Book Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ

မြေချစ်သူ
ဟိုးလဗ် ကဗျာများ
နှစ်ကာလများ စာပေ၊
ပထမအကြိမ်၊ မတ် ၂၀၁၉။
မျက်နှာဖုံး - မောင်ဒေး။
၁၃.၆ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၆၀ ၊ တန်ဖိုး - ကျပ် ၂၀၀၀။

ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှ ပင်ကိုအရည်အသွေး ထက်မြက်ပြီး ရေးအားအကောင်းဆုံးသော ကဗျာဆရာ ဟိုးလဗ်၏ ကဗျာ ၂၉ ပုဒ်အား ဆရာမြေချစ်သူ ဘာသာ ပြန်ဆိုထားခဲ့သည်ကို စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်သည်။




ဟိုးလဗ် ကဗျာတို့အား အပိုင်း ၂ ပိုင်းခွဲထားပြီး 
အပိုင်း ၁ တွင် ကူညီတဲ့လက်ချောင်း၊ အရိုးစုများ၊ လူ့အနွေးကလေးနဲ့ အပူပေးခြင်း၊ အစစ်အမှန်၊ မိုက်ခရိုစကုပ်ထဲမှာ၊ အတောင်ပံများ၊ ပါဏဗေဒ၊ ဗျပ်စောင်း၊ အမှန်တ ရား၊ ကြီးကျယ်မှုနဲ့သန်မာမှု၊ ငြိမ်သက်မှု၊ ဝေဒနာ စသည့် ကဗျာ ၁၂ ပုဒ် ပါရှိသည်။

အပိုင်း ၂ တွင် အချစ်၊သစ်တော၊ပျော်ရွှင်မှုသို့တမ်းချင်း၊ ညနေခင်း၌သေဆုံးခြင်း၊ ဗုံးကြဲအပြီး ငါးမိနစ်အကြာ၊ ဆိပ်ကမ်း၊ စောင့်စားခြင်း၊ ဒဏ္ဍာရီပုံပြင်၊ ရေမိစ ္ဆာ၊ မြူ၊ ညမှာရွာတဲ့မိုး၊ လူငယ်ကလေးရဲ့ဦးခေါင်း၊ ကြောင်၊ သေဆုံးခြင်းဘာသာစကားရဲ့ ဖတ်စာအုပ်၊ ဟိုတယ်တစ်ခု၏ တည်ဆောက်ရေး စခန်း၊ တံခါး၊ ပင်လယ်ကို ဆဲသူ စသည့် ကဗျာ ၁၇ ပုဒ် ပါရှိသည်။

လူ့အနွေးကလေးနဲ့ အပူပေးခြင်း
.............................................................................

ကမ ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်စကို
သူတို့ ယူလိုက်တယ်
ဒယ်အိုးတစ်ခုထဲမှာထည့်တယ်
မီးမွှေးတယ်
သူ့ဆီနဲ့ သူ့ပြန်ကြော်တယ်
ဆီပွက်သံကို နားစွင့်နေကြတယ်။

သူတို့ ဘဝတစ်ခုလုံးမှာ ကြော်ထားတဲ့
ကမ ္ဘာ့ အသားလုံးကြော်ကို
မျှော်နေကြရဲ့။

ဒါပေမဲ့
အဲဒီ ဒယ်အိုးအဖုံးအောက်မှာတော့
ညီမျှခြင်းတွေ 
နာကျင်ခြင်းတွေနဲ့ မီးလျှံတွေပဲရှိရဲ့။

( စာမျက်နှာ ၁၁ မှ )

အချစ်
......................................................................
စီးကရက် ၂၀၀၀
မိုင်ပေါင်းများစွာ ဝေးလံတဲ့
နံရံတစ်ခုမှ နောက်တစ်ခု
အဆုံးမဲ့ ကွာလှမ်းမှုတစ်ခုနဲ့
နိုးကြားမှုတစ်ဝက်
နှင်းစက်များထက် လပ်ဟာတယ်။

စကားလုံးပေါင်း တန်ချိန်များစွာ
သဲသောင်ပေါ်က ကဏန်းတစ်ကောင်ရဲ့
လမ်းကြောင်းများနှယ်
အိုမင်းလှပြီ။

ကျွန်တော်တို့ မရေးသားခဲ့တဲ့ စာအုပ်ပေါင်းများစွာ
ကျွန်တော်တို့ မတည်ဆောက်ခဲ့တဲ့ ပိရမစ်ပေါင်းများစွာ
လှည်းကျင်း သုတ်သင်ခြင်းများ
ဖုန်များ။

ကမ ၻာဦးအစလိုပဲ
ခါးသီးတယ်။

အဲဒါဟာ လှတယ်လို့
ကျွန်တော်ပြောရင် ယုံပါ။

( စာမျက်နှာ ၃၁ မှ )

မီးရထားလုပ်သားနှင့် ဘာသာဗေဒဆရာမတို့မှ ၁၉၂၃ ခုနှစ်တွင်မွေးဖွားခဲ့ပြီး သိပ္ပံပညာရှင်နှင့်ရောဂါဗေဒပညာ ရှင်လည်း ဖြစ်သူ ဟိုးလဗ်၏ ကဗျာတို့အား '' အဲဒါဟာ လှတယ်၊ ကျွန်တော်ပြောရင် ယုံပါ'' ဟုသာ ညွှန်းဆိုရန် မှတစ်ပါး အခြားမရှိပါ။

မိုးမင်းသိမ်း
၇ မေ ၂၀၁၉


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ