ကိုရွေး
သူငယ်ချင်းများ
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ ဇွန်လ ။
မျက်နှာဖုံးပန်းချီ - မုတ်သုန် ၊
အတွင်းသရုပ်ဖော် - မုတ်သုန် နှင့် ကိုရွေး ။
၁၃.၄ စင်တီမီတာ x ၂၀.၉ စင်တီမီတာ ။
စာမျက်နှာ - က မှ င နှင့် ၁၀၉ ၊ တန်ဖိုး - ၁၈၀၀ ကျပ် ။
စိတ်ကူးချိုချိုစာအုပ်တိုက်၏ ၁၉ နှစ်ပြည့်အထိမ်းအ မှတ်အဖြစ်ထုတ်ဝေထားသည့် ကဗျာစာအုပ်ဖြစ်သည်။ ဆရာ သစ္စာနီ၏ '' အနည်းငယ်သောနိဒါန်းစကား''အ မှာစာပါရှိပြီး ၂၀၁ရခုနှစ်၊မတ်လ၊၁၂ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလ၊၂၃ ရက်နေ့အထိ ရေးသားခဲ့သော ကိုရွေး၏ ''သူငယ်ချင်း ကဗျာ'' ၁၀၀ ကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။
'' သူ့ကဗျာများသည် တိုသည်။ ရှင်းသည်။ သူ၏စကား အရာ လိမ္မာမွုကို အင်္လကာထက်ဦးစားပေးသည်။ရိုးရှင်း သည်ထင်ရသော်လည်း လူ့အဖွဲ့အစည်း၌ဖြစ်ပျက်သမျှ အရာများကို လျှပ်တစ်ပြက်အတွေးကိုအားပြုရေးဖွဲ့ထား သဖြင့် ဒဿနသဘော၊ ဆင်ခြင်ခြင်းသဘောတွေစိမ့် ဝင်ယိုစီးနေတာတွေ့ရသည်။ထို့ကြောင့်လေးနက်သော ကဗျာလေးတွေဖြစ်ကြောင်း ကျွန်တော်လက်ခံမိပါ သည်။'' ဟု ဆရာသစ္စာနီ က '' အနည်းငယ်သော နိဒါန်း စကား''တွင်ဖော်ပြထားသည်။
သူငယ်ချင်း ၁
ရာသီဥတုက တစ်ဖက်စွန်းရောက်နေပြီ
သူငယ်ချင်းတို့
အရိပ်ကိုရသလောက်ယူထားကြ။ ''
( ၁၂၊မတ်၊၂၀၁ရ ၊ စာမျက်နှာ - ၁ မှ )
သူငယ်ချင်း ၅၀
သူငယ်ချင်းရေ
ကိုယ်က အကြမ်းစားလေ
ကိုယ့်ကိုယ်ကိုယ် ရွေဘော်ထိုးနေရတယ်
ကိုယ့်ကိုယ်ကိုယ် ကော်ပတ်စားနေရတယ်
တော်ရုံတန်ရုံသစ်ရွက်ကြွေရုံလောက်နဲ့တော့တရားမရနိုင်ဘူး
တော်လှန်ရေးကြီးကလည်း ဘယ်တော့ပြီးမလဲမသိဘူး
ခြင်ကလည်း ဘယ်နားကိုက်မှန်းမသိဘူး
ကြယ်ပြာလေးလည်း ဘယ်တော့ကြွေမယ်မှန်းမသိဘူး
သစ်ရွက်လေးတွေမှာတောင် ကျည်ဆန်ရာတွေနဲ့ဆိုတော့
တံခါးလည်းဖွင့်ထားတယ်
နားလည်းစွင့်ထားတယ်
တရားသိပေမဲ့
တရားမရှိသေးတာဆိုတော့
အဖြစ်နဲ့အပျက်ကြား
ကိလေသာအသားတုံးကြီးက မက်မပြေစရာ
သမုဒယဆားကလည်း မျက်နေတာဆိုတော့
သူငယ်ချင်းရေ
ငါစောင့်နေတယ်
မင်းသေနတ်ပြောင်းဝမှာ စောင့်နေတယ်။
( ၂၀၊ဇွန်၊၂၀၁ရ ၊ စာမျက်နှာ - ၅၃ နှင့် ၅၄မှ )
သူငယ်ချင်း ၁၀၀
သူငယ်ချင်းရေ
လမ်းကြောင်းရှင်းတယ်
ယာဉ်ကြောရှင်းတယ်
ဒါပေမဲ့ ငါတော့နောက်ကျမယ်
လမ်းကွေ့မှာ ကုန်ကားတစ်စီး မီးလောင်နေတယ်သူငယ်ချင်း။
( ၂၃၊ဇန်နဝါရီ၊၂၀၁၈ ၊ စာမျက်နှာ - ၁၀၉မှ )
''ဒီကဗျာတွေဟာ
ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းများကြားက
လျှပ်ကူးမွုဖြစ်ပါတယ်
ဘာပဲဖြစ်ဖြစ်
ထိတဲ့သူတိုင်း လင်းပါစေ'' ဟု ကိုရွေး က သူငယ်ချင်း များသို့တွင် ရည်ညွွန်းထားသည့်အတိုင်းတောက်ပလင်း လက်သော လျှပ်ကူးမွုတို့ကို တစ်ပုဒ်ချင်းစီ၌ခံစားရပါ သည်။ ရှည်လျားသောအတွေးစတို့ကို ချန်ထားရစ်ခဲ့ သည့် ကဗျာတိုများဟုလည်းယူဆမိပါသည်။
မမသ
၃၀ ၊ ဇူလိုင် ၊ ၂၀၁၈
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845