Book Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်

စာအုပ်အမည်-မိုက်ခရိုဝေ့ဖ်

ရေးသူ -အောင်ခင်မြင့်
ပထမအကြိမ် ဇွန် ၂၀၁၇ နှစ်ကာလများ
အုပ်ရေ -၁၀၀၀
စာမျက်နှာ - ၈၀
တန်ဖိုး -၂၀၀၀ကျပ်


မိုက်ခရိုဝေ့ဖ်ဟာကျွန်တော်ဖတ်ဖူးတ့ဲအောင်ခင်မြင့်ရဲ့ဒုတိယမြောက်စာအုပ်ဖြစ်ပါတယ်။ပထမစာအုပ်ကတော့ တကယ်မရှိသောနှစ်များဖြစ်ပါတယ်။ပထမစာအုပ်ဖတ်ပြီးတ့ဲအခါမှာအတော်ကောင်းလို့အခုဒီစာအုပ်ကဘယ်လိုများလည်းလို့စိတ်ဝင်စားမိတာပါ။မိုက်ခရိုဝေ့ဖ်က

မော်ဒန်ကဗျာစာအုပ်ဖြစ်ပြီးတော့ကဗျာ၆၅ပုဒ်ပါဝင်ပါတယ်။စာအုပ်ကပါးပါးလေးဆိုပေမ့ဲကဗျာတိုင်းကတစ်ပိုဒ်ဖတ်ပြီးတွေးရတာအရသာတမျိုးပါ။ဒီထဲကကဗျာတစ်ပုဒ်ကိုဖတ်ပြီးတွေးကြည့်ကြပါဗျ။

မိုက်ခရိုဝေ့ဖ်(to my life)

ငြင်းခုံလို့စကားမပြတ်သေးခင်မှာပဲ
သူမဟာမီးဖိုချောင်ထဲဝင်သွားခ့ဲတယ်
သူ့ဒဏ်ရာတွေကိုမုဆိုးဆီပေးထားခ့ဲပြီး
သမင်ဟာတောထဲပြန်ဝင်သွားသလိုမျိုးပေါ့

မိုက်ခရိုဝေ့ဖ်ထဲနှင်းဆီနီနီတွေငါထည့်တယ်
ပြီးတော့ဆယ်မိနစ်ဆိုတ့ဲခလုတ်ကိုငါနှိပ်တယ်
မဆီမဆိုင်ဆေလ်ဗီယာကိုငါသတိရမိပေါ့
နောက်ပြန်လှည့်ကြည့်တ့ဲမျက်လုံးတွေ
မီးကျွမ်းထားသောကျောက်တုံးများပမာ

ဆယ်နှစ်ပြည့်မှမိုက်ခရိုဝေ့ဖ်ကိုငါဖွင့်ခ့ဲ
လွန်ခ့ဲသောနှစ်တွေအကြောင်းပြောရင်း
သူမပါးပေါ်ကပင့်ကူမျှင်ကိုဖယ်ပေးရင်း
နှင်းဆီရဲ့ဆူးတွေကိုလက်မနဲ့ဖိဖိစမ်းရင်း
အဖိုးသားနားကြီးသောမီးခိုးများကိုငေးရင်း

linn htet aung
9/7/17
11:52 AM


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ