Book Image

ယောကူငှက်

သူရိန်လူလေး

#ယောကူငှက်

သူရိန်လူလေး
၂၀၁၈၊ စက်တင်ဘာ၊ ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
၂၀၀၀ ကျပ်
နှင်းဆီဖြူစာပေ
09 252210197, 09 421175535


#ကြက်သားနှင့်_လူသား


သူ့မိန်းမက လူတစ်ယောက်မွေး၍ အရိုက်ခံရသည်။ မျက်ရည်များ ရွွဲရွွဲစိုသည်အထိ သူ့အမေက ရိုက်နေတော့ ထမီတွေ ကျွတ်ကာ ကိုယ်တုံးလုံးဖြင့် အိမ်ထဲတွင် လျေှာက်ပြေးသည်။ တားဆေးထိုးမည့် ပိုက်ဆံများကို ဆေးခန်းသို့ သွားသည့်လမ်းတွင် ကြက်သားကင် ဝယ်စားပစ်လိုက်သည်ဟု သူ့မိန်းမက ပြောသည်။
နင်က ကြက်သားနဲ့ လူသား လဲလိုက်တာပေါ့ဟု သူ့အမေက အော်ဟစ်သည်။
သောက်ရေအိုးစင်ဘေးတွင် ဒူးတုပ်ထိုင်နေသောအချိန်ရောက်မှ သူက ထမီသွားပေးပြီး မငိုနဲ့တော့ဟု သူ့မိန်းမကို ပြောသည်။ ငိုနေသော သူ့မိန်းမက တကယ့်ကလေးလေးပဲ ရှိသေးသည်။ ကြက်သားကင် စားချင်ပေမယ့်လည်း မစားဘဲ နေနိုင်ရမည် ဖြစ်သည်။


#ဘေဘီများ

ကလေးပေါင်း တစ်သိန်းသည် သူတို့၏အမေတွေထံတွင် သန္ဓေတည်လာတော့ အမေတွေမှာ ဝမ်းသာကြရသည်။ ကလေးတွေမှာတော့ လျှုိ့ဝှက်ဆန်းကြယ်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံတာကြောင့် အပြင်တွင် သူတို့ကို စောင့်နေမည့် အခြေအနေတွေကို မကျေမနပ်ဖြစ်ကြသည်။ ဗိုက်ထဲမှာကတည်းက ဒေါသကြီးနေကြသည်။ တစ်ယောက်ဗိုက်ကို တစ်ယောက် လှမ်းဆွေးနွေးကြသည်။
ငါတို့ ဖင်ထဲက ထွက်တာနဲ့ ဘယ်အရာကမှ ငါတို့ကို စောက်ကျိုးပေးမှာ မဟုတ်ဘူး၊ ဖင်ထဲကတောင် မထွက်ရသေးဘူး၊ စောက်ကျိုးမပေးတာတွေက အသင့်စောင့်နေတယ်ဆိုတော့ စဉ်းစားကြည့်ပါဦးလို့ ပြောကြသည်။
ငါတို့ကို ကြီးခိုင်းပြီး ကလေးလုပ်ခိုင်းဦးမှာ။ ပြီးရင် ငါတို့ကလေးတွေကို သူတို့ကလေးတွေ ကြီးသလို ဆက်ကြီးခိုင်းဦးမှာလို့ ပြောကြသည်။
သူတို့မျက်နှာတွေလို ငါတို့မျက်နှာတွေကလည်း ပြဲပြဲကြီးတွေ ဖြစ်လာမှာ။ ရှည်မျောမျောကြီး ဖြစ်သွားတဲ့ ငါတို့လည်ပင်းတွေအတွက် ငါတို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ကိုယ့်ခြေထောက်ကထွက်တဲ့ ခြေသည်းကို ကိုယ်ပြန်ဖြတ်တဲ့အဖြစ်မျိုး ရောက်အောင် သူတို့က လေ့ကျင့်ပေးမယ့်ဟာတွေ။
ငါတို့ကို ပြုံးဖြဲပြမယ့် သူတို့သွားကြီးတွေကို တွေးကြည့်လေ၊ ငါတို့သွားတွေ သူတို့သွားလို ဖြစ်တာကို လက်ခံမှာလား။ သူတို့ရဲ့ရွံ့စရာမျက်လုံးကြီးတွေကိုလည်း တွေးကြည့်ကြပါဦး မိတ်ဆွေများလို့ ကလေးတွေက ဒေါသတကြီး ဆွေးနွေးကြသည်။
ဒီလောက်လည်း မစိုးရိမ်ပါနဲ့ဆိုသည့် သဘောထားပျော့ပြောင်းသူများကို ဒါဆို ခင်ဗျား အပြင်ထွက်ကြည့်လိုက်လေလို့ ဝိုင်းအော်ကြသည်။ ခင်ဗျားတို့ ထွက်ပါလားလို့ သဘောထားပျော့ပြောင်းသူများကလည်း ပြန်လည်အော်ဟစ်ကြသည်။ အပြင်းအထန် ဆွေးနွေးမွုများ ဖြစ်ပွားနေစဉ်မှာပဲ ဗိုက်ထဲက ဆွဲထုတ်ခံလိုက်ရတာကြောင့် ကလေးတွေမှာ ဇောက်ထိုးကိုင်ထားသည့် အကောင်တွေကောင်မတွေ၏မျက်နှာကို တံတွေးဖြင့် ထွေးကာ မွေးခန်းတံခါးများမှ ခုန်ပေါက်ထွက်ကြသည်။
စင်္ကြံများတွင် အော်သွားကြသည်။
တူတဲ့လူတွဲဆူဆဲ။
တူတဲ့လူတွဲဆူဆွဲ။


" သူရိန်လူလေးရဲ့ အရေးအသားတွေဟာ တိုတောင်းပြီး ရုတ်ခြည်းဆန်သလောက်၊ အင်မတန် များပြားတဲ့ကိစ္စရပ်တွေကို ထိတွေ့ထားတယ်။ 

စာပေအမျိုးအစားအနေနဲ့လည်း သိပ္ပံဝတ္ထု၊ ဆာရီယယ်လစ် စကားပြေကဗျာ၊ မက်ဂျစ်ကယ်ရီယယ်လစ်ဇင်မ်၊ စုံထောက်ဇာတ်လမ်း၊ အပြာစာပေ၊ ရိုးရာပုံပြင် စတဲ့ စာပေပုံစံတွေကို ထိတွေ့မွုရှိတယ်လို့ ကျနော် ထင်တယ် " လို့ ဆရာ မောင်ဒေးက ဒီစာအုပ်နဲ့ပတ်သက်ပြီး ပြောထားတာ တွေ့ရတယ်။

ဒီကဗျာစာအုပ်မှာ ' ယောကူငှက် ' နဲ့ ' ပျော်ရွွင်သော ခန္ဓာကိုယ် ' ဆိုပြီး နှစ်ပိုင်း ခွဲထားတာ တွေ့ရတယ်။ 

စုစုပေါင်း ကဗျာ ၂၈ ပုဒ်ကို ဖော်ပြထားတယ်။

#လူသာမန်
6.1.2019; 6:48 pm


Publisher Name: နှင်းဆီဖြူစာပေ

Publisher Address: အမှတ် ရ/၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်၊ ရန်ကုန်မြိုနယ်၊ ရန်ကုန်မြို့။ hninnsiphyu.mm@gmail.com

Publisher Phone Number: 09252210197, 018551347


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ