Book Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)

#အတိုးဆုံးကဗျာများ

Anatomy of Fear
တေဇာ(လရောင်လမ်း)
၂၀၁၈၊ ဒီဇင်ဘာ၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၂၀၀၀ ကျပ်
နှစ်ကာလများစာပေ
09 254848 048


ဒီကဗျာစာအုပ်ရဲ့ အမှာစာဖတ်ပြီးသွားတာနဲ့တင် အတော်ကို ထိတ်လန့်သွားရပါတယ်။ 


ကဗျာတို အပုဒ် ၁၀၀ လုံးကို ဖတ်ရှုရတာဟာလည်း မတူညီတဲ့အရောင်တွေနဲ့ မှောင်နေတဲ့အမှောင်တွေထဲကို တိုးဝင်ပြီးရင်း တိုးဝင်နေရသလိုပါပဲ။ 

အမှာစာကို ကျွန်တော် ပြောပြပါ့မယ်။

" Joan Cornellà Comic ထဲမှာ ကောင်လေးတွေ ဘောလုံး ကန်နေရင်း ဘောလုံးက ခပ်မှောင်မှောင်အိမ်ကြီးရဲ့ ပြတင်းပေါက်တစ်ခုထဲ ဝင်သွားတယ်။ ဘောလုံး ပြန်ပေးပါလို့ အော်ကြတယ်။ ခဏနေတော့ အထဲက ပြန်ပစ်ပေးတယ်။ ဒါပေမဲ့ ဘောလုံးမဟုတ်၊ ကလေးခေါင်းပြတ်လေး။ ကလေးတွေ မျက်လုံးအပြူးသား ထိတ်လန့်။

ပုံမှန် လျှို့ဝှက်သည်းဖိုဟာ ဒီလောက်ပဲ။ ဟုတ်တယ်၊ ကြောက်စရာကောင်းတယ်။ ကြောက်ချင်ကြောက်လို့ ရတယ်၊ အထဲမှာ ဘာဖြစ်နေလဲ မသိရဘူး၊ ဒီလောက်ပဲ။ ဒါပေမဲ့ ဒီမှာ ဆုံးမသွားဘူး။ ခုနက ထိတ်လန့်နေတဲ့ ကောင်လေးတွေဟာ တဖြည်းဖြည်း စိတ်လှုပ်ရှားမှုနဲ့ မျက်လုံးတွေ အရောင်လက်လာတယ်။

ပြီး ကလေးခေါင်းပြတ်ကို ပျော်ရွှင်စွာ ဘောလုံး လုပ်ကန်ပြီး ကစားပွဲကို ဆက်ကြတယ်။ ဘာမှ ထူးခြားမှုမရှိတဲ့အတိုင်း။ ဒီဘက်ခေတ် ဆင့်ကဲပြောင်းလဲလာတဲ့ လျှုို့ဝှက်သည်းဖိုဟာ၊ ကြောက်စရာကောင်းရုံ မဟုတ်တော့ဘူး။ လူ့အဖွဲ့အစည်းမှာ ကျင့်ဝတ်ရဲ့နေရာမရှိမှုကို တစ်ခါတစ်ရံ ဟာသနှော ပြောဖို့ ကြိုးစားလာတယ်။

သေခြင်းတရားဟာ ကြောက်စရာကောင်းလိမ့်မယ်၊ ဒါပေမဲ့ သေခြင်းတရားရဲ့ အရေးမပါမှုကတော့ ကြောက်စရာကောင်းတာထက် အများကြီး ပိုနေဦးမှာပဲ။ "

အမှာစာကို ဖော်ပြပြီးပြီဆိုတော့ ကဗျာတချို့ကို ရွေးထုတ်ပြပါ့မယ်။


၁၄။

စကြဝဠာတစ်ခုလုံးကို
အထင်နဲ့ သေးပစ်လိုက်တယ်
သစ်ရွက်ပေါ်မှာတင် လမ်းခွဲသွားကြတဲ့
အကြောပေါင်းများစွာ ရှိတယ်

#Fork

၂၂။

ဘယ်လို သရုပ်ဆောင်ရပါသလဲ
ကိုယ့်သေတွင်း ကိုယ်တူး ခုန်ချပြီး
မြေလာဖို့ပေးသူ မရှိမှ
ပြန်တက်လာရတဲ့ မျက်နှာ

#Heuristic

၄၃။

ကလေးလေးတစ်ယောက်
ဝါးခနဲ အော်ငိုသံ ကြားရပြီး
လေရှူသွင်းဖို့ ခဏ အသံတိတ်သွားတယ်
ဒါပေမဲ့ မျှော်လင့်ထားတဲ့ ဒုတိယငိုသံ
ဆက်မလိုက်လာတော့ဘူး
ဘယ်လိုချောက်ချားဖွယ် တိတ်ဆိတ်မှုပါလဲ

#Trauma

၈၅။

လာရာလမ်းအတိုင်း ချာခနဲ လှည့်ပြန်စဉ်မှာပဲ
မျက်နှာကို ပင့်ကူမျှင်တွေ ဝင်တိုက်မိတယ်
ဘယ်လိုလဲ
ဒီလမ်းက ဘယ်သူမှ လှည့်မပြန်ခဲ့ဖူးဘူးလား
တစ်မုဟုတ်ချင်း တောဟာ နက်ခဲ့တယ်

#Venture

၁။

ကမ်ဘာကြီးကို ဖြိုခွင်းပြီးသွားရင်
ကမ်ဘာကြီးကို ဖြိုခွင်းပြီးသွားတဲ့အကြောင်း
မင်း ဘယ်သူ့ကို သွားပြောမလဲ
မာရ်နတ် နည်းနည်း တွေဝေသွားတယ်

#Validation

၅။

အဝေးပြေးကားပေါ်မှာ
စိတ်ကူးထဲက လူနဲ့ ဘေးချင်းခုံမှာ ကျလည်း
ခင်ဗျား လွဲဦးမှာပဲ
ဘုရားကို ယုံကြည်ပြီးမှ
ပိုမုန်းသွားကြတယ်

#Plot

၃၉။

ရောင်စုံခဲတံလေးတွေ
အတိုအရှည် မညီဘူး
မနှင်းဖြူကို
လူပုကလေး ခုနစ်ယောက်နဲ့ မသင်္ကာဘူး
ဒါပေမဲ့ ဘာကို တတ်နိုင်ပါသလဲ

#ColoringBook


တချို့တွေ မှားပြောတတ်သလို အတိုဆုံး ကဗျာများလို့ အမှတ်မလွဲဖို့လည်း သတိပြုပါ။ 

အတိုးဆုံးကဗျာများပါ။ 

အတိတ်ဆိတ်ဆုံးလို့ ထင်တဲ့နေရာတစ်ခုခုမှာ ဖတ်ဖြစ်ရင် အရသာ ပိုရှိပါလိမ့်မယ်။ ဒါပေမဲ့ တိတ်ဆိတ်မှုဟာ ပတ်ဝန်းကျင်နဲ့မဆိုင်ဘဲ သင်ကိုယ်တိုင်နဲ့ ပိုမိုသက်ဆိုင်တာကိုလည်း သတိပြုစေလိုပါတယ်။

#လူသာမန်
30.12.2018; 7:21 pm


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ