Book Image

နေကြာရိုင်း

မြကျေး

နေကြာရိုင်း

ကဗျာဆရာမ- မြကျေး

ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၂၀ခုနှစ်။
နှစ်ကာလများ စာအုပ်တိုက်မှ ထုတ်ဝေသည်။ 
#နှစ်ကာလများစာအုပ်တိုက်
#theeras
မျက်နှာဖုံး- စိန်စိန်လင်း

အုပ်ရေ- ၁၀၀၀ 
တန်ဖိုး- ၂၀၀၀ ကျပ်
စာမျက်နှာ အရေအတွက် - ၉၆ မျက်နှာ 




#နေကြာရိုင်း

မင်းက ချစ်ဖို့ ကောင်းတယ်
ဘယ်လောက်ထိလဲ ဆို 
ငါ့မှာ တစ်ယောက်တည်း ပြုံးနေရတဲ့ထိ
မင်းက ချစ်ဖို့ကောင်းတယ်

ငါ့အဖြစ် က
တစ်ယောက်တည်း ပြုံး
ခိုးခိုး ပြီး ချစ်

မင်းရဲ့ အပြိုင်းအရိုင်း အဝါရောင်တွေ
ငါ့ ရင် လာလာ စိုက်နေတာများ
ဘယ်လိုစိတ်နဲ့မှ ဆွဲ နုတ် မပစ်ရက်ပါ

ယောက်ျားတစ်ယောက်ကို
ပန်းတစ်ပွင့် အဖြစ် ငါနှိုင်းမယ် ကွယ်

မင်းက ငါ့ရဲ့ နေကြာရိုင်းလေးပဲ ။ ။

ဒီကဗျာ စာအုပ်လေးမှာတော့ ကဗျာ ပေါင်း (၆၀) နဲ့ ဖွဲ့စည်းထားပြီး ရည်းစားစာ ဆိုတဲ့ ခေါင်းစည်းအောက်မှာ စာအိတ်အမှတ် စာစု ပေါင်း (၁၅) စု နဲ့ တင်ဆက်ထားပါတယ်။ ပထမ ကဗျာ စာအုပ်ဖြစ်တဲ့ ရောက်တဲ့နေရာမှာ ခဏ လောက် စောင့်ပေးပါ ကဗျာ စာအုပ်မှာတော့ (၈၉)ပုဒ်ပါပါတယ်။ 

နေကြာရိုင်း ကဗျာ စာအုပ် ရဲ့ရှေ့ မျက်နှာဖုံးပုံ နဲ့ နောက်မျက်နှာဖုံး က ပုံမှာ နေကြာရိုင်းရဲ့ အသွင်သဏ္ဌာန် ကွဲလွဲမှုလေး‌ေတွ တော့ ရှိပါတယ်။ (နောက်ဖက်နေကြာရိုင်းက ဆေးသား ကို မတော်တဆ နှစ်ထပ် ရိုက်မိသွားလို့နေမယ် ထင်တယ်)။

ပထမ ကဗျာ စာအုပ်တုန်းကလို ပျော်စရာ၊ ချစ်စရာ အရေးအသား တချို့ နဲ့ ကာရံ ကိုက်မှုလေးတွေကို နေကြာရိုင်းကဗျာ စာအုပ်မှာတော့ သိပ် တွေ့ရမှာ မဟုတ်ပါဘူးဗျာ။
 
ကဗျာ တွေကတော့ တစ်ကိုယ်ရည် ခံစားမှု ဒဏ်ရာများ နဲ့ ဝေဒနာတွေကို ကဗျာအနေနဲ့ ဖွင့်အန်လွင့်စင် ထားပြီး တင်စားဖွဲ့နွဲ့ထားပါတယ်။ နာကျင်ရတဲ့ ညည်းတွားမှု ကဗျာစာစု အများစုကို ခံစားရမှာ ြဖစ်သလို မီးခိုးရောင်သန်းတဲ့ ခံစားမှုရသ ကို ပေးပါတယ်။ ပိုအထီးကျန်ဆန်တဲ့ ခံစားချက်တွေကို ခိုင်းနှိုင်း သီကုံး တန်ဆာဆင်ထားတဲ့ စကားပြေစာစု လေးတွေလို့ ခံစားမိတာမျိုးပါ။
ကဗျာ လေးတွေကို ဖတ်ရင်း စီးမျော ခံစားကြည့်ပါဗျာ။

စာဖတ်ခြင်းမှာ အချိန်ပေး မွေ့လျော်နိုင်ပါစေ
N????


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ