စာအုပ်အမည် - ထရိုဂျန်မြင်းရဲ့အသား
စာရေးဆရာအမည် - အောင်ခင်မြင့်
အမျိုးအစား - စကားပြေကဗျာများ
ထုတ်ဝေသည့်တိုက် - နှစ်ကာလများ
ထုတ်ဝေကာလ - Jan 2018
မျက်နှာဖုံးဒီဇိုင်း - ကျော်ထူးဗလ
ဈေးနှုန်း - 1500
စာမျက်နှာ - 70
Rating - 7.5 / 10
ကျွန်ုပ်၏ အသိမိတ်ဆွေများထဲတွင် ကတ်သီးကတ်သတ် စာအုပ်ဖတ်သော ချာတိတ်တစ်ယောက်ရှိ၏။ ကတ်သီးကတ်သတ် စာအုပ်ဖတ်ခြင်းဆိုသည်မှာ စာအုပ်တစ်အုပ်ဖတ်ပြီိးရင် ဟိုဒီလျှောက်တွေး၍ သူစဉ်းစားသမှျှကို လက်ဖက်ဆိုင်တွင်ဖြစ်စေ ဘီယာဆိုင်တွင်ဖြစ်စေ ကျွန်ုပ်နှင့် ဖတ်ထားလား မဖတ်ထားလားမမေးပဲ သူပြောချင်ရာတွေကို ဇွတ်ပြော၍ ကတ်သီးကတ်သတ်တွေ လာလာမေးရာ ဒင်းကို ကတ်သီးကတ်သတ်စာဖတ်တ့ဲကောင်ဟူ၍ ကျွန်ုပ် သတ်မှတ်ထားလေသည်။ ယခုလည်း အနှီကောင်နှင့် ကျွန်ုပ်တို့ အားအားယားယား ဟိုဒီလျှောက်ပြောသည်များကို ပြန်လည်ဖောက်သည်ချရသော် ...
သူ - အကို ကျနော် အောင်ခင်မြင့်ရေးတ့ဲ ထရိုဂျန်မြင်းရဲ့အသားကိုဖတ်တာ တော်တော်ကြိုက်သဗျာ
မိမိ - အွန်း ... အ့ဲစာအုပ်လေး ကောင်းသားပဲ
သူ - အမှာစာမှာ ဇေယျာလင်းကတော့ တစ်အုပ်လုံးကို ဖတ်ပြီးသွားတ့ဲအခါ သူ့ဆီမှာ စေးကပ်ကျန်ရစ်ခ့ဲတာ Fantasic သဘောဖြစ်တယ်လို့ ဆိုသဗျ ... အကိုကရော ဘယ်လိုခံစားရလဲ
မိမိ - အာ .. ငါတို့က အ့ဲလောက် ဘယ်ပြောတတ်မလဲ ကတ်သီးကတ်သတ်တွေ လာမမေးနဲ့၊ မင်းကရော ဘယ်လ်ိုမြင်လဲ
သူ - ဘယ်လိုပြောရမလဲဗျာ
မိမိ - ပါးစပ်နဲ့ပြောလေကွာ .. (စိတ်ထဲမှမူ " သောက်ဆရာကြီး စတိုင်နဲ့ ငလူးလေး" )
သူ - ကျနော်ကတော့ ဒီစာအုပ်တစ်အုပ်လုံးကို ဖတ်ပြီးတော့ မြင်ယောင်မြင်မှား၊ ထင်ယောက်ထင်မှားတွေ ဖြစ်ကျန်ခ့ဲတယ်ဗျ၊ ဆိုရရင် ထရိုဂျန်မြင်းရဲ့ အသားဆိုတာကိုက ပုံရိပ်ယောင်ဗျ။ နယ်စပ်မြို့ကဗျာမှာဆိုကြည့် "အ့ဲဒီမှာ ကျည်ဆန်တစ်တောင့်ဟာ ဗမာငွေ ၃၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး အသက်တစ်ချောင်းကတော့ အလကားရန်ိုင်တယ်" ဆိုတာမျိုး၊ ဆည်းဆာကဗျာမှာဆိုလည်း "တကယ့်တော့ ဆည်းဆာဟာ ပြဇာတ်ပဲ၊ တစ်လျှောက်လုံး နည်းနည်း နည်းနည်း ငိုရတ့ဲ ပြဇာတ်၊ တကယ့်ဘဝမှာတော့ ဆည်းဆာဟာ ငါ့အမေအရွယ် မိန်းမရွှင်ကြီးပဲ" အာ့မျိုးတွေက ကျနော့်ကို ထိတ့ဲ စာသားတွေပဲ အကို
မိမိ - အင်း ငါ့အမြင်တစ်ခုပြောရရင် အောင်ခင်မြင့်ဟာ ကဗျာကို ကဗျာပုံစံခွက်မှာ မရေးပဲ စကားပြေပုံစံနဲ့ ရေးတယ်၊ ဇေယျာလင်း အမှာစာမှာလည်း သေချာရှင်းပြထားတာပဲ။ တကယ်မရှိသောနှစ်များစာအုပ်မှာ ဒီပုံစံကို စ ပြီး ရေးခ့ဲတယ်ဆိုပေမယ့် အ့ဲဒီစာအုပ်ဟာ ကဗျာစာအုပ်ထက် စကားပြေပိုဆန်ခ့ဲတယ်လို့မြင်တယ်။ ဒီစာအုပ်မှာတော့ သူချပြချင်တ့ဲ Presentation ကို ငါတို့ အကောင်းဆုံးခံစားရတယ်။ ကဗျာပုံစံခွက်ထဲမှာ ဖတ်ရရင်တောင် ဒီလို ခံစားရမှာ မဟုတ်ဘူး။ ဒီအချက်မှာ အောင်ခင်မြင့်ကို အထူးချီးကျူးရမယ်။
သူ - ဟုတ်တယ်၊ အောင်ခင်မြင့်ကိုယ်တိုင် ဒီစာအုပ်မှာ စကားပြေကဗျာများလို့ ရေးခ့ဲတာပဲ။ စကားပြေကဗျာဆိုတာ ကဗျာဆန်သော စကားပြေများလို့ပဲ သတ်မှတ်ရမလား။
မိမိ - အလွယ် ပြောရရင်တော့ အ့ဲသဘောပါပဲ။ တိတိကျကျဆို ပိုလေးနက်တ့ဲ သဘောတွေရှိတယ်။ စကားပြေကဗျာလို့ သုံးထားတ့ဲအတွက် စကားပြေတိုင်းမှာ စာလုံးဖောင်းပွမှုမရှိရဘူး၊ စကားပြေတိုင်းမှာ အသုံးအနှုန်း လှပ ကျစ်လစ်မှုရှိရမယ်၊ နောက်ပြီး အောင်ခင်မြင့်ဟာ မော်ဒန်ကဗျာဆရာဖြစ်လေတော့ သူ့စကားပြေတွေဟာလည်း မော်ဒန်ဖြစ်နေတယ်။ ဆိုတော့ ဒီစာအုပ်မှာ အောင်ခင်မြင့်ဟာ တော်တော်လေးကို ကြိုးစားအားထုတ်ထားတယ်ဆိုတာ ယုံကြည်ပါတယ်။
သူ - အကို သဘောကျတ့ဲ ကဗျာ တစ်ကြောင်း နှစ်ကြောင်း ရွတ်ပြပါဦး
မိမိ - အရိုးတွန်တ့ဲရာသီကို သဘောကျတယ်ကွာ... " သူတို့ ဒဏ်ရာတွေပေါ်မှာပဲ သူတို့အတွက် တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးလိုက်တယ်၊ ဝေဖာလို နံရံပါးပါးလေးကို ဖြတ်ပြီး တစ်အိမ်ထောင်ရဲ့ သွေးနံ့ကို နောက်တစ်အိမ်ထောင်က ငါးမန်းလို အရသာခံနိုင်ကြတ့ဲ အိမ်ခန်းလေးတွေ၊ အင်္ဂတေပေါ်မှာ စွဲထင်ကျန်ရစ်ခ့ဲတ့ဲ ခွေးခြေရာတွေဟာ မ်ိုးသားညို့ညို့ဆီမော့ပြီး လွမ်းလွမ်းဆွေးဆွေး အူနေတ့ဲကာလနဲ့ လိုက်ဖက်လှပေါ့။ " ပြီးတော့ကွာ ဒီကဗျာလေးလည်း သဘောကျတယ် " ဘိုင်အိုဂျက်ဆစ်ဟာ လူတန်းစားတိုက်ပွဲရဲ့ အောင်မြင်မှုပဲ၊ ဘိုင်အိုဂျက်ဆစ်ဟာ အိမ်ခြေယာမ့ဲတွေရဲ့ ဂျာကူဆီ၊ ဘိုင်အိုဂျက်ဆစ်ဟာ အကန်းတွေရဲ့ ဉာဏ်အလင်းမီး၊ ဘိုင်အိုဂျက်ဆစ်ဟာ မရဏရဲ့ အပျော်ခရီး၊ ဘိုင်အိုဂျက်ဆစ်ဟာ တံခါးတွေ ကျိုးပျက်ပွင့်ထွက်သွားတ့ဲ ဘက်စ်တီးလ်။ ဘိုင်အိုဂျက်ဆစ်ဆေးပြားထဲမှာ တော်လှန်ရေးတွေရှိတယ်၊ လူထု အရေးအခင်းတွေရှိတယ်၊ အာဏာသိမ်းမှုနဲ့ နိုင်ငံတော်လုပ်ကြံမှုတွေရှိတယ်"
သူ - အ့ဲဒီ ဘိုင်အိုဂျက်ဆစ်ကဗျာကို ဇေယျာလင်းလည်း သူ့အမှာထဲမှာ ထည့်ညွှန်းခ့ဲတယ်နော်
မိမိ - အင်းလေ ... list poem အမျိုးအစား၊ စကားစုတစ်စုဖြစ်ဖြစ် ဝါကျပြည့် တစ်ကြောင်းဖြစ်ဖြစ် ပင်တ်ိုင်ထား ထပ်ကျော့ပြီး ကဗျာတစ်ပုဒ်လုံးကို စီသွားတ့ဲ ကဗျာမျိုးလို့ ဇေယျာလင်းက အမှာစာမှာ ရှင်းပြပေးခ့ဲတယ်၊ တကယ်ကျေးဇူးတင်စရာတွေပါ။
သူ - ဇေယျာလင်းရဲ့ အမှာစာရယ် ကဗျာစကားပြေ (၂၈) ပုဒ်ရယ်ပါတ့ဲ ထရိုဂျန်မြင်းရဲ့ အသား ကဗျာစကားပြေစာအုပ် အကြောင်း အကိုနဲ့ ကျနော်ပြောလိုက်ရတာ ကျနော့်အတွက် အချိုပေါ်သကာလောင်း အရသာရှိပါပေတယ်ဗျာ၊ တစ်ခုပြောမလို့ဗျ၊ ဇေယျာလင်းရဲ့ အမှာစာ၊ ကဗျာတွေ မဖတ်ခင်မှာ အမှာစာကို အရင်ဖတ်တယ်၊ ပြီးတော့ ကဗျာတွေဖတ်တယ်၊ ကဗျာတွေဖတ်ပြီးသွားတော့ အမှာစာကို အစ- အဆုံး ပြန်ဖတ်ဖြစ်တယ်။ ဘာများ စောကြောစရာရှိဦးမလဲလို့ပေါ့ ဟီး အကိုရောဗျ
မိမိ - တူတူပဲပေါ့ကွာ ... ဒါပေမယ့် ငါပြန်ဖတ်တယ်ဆိုတာ အမှာစာက သူ့အယူအဆတွေကို ကဗျာတွေ မဖတ်ခင်က နားမလည်တာရှိခ့ဲလို့ ကဗျာတွေ ဖတ်ပြီးမှ အမှာစာ ပြန်ဖတ်တော့ ရေလည်သွားတာ၊ လခွမ်းတော်တော်ရှုပ်တ့ဲကောင် ... စောကြောချင်လို့ပဲ ဖြစ်ရသေး ... သွားတော့မယ်၊ နောက်မှ ကတ်သီိးကတ်သတ်တွေ ထပ်လာမေးဦး ဟားဟား ...
----------------------
Review by မိုးသားလတ် 24.2.2018 (12:30)