Book Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ

ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

စာရေးဆရာ ဇေယျာလင်း (ဘာသာပြန်ပါတယ်)
ဒုတိယအကြိမ်၊ မတ်လ၊ ၂၀၂၀ပြည့်နှစ်
နှစ်ကာလများစာပေမှ ထုတ်ဝေသည် 
မျက်နှာဖုံး- မောင်ဒေး

အုပ်‌ရေ- ၁၀၀၀
တန်ဖိုး- ၃၀၀၀ ကျပ်
စာမျက်နှာအရေအတွက်- ၁၇၆ မျက်နှာ

(စာအုပ်ထဲမှ ကူး‌ယူဖော်ညွှန်းသည်)**



**(ဆစ်လ်ဗီယာ ပလာ့သ်ကို ဣတ္ထိယဝါဒီ(feminist)) တွေက ဣတ္ထိယဝါဒ လှုပ်ရှားမှု (feminism)ရဲ့ အထင်ကရပုဂ္ဂိုလ်၊ အထင် ကရ ကဗျာဆရာမ၊ ဣတ္ထိယဝါဒီ အာဇာနည်လို့သတ်မှတ်ကြပါ တယ်။ ဒီလို သတ်မှတ်ခဲ့တာဟာ သူမရဲ့ကဗျာတွေကို အခြေခံပြီး သူမရေးဖွဲ့ခဲ့တဲ့ အကြောင်းအရာတွေနဲ့ နိမိတ်ပုံတွေကြောင့် ဖြစ် ပါတယ်။
        သူမ ရေးဖွဲ့ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အဓိက တွေ့ရ တာတွေဟာမိန်းမဖြစ်မှုနဲ့ အနုပညာဖန်တီးခြင်း၊ လွှမ်းမိုးခြယ်လှယ်တဲ့ ယောက်ျားနဲ့ရိုကျိုးဝပ်တွားရတဲ့ မိန်းမရဲ့ ဆက်ဆံရေး၊ မဟာပုရိသ ဝါဒ (male chauvinism)ကို ဆန့်ကျင်ခြင်း၊ မိန်းမသဘာဝဖြစ် တဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ဖခင် အရိပ်မိုး ခံထားရပြီး တစ်ဖန် လင်ယောက်ျားရဲ့ အရိပ်မိုးခံရတဲ့မိန်းမသားရဲ့အနေအထား၊ ထုံးတမ်း စဉ်လာအရ ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်ရတဲ့မိန်းမနဲ့ ပင်ကို တကယ့်စိတ်၊ တကယ့်ဖြစ်တည်မှု၊ စစ်မှန်တဲ့ဖြစ်တည်မှု(authenticity)အတိုင်း လွတ်လွတ်လပ်လပ် အချုပ်အချယ်ကင်းကင်းနေထိုင်လို မှု၊ နေထိုင်မှု ပုံစံဟောင်းတွေကို ချွတ်ချပြီး ပုံစံသစ်ဆီဦးတည်လိုမှု၊ ဘဝဟောင်းကို သေဆုံးစေပြီး ဘဝသစ်ဆီ ပြန်လည်ရှင်သန်လိုမှု၊မိန်းမဖြစ်မှုနဲ့ သူမရဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်လိုမှု၊ မိန်းမဘဝ၊ မိန်းမအသံနဲ့ မိန်းမ ကဗျာဆရာမ စစ်စစ် ဖြစ်လိုမှုတွေ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေ (သဘောတရားတွေ) ဟာလည်း သူမရဲ့ကဗျာ တွေထဲမှာပဋိပက္ခအသွင်ဆောင်ပြီး သူမကိုယ်သူမ (ကဗျာထဲက ဇာတ်ဆောင် Persona)နဲ့ဖြစ်ဖြစ်၊ ပုရိသ ယောက်ျားတစ်ဦးနဲ့ဖြစ် ဖြစ် “ရန်ဖြစ်”နေတာမျိုးတွေ
တွေ့ရပါတယ်။

        ဆစ်လ်ဗီယာ ပလာ့သ်ရဲ့ ကဗျာတွေဟာ သေပန်းပွင့်ခါနီး သုံးလေးလအလိုမှာအံ့မခန်းဖွယ် သန့်စင်ကြည်လင် ပီသစူးရှခဲ့ပါ တယ်။ လင်ယောက်ျားရဲ့အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ကွာ ရှင်းပေးလိုက်ရတဲ့ ဒဏ်ကို သူမအလူးအလဲ ခံလိုက်ရပါတယ်။ 

သူမ နေထိုင်ရတဲ့ လူမှုပတ်ဝန်းကျင်ဟာလည်း ပုရိသယောက်ျားတွေရဲ့ အလိုအတိုင်း ဖွဲ့စည်းထားတဲ့၊ ခြယ်လှယ်ထားတဲ့၊ စည်းကမ်းတွေချမှတ်ထားတဲ့ အနေအထား ဖြစ်ပါတယ်။ ယောကျ်ားတွေရဲ့ သြဇာ အောက်မှာ သူမကျဉ်းကျပ်ပြီး သူမရဲ့ ကိုယ်ပိုင်စစ်စစ် လူသားဘ၀ ကို တောင့်တမှုတွေ၊ရုန်းထွက်မှုတွေ၊ တန်ပြန်မှုတွေကို သူမရဲ့ကဗျာ တိုင်းလိုလိုမှာ တွေ့ရပါတယ်။

နောက်ဆုံး ရေးဖွဲ့ ဖန်တီးသွားတဲ့ ကဗျာတွေထဲမှာ သူမကိုယ်သူမ အသေအချာယုံကြည်လာတာတွေ၊ သူမဟာ တကယ်အစစ်အမှန် ကဗျာဆရာမ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာတာတွေ၊ သူမဘဝမှာ ယောက်ျားတစ်ယောက် မဟုတ် တစ်ယောက်ရဲ့လောင်းရိပ်အောက် နေစရာမလိုတော့ဘူး ဆိုတာ ထင်ထင်ရှားရှား မြင်လာတာတွေ၊သူမဟာ ဘယ်ယောက်ျား နဲ့မှ၊ ဘယ်ယောက်ျားအားကိုး မိန်းမနဲ့မှ မတန်တဲ့ ပကတိသန့်စင် တဲ့ မိန်းမစစ်စစ် ဖြစ်တယ်ဆိုတာ၊ ယောကျ်ားတွေ ထွင်းထုတဲ့ မိန်းမရုပ်တု မဟုတ်ဘဲ မိမိကိုယ်မိမိ မွေးဖွားလိုက်တဲ့ ယောက်ျား အညစ် အကြေးကင်းအရှင်လတ်လတ် မိန်းမသန့်သန့် ဖြစ်တယ်ဆိုတာတွေ ကို အထင်အရှား တွေ့ရပါတယ်။

ပိုထူးခြားတာက ကဗျာတွေထဲက ဇာတ်ဆောင် Persona ရဲ့ အသံ (voice)ဟာ သြဇာရှိလွန်းတဲ့ အတွက် ဇာတ်ဆောင် ပြောနေတာထက် တကယ့်လူသားမိန်းမ ပြောနေသလို ခံစားရပါတယ်။

        ဆစ်လ်ဗီယာ ပလာ့သ်ရဲ့ ကဗျာတွေထဲက အသံကို လေ့လာရင် ခံစားမှုအဖုံဖုံက ဖြစ်လာတဲ့ အသံတွေဆိုတာကို မြင်နိုင်ပါတယ်။ ၀မ်းနည်းကြေကွဲသံ၊ ထိခိုက်နာကျင်နေသံ၊ ဒေါသပေါက်ကွဲသံ၊ စိတ်ပျက်ညည်းညူသံ၊ ခနဲ့သံ၊ ရွဲ့သံ၊ အပြစ်တင်သံ၊ တိုးလျှိုးသံ၊ နာနာကြည်းကြည်း အော်ဟစ်သံ၊ စိတ်မချမ်းမြေ့သံ၊ဒွိဟသံ၊ ကလဲ့ စား ချေသံ၊ အတိအကျ သေချာပြီး ယုံယုံကြည်ကြည်နဲ့ အမှန် အတိုင်း ပြောသံ စသဖြင့်တို့ ဖြစ်ပါတယ်။)**

စာဖတ်သူ အနေနဲ့ ဒီကဗျာ စာအုပ်ဖတ်ရတဲ့ အခါ ကောင်းကောင်း နားရည်မလည်သလို၊ သေချာမခံစားတတ်ပါဘူး။ ဒါပေမယ့် တော်တော်များများ ကဗျာတွေက ဉာဏ်မှီသလောက် ဖတ်ရင်း ခံစားချက်တွေက နာကျဉ်စရာတွေ နဲ့ စိတ်ဒဏ်ရာဒဏ်ချက် တွေကြားက အော်ညစ်ညည်းတွားသံကို ကဗျာ အဖြစ်ပြောင်းလဲ သရုပ်ဖော်ထားပါတယ်။ ဒီကဗျာတွေ ဖတ်ရတာ စိတ်ခံစားချက် အနိဌာရုံ ဝေဒနာ ကို ရိပ်ဖမ်းသံဖမ်း မျှလောက်သာ နိုင်ခံစားနိုင်ပါသေးတယ်။ ကဗျာ ဆိုတာကလည်း အသွေးအသားထဲ စိမ့်၀င်ဖို့ဆိုတာက နာနာဖတ်ရင်း တစိမ့်စိမ့် တွေးမှ ဆိုတော့ ခံစားချက်နဲ့ ဆုံမိဖို့ဆိုတာမျိုးကလည်း ခက်တယ်လေ။ သို့ပေမယ့် ဒီ ကဗျာ စာအုပ်လေး ကတော့ ဖတ်ရသူအဖို့ ခံစားချက် ရသ ဟာ ညည်းတွားခြောက်လန့်မှုတွေနဲ့ အတူ စိတ်ဒဏ်ရာဒဏ်ချက်တွေကို ၀င်ရောက်ခံစားနိုင်မယ်လို့ ယုံကြည်မိပါတယ်။ 

စာဖတ်ခြင်းမှာ အချိန်ပေးမွေ့လျော်နိုင်ပ‌ါစေ
N????


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ