Book Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ
◾တန်ဖိုး ၅၅၀၀ ကျပ် ၊ စာ ၁၂၈ ၊ အုပ်ရေ ၅၀၀ ၊
◾ပထမအကြိမ် ဇူလိုင်လ ၂၀၂၃ ၊
စာအုပ်မှာရန်

ကဗျာဆိုတာ... 
ဘာသာစကား စာပေရဲ့ လှပတဲ့ အနုပညာဒြပ်၊ 
ကဗျာကို ချစ်သူ သံယောဇဉ်ရှိသူ 
ကဗျာနဲ့ သက်ဆိုင်သူဟု ကိုယ့်ကိုယ်ကိုယ် ယူဆသူတို့ 
ဖတ်ရှု လေ့လာ တွေးဆ ဆွေးနွေး စရာ၊ 
မြန်မာစာပေ မြန်မာကဗျာနဲ့ မကင်းသူတို့ 
မြည်းစမ်းစရာ၊ 
မြန်မာစာ မြန်မာကဗျာ 
ပညာရပ် လေ့လာရှုမြင်ချက် နဲ့ ခံစား ဖန်တီးချက် တို့ရဲ့ 
ဆုံမှတ်၊ 


# စာပေဆိုင်ရာ ပညာရပ် စာအုပ် ။

# သုလင်းဝေ
ဒီတစ်ခါလည်း လင်းသစ်ပြည် စာအုပ်တိုက်ကို တည်ထောင်သူက စပြောရမှာပါ ။ K Zaw ကွန်ပျူတာလုပ်ငန်းကို အကြာကြီး လုပ်ကိုင်ခဲ့လို့ ကိုကေဇော် လို့ သိကြသူများပေမယ့် သူ့အမည်က " ခင်ဇော်မောင် " ဆိုတဲ့ရှားပါးအမည် ပိုင်ရှင်ပါ ။ ခင်မင်မှု နှစ် ၂၀ ကာလ ကျော်ကျော်ပါ။ စာဖတ်များသူမို့ စာပေတန်ဖိုးရှိတဲ့ ဒီစာအုပ်မျိုး ထုတ်တာဖြစ်ပါလိမ့်မယ် ။
                ဆရာ သုလင်းဝေ ပြုစုတဲ့စာအုပ်က ဘယ်လိုစာအုပ်မျိုးလဲ - ။ မြန်မာစာပေကို အလေး ဂရုပြုသူတွေ ဖတ်ကြရုံမက အကိုးအကားပြုစရာ သုတေသနပြုပြီး စေ့စေ့စပ်စပ် တင်ပြထားတဲ့စာအုပ်မျိုး ။
                ဘယ်လို အကြောင်းအရာမျိုးတွေ တွေ့နိုင်မလဲ - ။ ရှေးကဗျာ ရှေးစာတွေရဲ့ဟန် လင်္ကာညှပ် နဘေထပ် စာသွားစာဟန်တွေကနေ ရိုးရှင်းလှပ အတွေးပါသော ( ခေတ်နဲ့လျော်ညီသည့်စာပေ ) ခေတ်စမ်း စာပေရဲ့ တန်ဖိုးတွေကိုတွေ့ရမှာပါ။ ခေတ်စမ်း စာပေလို့ ပါမောက္ခဆရာကြီး ဦးဖေမောင်တင်က ကင်ပွန်းတပ်ပေးခဲ့ပြီး သိပ္ပံမောင်ဝ ၊ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် ၊ ကုသ ၊ ပါမောက္ခ ဦးအေးမောင် ၊ ဒေါ်ခင်စောမူ စသဖြင့် ရန်ကုန်တက္ကသိုလ် အဝန်းအဝိုင်းမှ စတင်စမ်းသပ် ထိုးဖောက်ရေးသားလာကြတဲ့ စကားပြေ နဲ့ ကဗျာ အဖွဲ့အနွဲ့တွေဟာ ခေတ်စမ်းစာပေများဖြစ်ပါတယ် ။
               ဒီလို အရေးပါတဲ့ မြန်မာစာပေ ခေတ်တစ်ခေတ်ရဲ့ လက်ရာတွေထဲက ခေတ်စမ်းကဗျာတွေမှာ နိမိတ်ပုံ ( image ) ထည့်သွင်းရေးသားလာကြပုံတွေကို ခြေခြေမြစ်မြစ်သုတေသန ပြုထားတဲ့ စာတမ်းလို့လည်း ဆိုရပါမယ် ။ ဒီစာအုပ်ထဲက စာတွေရဲ့ လေးနက် တန်ဖိုးရှိပုံကို ဆရာမောင်ခင်မင် ( ဓနုဖြူ ) နဲ့ ဒေါက်တာဒေါ်ခင်သန်းဦး ( ဆရာမ မမိုးမြေ ) တို့က သုံးသပ် နိဒါန်းသွယ် အမှာစကား ဆိုထားတာတွေလည်း စာအုပ်ရှေ့ဆုံးမှာ ဖတ်ကြရပါမယ်။
               နိမိတ်ပုံ တွေက စာကိုဘယ်လိုတန်ဖိုးရှိစေသလဲ ၊ မြန်မာစာပေ မှာ မြန်မာကဗျာမှာ နိမိတ်ပုံကို ဘယ်လိုသုံးခဲ့ကြသလဲ - ။ ဆရာ သုလင်းဝေ ရဲ့အားထုတ်မှုစာအုပ်မှာ အကဲဖြတ်နိုင်ကြပါပြီ။

ကြည်လင်အေး


Publisher Name: လင်းသစ်ပြည် စာပေ

Publisher Phone Number: 450 827 699, 771 048401


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်