Book Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း

မောင်ပြည့်မင်း
ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်
နှစ်ကာလများစာပေ၊
ပထမအကြိမ် ၊ ဒီဇင်ဘာ ၂၀၁၈။
မျက်နှာဖုံး - မောင်ဒေး ။
၁၃.၅ စင်တီမီတာ x ၂၀.၈ စင်တီမီတာ။
စာမျက်နှာ - ၁၃၇ ၊ တန်ဖိုး - ကျပ် ၂၀၀၀ ။




၈ ဇူလိုင် ၂၀၁၇ က ရန်ကုန်တက္ကသိုလ် မြန်မာစာဋ္ဌာန တွင် ကျင်းပခဲ့သော ခေတ်ပေါ်ကဗျာ ( မော်ဒန်ကဗျာ ) စာတမ်းဖတ်ပွဲ ၌ ဆရာမောင်ပြည့်မင်းဖတ်ကြားတင်ပြ ခဲ့သည့် '' မြန်မာခေတ်ပေါ်ကဗျာဆရာတို့ သုံးစွဲသော ကဗျာဖွဲ့ပုံ နည်းလမ်းများ '' စာတမ်းနှင့် '' မြန်မာခေတ်ပေါ်ကဗျာလမ်းကြောင်းပေါ်မှ ကျောက်ပုံနှိပ်ကဗျာစာ အုပ်များနှင့် ထုတ်ဝေခွင့်မဲ့ ပုံနှိပ်ကဗျာစာအုပ်များ'' စာတမ်း တို့ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။

'' ခေတ်ပေါ်ကဗျာဆိုသည်မှာ ပရမ်းပတာ စည်းမူဘောင်မရှိ ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်မူဘဲ ' ကဗျာဆရာများ၏ အဆင့်ဆင့်တီထွင်၍ ဖွံ့ဖြိုးအောင် ဝိုင်းဝန်းကြံဆောင်ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့သော စာပေအနုပညာ တစ်ရပ်ဖြစ်ကြောင်း ' သိစေလိုသောဆန္ဒဖြင့် ပြုစုတင်ပြရခြင်း ဖြစ်ပါ သည်။ '' ဟု '' မြန်မာခေတ်ပေါ်ကဗျာဆ ရာတို့ သုံးစွဲသော ကဗျာဖွဲ့ပုံ နည်းလမ်းများ '' စာတမ်းပြု စုရခြင်း၏ ရည်ရွယ်ချက် ကို ဆရာမောင်ပြည့်မင်းက ဖော်ပြထားသည်။

မြန်မာခေတ်ပေါ်ကဗျာဆရာတို့ သုံးစွဲသော ကဗျာဖွဲ့ပုံ နည်းလမ်းများ အား ခေတ်ပေါ်ကဗျာစတင်ရာ ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ၊ ၁၉၉၀ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ ( စာပေစိစစ်ရေး ရပ်စဲချိန်ထိ ) နှင့် ၂၀၁၂ ခုနှစ်မှ ယခုအချိန်အထိ ဟု အပိုင်း ၃ ပိုင်း ခွဲခြား၍ လေ့လာသုံးသပ်ထားသည်။

'' ခေတ်ပေါ်ကဗျာမတိုင်ခင် ပေါ်ပေါက်ခဲ့သော မြန်မာက ဗျာများနှင့် လုံးဝကွဲပြားခြားနားချက်မှာ 'ခေတ်ပေါ်ကဗျာ သည် မည်သည့်ကာရန်စနစ်ကိုမျှ လိုက်နာခြင်းမရှိ' ဟူသောအချက် ဖြစ်ပါသည်။'' ( စာမျက်နှာ ၁၂ မှ ) ဟု ဆရာမောင်ပြည့်မင်းက ဖော်ပြထားသည်။

'' ဖော်ဝေး၊ မြေချစ်သူ၊ မောင်ပန်းမွှေး၊ အောင်ပြည့်၊ သစ္စာနီ၊ အောင်ချိမ့်၊ သိဒ္ဓတ္ထလှိုင် ( သုခမိန်လှိုင် ) ၊ ဇော် ( ပျဉ်းမနား ) ၊ မောင်ချောနွယ်၊ လှသန်း၊ ကြည်ဇော်အေး၊ မောင်ပြည့်မင်း၊ ဇေယျာလင်း၊ မိုးဝေး၊ လူဆန်း၊ မိုဃ်းဇော်၊ စိုင်းဝင်းမြင့်၊ မောင်ယုပိုင်၊ မြေမှုန်လွင်၊ ဟိန်း မြတ်ဇော်၊ လင်းရမ္မာ၊ မင်းထက်မောင်၊ ခရမ်းပြာထက်လူ၊ ခွန်းချို၊ လောက၊ မယ်ယွေး၊ မွန်းသူ အိမ်၊ သကောင့် သား၊ နေမျိုးဆက်လူ၊ ပန်ဒိုရာ၊ စုမီအောင်၊ ဟံလင်း၊ မှူးနေဝန်း၊ မောင်ဒေး၊ မင်းနဒီခ၊ ရှိန်ဝါ၊ လူလန်း'' စသည့် ကဗျာဆရာ၊ကဗျာဆရာမ ၃၇ ဦး၏ ကဗျာ ၄၈ ပုဒ်ကို ကဗျာဖွဲ့ပုံနည်းလမ်း ဥပမာများအဖြစ် တင်ပြဆွေးနွေး ထားသည်။

'' မြန်မာခေတ်ပေါ်ကဗျာလမ်းကြောင်းပေါ်မှ ကျောက်ပုံ နှိပ်ကဗျာစာအုပ်များနှင့် ထုတ်ဝေခွင့်မဲ့ ပုံနှိပ်ကဗျာစာ အုပ်များ စာတမ်း'' အား ၁၅ သြဂုတ် ၂၀၁၈ ရက်စွဲဖြင့်ရေးသားထားခြင်းဖြစ်သည်။

 ၁၉၇၃ ဧပြီ တွင် ထုတ်ဝေခဲ့သည့် နွေဦးသစ်မှာ ပေါ်တဲ့ ပွင့်သစ် မှ ၁၉၉၆ ဖေဖော်ဝါရီတွင် ထုတ်ဝေခဲ့သည့် ရာစုသစ်မြစ်ကျဉ်း ၄ အထိ ခေတ်အဆက်ဆက်မှ ကျောက်ပုံနှိပ် ( ဂက်စတင်နာ )  ကဗျာစာအုပ်များနှင့် ထုတ်ဝေခွင့်မဲ့ ပုံနှိပ် ကဗျာစာအုပ်များအား မှတ်တမ်း ပြုတင်ပြထားသည့်စာတမ်းတစ်စောင်ဖြစ်သည်။

ထိုသို့ဖော်ပြရာတွင် ကဗျာစာအုပ်များ၌ ပါရှိခဲ့သည့် အမှာစာ ကောက်နုတ်ချက်များ နှင့် ပါရှိခဲ့သည့် ကဗျာ အချို့အားလည်း ထုတ်နုတ်တင်ပြထားသည်။

ယနေ့ထက်တိုင် အရှိန်အဟုန်ပြင်းပြင်းဖြင့် အားကောင်းမောင်းသန် စီးဆင်းလျက်ရှိသော ခေတ်ပေါ်ကဗျာရေစီးကြောင်း၏ သမိုင်းကို လေ့လာရာတွင် အထောက်အကူ ဖြစ်စေမည့် ချန်လှပ်ထား၍မရသော စာတမ်းနှစ်စောင် ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၄ မတ် ၂၀၁၉


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ
Book Review Image

မြိုင်မြိုင်ဆိုင်ဆိုင် စာရိပ်မြိုင်

ကလောင်စုံ