Book Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်

ဂျိုဇော်
ဝဋ်ဖြူစင်ကြယ် ကဗျာများ
၂၀၁၈ ဒီဇင်ဘာ ပကြိမ်
မျက်နှာဖုံး ဝေမင်းအေး
အုပ်ရေ ၁၀၀၀
စာ ၉၄
ဥတ္တရလွင်ပြင်စာပေ
၁၀၀၀ကျပ်



အပိုင်း(၃)ပိုင်း ပါရှိပြီး 
အပိုင်း(၁)တွင် ကဗျာ(၁၅)ပုဒ်
အပိုင်း(၂)တွင် ကဗျာ(၄၉)ပုဒ်
အပိုင်း(၃)တွင် ကဗျာ(၇)ပုဒ်
စုစုပေါင်း(၇၁)ပုဒ်ပါဝင်ပါသည်။ 

ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများ၊
ဖတ်မှတ်လေ့လာခဲ့သော အကြောင်းခြင်းရာများနှင့်
ထိရှခံစားခဲ့ရသော ရသများကို သန္ဓေတည်၍ ကဗျာစာဆို ဆရာဂျိုက ရသမြောက်ရေးဖွဲ့ထားသောကဗျာများဖြစ်ပါသည်။ 

သပြေနဲ့ပိတောက်ကဗျာမှာ လူထုဒေါ်အမာ၏ ကျေးဇူးတရားကို အမွှမ်းတင်ထားတာ ဖြစ်ပါသည်။
မြိုင်ရဲ့မြကတော့ ဆရာမြသန်းတင့်အမှတ်တရ ဂုဏ်ပြုကဗျာဖြစ်ပါသည်။
ပြောင်းဖူးသည်မလေး မယ်ညှာအကြောင်းကိုတော့ ဆောင်းမင်းသမီးဆိုသော ပြုတ်အိုး အဲ ကဗျာထဲမှာ ထည့်ရေးထားပါသည်။
ညီလေး ညီမလေးတွေကို ငဲ့ညှာပြီး ဖလန်နယ်အကွက်ကလေးကို သူ့အတွက် ဝယ်ပေးဖို့ မလိုတော့ကြောင်း သည်နှစ်ဆောင်းက ချမ်းမှမချမ်းတာဟု ကဗျာဖွဲ့ကာ ဆရာဂျိုက လိမ်ညာပြောဆိုခဲ့ပါသည်။
ကမောက်ကမ ဖြစ်ချင်တိုင်းဖြစ်နေသည့် လောကကို တို့တောရွာကဗျာတွင် တွေ့မြင်နိုင်ပါသည်။
သစ္စာဟူသည့် အမှန်တရားပြန်အလာကို ထွေးညိုကဗျာနှင့်အတူ မျှော်လင့်စောင့်စားကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေးစေ့စပ်ဆွေးနေစဉ် တွံတေးသိန်းတန်သီချင်းတွေဖွင့်လျှင် စိတ်သဘောထားတွေနူးညံ့သွားနိုင်ကောင်းပါရဲ့လို့ တွံတေးသိန်းတန်လော်စပီကာကဗျာဖြင့် တောင့်တထားပါသည်။
ပင့်ကူဟာ ပင့်ကူအိမ်ကို လွမ်းသလို
တောင်လေးလုံးမှာထိုင်ရင်း တောင်လေးလုံးကို လွမ်းရသည့်အကြောင်း တောင်လေးလုံးကဗျာဖြင့် အလွမ်းဖြေထားပါသည်။
အလွန်ကြိုက်မိသည့် ကဗျာကတော့ ရာဇဝင်လူဆိုးကို ငါဖမ်းထားတယ်(နိုင်ငံရေး)ကဗျာ ဖြစ်ပါသည်။
ခြေထောက်တွေရိုက်ချိုးခံရ၊ နံရိုးတွေခြေမွခံရ၊ ဗိုက်အမွှေခံရ၊ လျှာအဖြတ်ခံရ၊ မျက်လုံးအဖောက်ခံရသူသည် ရက်စက်ယုတ်မာသည့် ရာဇဝင်လူဆိုးကို အနာခံကာ ဖမ်းဆီးထားသည့်အကြောင်းဖြစ်ပါသည်။ တစ်ကိုယ်လုံး မွမွကြေနေခြင်းသည်ပင် ရာဇဝင်လူဆိုး၏ လုပ်ရပ်ကို သက်သေပြနေခြင်းပဲ မဟုတ်ပါလား။ အဲသည်(အနာခံ)သက်သေတွေကပဲ ရာဇဝင်လူဆိုးကို အမိအရဖမ်းချုပ်ထားနိုင်တာ ဖြစ်ပါသည်။ ရာဇဝင်လူဆိုးကဗျာကို စာမျက်နှာ(၆၈)မှ လူနာမှတ်တမ်းကဗျာဖြင့် ယှဉ်ဖတ်ခံစားကြည့်နိုင်ပါသည်။
အသက်ထွက်သွားအောင် နှလုံးသားတည့်တည့်ကို ဓားနဲ့ထိုးပြီးချိန်တွင် မျက်နှာ ဝမ်းဗိုက် လည်ပင်းစသည်နေရာများကို အပင်ပန်းခံပြီး ဓားဖြင့် ဆက်ထိုးရန်မလိုအပ်တော့ကြောင်း အကယ်ဒမီရှော့ကဗျာမှာ ဖတ်ရှုခံစားနိုင်ပါသည်။
ကဗျာတစ်ပုဒ်ဟာ စကြာဝဠာကို ဆွဲဆုတ်နိုင်သတဲ့လား ဆရာဂျို။ ဝဋ်ဖြူစင်ကြယ်ကဗျာကို ဖတ်ပြီး ရယ်လိုက်ရတာ ကျွန်တော်ဖြင့် သေးတောင်ထွက်ပါသည်။
ချိုတဲ့မြို့ကလေးကဗျာကတော့ သူ့ကျောင်းတက်ခဲ့သည့်မြို့ကလေးကို ဆရာဂျိုက ဇန်းတင်ထားတာဖြစ်ပါသည်။
အိမ်ထောင်သည်ကဗျာလေးကတော့ နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ကြရသည့် သဘောသဘာဝကို ပြလိုရင်းဖြစ်ပါလိမ့်မည်။ ကိုယ်က သိဒ္ဓတ္ထမဟုတ်ပါဘဲ မယ်ယသော်ကို မမျှော်နဲ့တဲ့။ မိမိက ယသော်မဟုတ်ဘဲ သိဒ္ဓတ္ထ မတနဲ့တဲ့။
သူ့စက်ဘီးက ချိန်းခဏခဏကျလို့ ကိုယ့်အဖြူအစိမ်းကျောင်းဝတ်စုံလေး ပေပွသဖြင့် ခဏခဏလျှော်ရသည့်အကြောင်းရေးထားသည့် ကျောင်းသွားဖော်ကဗျာကို ဖတ်ရင်း ကျောင်းသားဘဝကို ကျွန်တော်ပြန်ရောက်သွားခဲ့ပါသည်။

ပဉ္စရူပကဗျာကိုတော့ ကျွန်တော်လွန်စွာနှစ်သက်မိသဖြင့် တစ်ပုဒ်လုံး ဖော်ပြလိုက်ပါသည်။
အဲသည်ဝတ်စုံကို
သဘာဝတရားက
မင်းကိုယ်တိုင်း အတိုင်း
ချုပ်ပေးလိုက်တာ...
မင်းက
ဆင်လည်းဖြစ်ချင်
မြင်းလည်းဖြစ်ချင်
ငါးကြင်းလည်းဖြစ်ချင်
တိုးလည်းဖြစ်ချင်
နွားလည်းဖြစ်ချင်နဲ့ ...
ဖြစ်ချင်တာ အကုန်ဖြစ်တော့
သတ္တဝါတွေ စိတ်ညစ်တယ်။ ။

ဝဋ်ဖြူစင်ကြယ်တွင် 
နိုင်ငံရေးပါပါသည်။
ငြိမ်းချမ်းရေးပါပါသည်။
စီးပွားရေးပါပါသည်။
စားဝတ်နေရေးပါပါသည်။
ကျပ်တည်းမှုတွေပါပါသည်။
ပင့်သက်မောသွားစေနိုင်တာတွေပါပါသည်။
ဟာသပါပါသည်။
ဒေါသဖြစ်စရာတွေပါပါသည်။
မချင့်မရဲဖြစ်ရမှုတွေပါပါသည်။
ကျေနပ်နှစ်သက်စရာတွေပါပါသည်။
အမေမာ၊ ကိုပညာ၊ ဆရာမြစသည့်စာရေးဆရာတွေပါပါသည်။
ကိုသစ္စာ၊ ထွေးညိုပါပါသည်။
တွံတေးသိန်းတန်ပါပါသည်။
ဗိုလ်ချုပ်ရယ် ဒေါ်စုရယ် ပါပါသည်။
တောကြောင်၊ ကြွက်၊ နွားသိုး၊ ပဉ္စရူပ၊ အိမ်မြောင်စသည့် တိရစ္ဆာန်တွေပါသည်။
နတ်ဒိုးလည်းပါပါသည်။
ရပ်အကျိုးရွာအကျိုးတွေလည်းပါပါသည်။
လောကဓမ္မအရေးတွေပါပါသည်။
ရာသီဥတုအကြောင်းပါပါသည်။(ဆောင်းအကြောင်းကိုတော့ ၄ပုဒ်ထက်မနည်း ဆရာဂျိုဖွဲ့ထားတာ သတိထားမိပါသည်။ ဆောင်းမင်းသမီး၊ သည်နှစ်ဆောင်းကချမ်းမှ မချမ်းတာ၊ ဆောင်းပြန်ပေး၊ ဆောင်းမှာ ပွင့်တဲ့ပန်း စသည်)
ကမောက်ကမတွေပါပါသည်။
ချင့်ချိန်ရမယ့်ဟာတွေပါပါသည်။
ပြုပြင်ရမယ့်အကြောင်းတရားတွေပါပါသည်။
အနုပညာအကြောင်း ကဗျာအကြောင်း သီချင်းအကြောင်း စာအကြောင်းပေအကြောင်း လူတွေအကြောင်းပါပါသည်။

ထိုမျှစုံလင်လှပေမယ့် မပါတာကတော့ ဆွတ်ပျံ့ဖွယ်ဖေတော့မောင်တော့ အကြောင်းတွေ ဖြစ်ပါသည်။ အသက်အရွယ်အရ ကလက်တက်တက်ကဗျာများကို ဆရာဂျို မဖွဲ့ဆိုချင်တော့တာများလား မသိပါ။

ဇောသန် စျာန်ရလို့ ဆရာဂျို ဆိုထားပေမယ့် ကဗျာတွေကို စျာန်ရတိုင်း ဆက်တိုက်ဖွဲ့ပစ်လို့ ထင်ပါသည်၊ အကြောင်းအရာတွေ၊ ခံစားချက်တွေ၊ အဖွဲ့အနွဲ့တွေ ထပ်နေတာကို ဆရာဂျိုတစ်ယောက် မရှောင်နိုင်တာ တွေ့ရပါသည်။ ဥပမာ- ကြာတော့... ကုက္ကိုပင်ကြီးက ငါ့ကိုအားနာ၊ ငါလည်း ကုက္ကိုပင်ကြီးကိုအားနာ စာ-၄၂။ ကြာတော့... သပြေပန်းက ထွေးညိုကိုအားနာ၊ ထွေးညိုက သပြေပန်းကိုအားနာ စာ-၂၄။ 

ဓာတ်ပုံ - Jo Zaw
#Aung Aung Htwe


Publisher Name: ဥတ္တရလွင်ပြင်စာပေ


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ