Book Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး

မိုးဝေး ရဲ့ ဒီစာအုပ်ဟာ အောက်တိုဘာ လကမှ ထုတ်ဝေထားတဲ့ စာအုပ်အသစ်ဖြစ်တယ်၊ မိုးဝေး ဟာ နှစ်ပေါင်းသုံးဆယ်အတွင်းရေးသားခဲ့တဲ့ စကားပြေများလို့လည်းဆိုပါတယ်၊ စာအုပ်ထဲမှာ အားလုံးပေါင်း အပုဒ် ၃၃ ပုဒ်တိတိ ပါရှိပါတယ်၊ ဒီတော့ အနှစ်သုံးဆယ်နဲ့ အပုဒ် ၃၃ ပုဒ်ကိုတွက်ကြည့်မယ်ဆိုရင် မိုးဝေး ဟာ စကားပြေအတော်အရေးကြဲတယ်လို့ပဲဆိုရပါမယ်၊ တနှစ်တပုဒ်နူန်းလောက်ပဲ ရေးနိုင်တယ်လို့ပဲ ယေဘုယျ သတ်မှတ်ရပါမယ်၊ ဒီစာအုပ်ရဲ့ စျေးနူန်းကတော့၂၅၀၀ ကျပ်ပဲဖြစ်ပါတယ်၊ အဖုံးက်ို မောင်ဒေးက ရေးဆွဲပေးထားပါတယ်၊ စာမျက်နှာ ၁၅၆ မျက်နှာကို၂၅၀၀ကျပ်ဆိုတော့တစ်မျက်နှာ၂၀ ကျပ်နူန်းလောက်ပဲကျတယ်လို့ အကြမ်းဖျင်းဆိုရပါမယ်၊ ဒီအတွက် စာမျက်နှာစျေးနဲ့တွက်ပြီးဝယ်သူတွေအတွက်တော့ အဖိုးအခ သင့်တယ်လိုပဲဆိုရပါတယ်၊ ကဲ ဒီလောက်ဆို စာအုပ်အကြောင်းတော်လောက်ပါပြီ၊ စာအကြောင်းဆက်ပြောကြပါစို့။



ဒီစာအုပ်မှာ အော်ဇီက အူးမြင့်သန်းက အမှာစာရေးပေးထားပါတယ်၊ မြင့်သန်းရဲ့အမှာကတော့ သူ့ရဲ့အရေးအသားများအတိုင်းခပ်ထေ့ထေ့ သရော်တော်တော် ကလွဲရင် ပြည့်စုံကုလုံတဲ့အမှာတခုပါပဲ၊

အထက်ကဆိုခဲ့ပြီးသလို ဒီစာအုပ်ထဲမှာ စာပုဒ်ပေါင်း ၃၃ ပုဒ်တိတိပါရှိပါတယ်၊ မိုးဝေးကတော့ ဒီစာအုပ်ကို သူ ့ရဲ့ စကားပြေများဆိုပြီး ခေါင်းစီးတပ်ထားပါတယ်၊ သ်ို့သော်ငြား ပါရှိတဲ့ စာပုဒ် ၃၃ ပုဒ်မှာ စကားပြောနဲ့ရေးထားတာက ၁ရ ပုဒ်တိတ်ပါရှိပါတယ်၊ စကားပြေနဲ့ရေးထားတာကတော့ ၁၃ ပုဒ်တိတိပါရှိပါတယ်၊ ၏သည် တယ် မယ် နဲ့မဆုံးပဲ စေခိုင်းဝါကျပုံသဏ္ဍန်နဲ့ရေးသားထားတာက စုစုပေါင်းသုံးပုဒ်တိတ်ိပါရှိပါတယ်၊ ဒီနေရာမှာစကားပြေဆိုတာ ၏သည်နဲ့မဆုံးပဲစ
ကားပြောဖြစ်တဲ့ တယ်မယ် နဲ့ဆုံးလည်းစကားပြေပါပဲဆိုတဲ့ အယူအဆ ကို မိုးဝေးက အသုံးချရေးသားထားတာကိုလည်းမြင်ရပါတယ်၊မိုးဝေးရဲ့ စကားပြေများမှာ အများဆုံးတွေ့မြင်ရတဲ့ သြဇာကတော့ မြင့်သန်း စကားပြေရဲ့ ရေးဟန် သြဇာလွွမ်းမိုးမူပါပဲ၊မိုးဝေး ဟာ ကိုယ်ပိုင်ဟန်တစ်ခုတည်ဆောက်သင့်ရက်နဲ့ တချို့သော အပုဒ်များမှာ မြင့်သန်းရဲ့ သူရေး၍သူကြိုက်သော ဝတ္တုတိုများထဲမှ ခေတ်ပညာတတ်မျောက်တကောင်၏ ဆုတောင်း ဝတ္တုတိုထဲက ရေးဟန်အတော်များများကြီးကို လွွမ်းမိုးသွားတာကိုတွေ့မြင်နေရပါတယ်၊ ဒီလိုပဲ မိုးဝေ ရဲ့ အရေးအသားကို သြဇာလွွမ်းမိုးမူ ခံရတဲ့ မြင့်သန်းရဲ့ အရေးအသားကို တဖန်ခြေရာခံတဲ့အခါ မြင့်သန်း အရေးအသားများသည်လည်း ကပ်ဖ်ကာ(Kafka) ရဲ့ အရေးအသားများ သြဇာသက်ရောက်မူကိုတွေ့မြင်နေရပါတယ်၊ မြင့်သန်းရဲ့ အရေးအသားများမှာအများဆုံးတွေ့မြင်ရတဲ့အနာကတော့ဒဿန ပညာရပ်ဆိုင်ရာ ပြိုကွဲတည်ဆောက်မူအသွင်သဏ္ဍန်များဖြစ်ပြီး၊ မိုးဝေးရဲ့ စကားပြေအရေးအသားများမှာအများဆုံးတွေ့ရတဲ့ မြင်ကွင်းတခုကတော့ ဒါဟာ ဘဝ ပါဆိုတဲ့အသိတခုကိုရဖို့အတွက် စတေးလိုက်ရတဲ့ ဒဏ်ရာ(ဝါ) ပြည်တည်နာ တွေကိုပါပဲ၊ ဒါတွေကို မိုးဝေးရဲ့ စကားပြေ အပုဒ်အတော်များများမှာတွေ့မြင်ရပါတယ် ၊ သို့သော် ထပ်ခိုးများ လေှခါးအောက်မှာ ဆိုတဲ့ ခေါင်းစဉ်တပ်ထားသည့် အပုဒ်ကိုတော့ မိုးဝေး က ရိုးသားမူ ဘာသာစကားနဲ့တည်ဆောက်ရေးသားပြသွားပါတယ်၊ ရိုးသားမူ ဘာသာစကားဆိုတာ မိုးဝေး ရဲ့ ရေးဟန်ရိုးသားမူကိုပြောတာပဲဖြစ်ပါတယ်၊ ကလေးငယ်တယောက်ရဲ့အတွေးမျိုးကို ကုန်လွန်ပြီးသော လွမ်းမောစရာ ငယ်ဘဝ များကိုပြန်တွေးရင်း စာဖတ်သူကို ရိုးရိုးလေးအစီရင်ခံဖွင့်လှစ်ပြထားပါတယ်၊ ကြာသပတေးနေ့များ၏တနေ့ ဆိုတဲ့ အပုဒ်ကတော့ မြို့ပြလူနေမူဘဝကို အနီးစပ်ဆုံးချည်းကပ်ပြထားတာတွေ့မြင်ရပါတယ်၊ ဒါတွေအပြင် မိုးဝေး က စကားပြေသုံးလေးပုဒ်ခန့်မှာ သူ့ဘဝအကြောင်းတွေကို ရိပ်ကာသန်းကာ နဲ့တင်ပြထားတာလည်းတွေ့ရပါတယ်၊မလေးကိုသူအလုပ်သွားလုပ်တာ၊ ဆေးဆိုင်ဖွင့်တာ၊ ရန်ကုန်စရောက်ခါစ တုန်းက အခြေအနေများ၊ စသဖြင့် ကြုံသလို အလျဉ်းသင့်သလို မျိုး ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ဘဝထဲက အတိတ်များကို ခေတ်ဟောင်းရုပ်ရှင်တကားလိုမျိုးတခန်းဆီ ပြသသွားတာလည်းတွေ့ရပါတယ်၊

ဒီတော့ အချုပ်ဆိုရရင် မိုးဝေးရဲ့ စကားပြေများဟာ အရေးအသားအရ မြင့်သန်းရဲ့ သြဇာလွွမ်းမူတခုကလွဲလို့ ကိုယ်ပိုင် အတွေးကိုစနစ်တကျ တည်ဆောက်နိုင်တာကိုရွူမြင်ရပါတယ်၊ တချို့သော အပုဒ်များမှာ စကားပြေနဲ့ တပုဒ်လုံးနီးပါးရေးပြီးမှ စကားပြောနဲ့ နိဂုံးချပြ်ထားတာလည်း တွေ့မြင်ရပါတယ်၊ ဒါကတော့ ဘာကြောင့်ရယ်ဆိုတာ စာရေးသူ မိုးဝေး ကိုယ်တိုင်ပဲသိမှာပဲ၊လိပ်ပြာ၊ ကျနော်တို့အကြောင်းတွေမှ ဟုတ်ရဲ့လား စသဖြင့်သုံးလေးပုဒ်ခန့်မှာ တော့ မိုးဝေး ဟာ 
အကျိုးသင့်အကြောင်းသင့် ( Reasonably) ဆက်စပ်တွေးခေါ်ခြင်းများကိုဆန့်ကျင့်ထားပါတယ် ၊ ပျောက်ဆုံးနေတဲ့ ဘဝ ရဲ့အနက်အဓိပ္ပယ်(Indefinable)ကိုဖော်ဆောင်တဲ့ သဘောနဲ့ အလေးပေးပြီးရေးသားထားတာကို တချို့သောအပုဒ်တွေမှာမြင်ရပေမယ့် ဝေဒနာအသံတွေက ကျယ်လောင်စွာမြည်တမ်းရင်း ဦးတည်ချက်ကို ဖျောက်ဖျက်ပစ်လိုက်ပါတယ်၊ ဒါဟာမိုးဝေးရဲ့အရေးအသားများမှာအများဆုံးနဲ့အမြင်တွေ့ရဆုံး ကိုယ်ထည်တခုပါပဲ။မေ့လို မိုးဝေး ရဲ့စကားပြေတွေမှာ တွေ့ရှိရတဲ့ ကျန်ရှိ ပုံသဏ္ဍန်ကတော့ ဖတ်သူကိုယ်၌က ဖတ်ရင်းနဲ့ထွက်ပေါက်ပျောက်သွားတတ်တဲ့ ပြသနာတရပ်ပါပဲ။

ကွိုင်
အေဒီ ၂၀၁၈
ရ:၁၂ ပီအမ်
နိုဝင်ဘာ ၂၅ရက်၊
တနင်္ဂနွေ့နေ။


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး