယ်နေ့မှာ သေ ဘယ်နေ့ လက်ထပ်
စာရင်းစာရွက်စာတမ်းတွေ တစ်ထပ်ကြီး လူ့ဘဝ
ဂုဏ်ယူဖွယ်လို့ ထင်နိုင်ပါတယ်
မထင်ချင်လည်း အခြားတစ်ခု ထင်နိုင်ပါတယ်။
ငါတို့ အခုလို ဒီမှာကြုံခဲ့လို့ ပျော်နိုင်ပါတယ်။
ငါတို့ အချိန်မတိုင်မီ အချိန်လိုချင် ချင်ခြင်းတပ်ပါတယ်
မနှစ်က ဆောင်းတွင်းက စောင်လွတ်နေတဲ့ ငါ့ခြေထောက်။       ။
-- ရုပ်ရှင်တေးကဗျာ၊ ဖေဖော်ဝါရီ၊ ၂၀၁၅။

နတ်သမီးပုံပြင်

အရောင်လက်လက်လွင်လွင် ပလတ်စတစ်ခုံလေးတွေဟာ
သူ့နေရာနဲ့ သူ့ဣနြေ္ဒနဲ့
ပန်းချီပန်းပုပြပွဲ အထူးတင်ဆက်မှုလို
ငါ့ကို ဖမ်းစားတယ်။
ငါတို့ ဝင်ထိုင်လိုက်တော့
ပျောက်သွားပြီ။       ။

စုစုပေါင်း ကဗျာ ၃၁ ပုဒ် ပါဝင်တယ်။ နှစ်ပုဒ် တစ်တွဲ၊ သုံးပုဒ် တစ်တွဲ၊ လေးပုဒ် တစ်တွဲ စသဖြင့် အတွဲလိုက်ဖတ်ရမယ့် ကဗျာတွေကို စုစည်းထားတာ ဖြစ်တယ်။  BookHouse က ထွက်ရှိပြီးတဲ့ စာအုပ်တွေကိုကြော်ငြာတဲ့စာမျက်နှာပေါင်း ၂၉ မျက်နှာအထိ ထည့်သွင်းဖော်ပြထားတာကတော့ အတော်ကလေး စိတ်ပျက်စရာကောင်းလှတယ်။

ကဗျာတစ်ဦးတစ်ယောက်များ
အောင်ချိမ့်
၂၀၁၆၊ အောက်တိုဘာ၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၂၄၀၀ ကျပ်

#လူသာမန်
8.12.2016; 7:11 pm


Publisher Name: The Book House

Publisher Address: 09 500 8727, 09 501 0851, 09 979 606010

Publisher Phone Number: 09 500 8727


Related Books

Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ