Book Image

ပန်းနုရောင် နှစ်ကာလများ

ဒဂုန်တာရာ

ဒဂုန်တာရာ

ပန်းနုရောင် နှစ်ကာလများ
စိတ်ကူးချိုချိုအနုပညာ၊
ဒုတိယအကြိမ်၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ။
( ၂၀၁၁ အောင်ပါစေစာပေ၏ ပထမအကြိမ်မူ )
၁၄.၆ စင်တီမီတာ x ၂၁ စင်တီမီတာ ။
စာမျက်နှာ - ကမှ ဃ နှင့် ၁၀၆ ၊ တန်ဖိုး - ကျပ် ၁၈၀၀။

မိုးဝေစာပေမဂ္ဂဇင်း ( ၁၉၇၅ န်ိုဝင်ဘာမှ ၁၉၇၆ ဇူလိုင်လ ထိ )၊ မိုးဂျာနယ် ၁ / ၂၀၀၈ နှင့် ဗြူးတီးမဂ္ဂဇင်း မတ် ၂၀၀၃ တို့တွင် ပါရှိခဲ့သည့် ဆောင်းပါး ၅ ပုဒ် နှင့် ကဗျာ ၁ ပုဒ်တို့အား မောင်နွေထက်၏ ပြန်လည်ဖြည့်စွက်စီစဉ်မှုဖြင့် ဒုတိယအကြိမ်ထုတ်ဝေထားခြင်းဖြစ်သည်။

၉ ဧပြီ ၂၀၀၉ ရက်စွဲဖြင့်ရေးသားခဲ့သော ဆရာဒဂုန်တာ ရာ၏ အမှာပါရှိသည်။ ပန်းနုရောင် နှစ်ကာလများ ကဗျာ၊ ပန်းနုရောင် နှစ်ကာလများ၊ သစ်ရွက်တစ်ရွက်နှင့်သစ်တောစုံမြိုင်၊ ပတ်ဝန်းကျင်သစ်၏ရိုက်ခတ်မှု၊ စိန်သရဖူ ကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ၊ ပန်း နုရောင် နှစ်ကာလများ စသည့် အရေးအသားများ ပါရှိ သည်။




'' ကျွန်တော်က အနီရောင်ကိုကြိုက်သူမဟုတ်။ သို့သော် ပန်းနုရောင်ကိုတော့ကြိုက်သည်။ ပန်းနုရောင်သည် 'နုပျိုခြင်း၏ သင်္ကေတ' ဟု ကျွန်တော်ကယူဆ သည်။ ထို့ကြောင့်ကြိုက်သည်။ တကယ်ကတော့ ' ပန်း နုရောင် နှစ်ကာလများ' သည်ကျွန်တော်၏ လူထုလှုပ်ရှားမှု အတွေ့အကြုံများကို ဖော်ပြထားခြင်းဖြစ်သည်'' ဟု ဆရာဒဂုန်တာရာ၏အမှာ တွင်ဖော်ပြထားသည်။ 

'' ကျွန်တော်သည် စာအုပ်ကို လှန်လိုက်မိပြန်သည်။ စာမျက်နှာ ၁၈၁။ ဟော...မျဉ်းအနီရောင်သားထားတာတွေ့ပြန်ပြီ။

' နိုင်ငံတော်တည်ရှိသောအခါ နိုင်ငံတော်သည် ရှိတော့ မည်မဟုတ်'တဲ့။ ကျွန်တော် ၁၈ နှစ်သားခန့်က မှတ်သားထားသောအကြောင်း။ အဲသည်တုန်းက နိုင်ငံတော်အကြောင်း ဘယ်လောက်များသိလို့ပါလိမ့်။ ဘဝ က အင်္ဂလိပ်လက်အောက်ခံ ကျွန်ဘဝ။ နိုင်ငံတော်ဆို သည်မှာ စာအုပ်ထဲက စကားလုံး။ မထိဖူးသေး၊ မတို့ဖူးသေး။ သည်အကြောင်းက ဘုံဝါဒအကြောင်းရှင်းပြထားသော စာပိုဒ်ထဲက။

နေရောင်သည် လင်းလာပြန်သည်။ ဖက်ဖူးနုရောင်စာ အုပ်ပေါ် မှ ပင့်ကူမျှင်သည် ပန်းနုရောင်ဝင်းပနေ၏။ အတိတ်များသည် နုပျိုလာကြပေပြီ။ ''
( ပန်းနုရောင် နှစ်ကာလများ၊စာမျက်နှာ - ၁၃ နှင့် ၁၄ မှ )

'' အရေးတော်ပုံဟူသော စကားလုံးသည် လေးနက်လာ သည်။ အရေးတော်ပုံဟူသော စကားလုံးသုံးနှုန်းသည်မှာမကြာသေးပေ။ အရေးတော်ပုံအောင်ပါစေဟု အော်လိုက်ရသည်မှာပင် မိမိပါဝင်သော အလုပ်ကို ယုံကြည်မှုအသံပါနေသည်ဟု ခံစားမိသည်။ အရေးတော်ပုံမှာ အတွင်းစိတ်ထဲသို့ ဝင်ရောက်လာခဲ့ပေပြီ။ မနေ့က အတိုင်းပင် စိတ်ခံစားမှုရှိနေသည်။ ကဗျာဖတ်နေသော ရသခံစားမှုသည် ကဗျာကိုကိုယ်တိုင်ရေးဖွဲ့လာသော အခါ ပို၍စိတ်ဝင်စားတာမျိုး၊ပြောင်းလဲလာတာမျိုး၊ လေး နက်လာတာမျိုး။ အပြင်လူမဟုတ်တော့။ စမိပေပြီ။ ''
( စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ၊ စာမျက်နှာ - ၉၇ နှင့် ၉၈ မှ )

'' ပန်းနုရောင် နှစ်ကာလများ'' သည် ကျွန်တော်အရေး ချင်ဆုံးသောစာအုပ်ဖြစ်သည် ဟု ဆရာဒဂုန်တာရာ ၏ အမှာ၌ ဖော်ပြထားသည်။လူထုလှုပ်ရှားမှုအတွေ့အကြုံ တို့ကို သိမ်မွေ့လေးနက်စွာဖော်ပြထားသည့် အရေးအ သားများဟု ခံစားမိပါသည်။

'' ကြည်ကြည်လင်လင် ငါလျှင်တွေးတော
လွတ်လပ်ရေးအကြောင်း မျိုးဆက်သစ်အကြောင်း
ပြန်ပြောင်းပေါ်ကာ ဆန်းသစ်လာသည်
ပန်းနုရောင် နှစ်ကာလများ ''

မိုးမင်းသိမ်း
၉ ဇန်နဝါရီ ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကဗျာ တစ်ဦးတစ်ယောက်များ

အောင်ချိမ့်
Book Review Image

သူငယ်​ချင်​းများ

ကို​ရွေး
Book Review Image

ကျွန်​​တော်​တို့အ​ကြောင်​း​တွေမှ ဟုတ်​ရဲ့လား

မိုးဝေး
Book Review Image

အတိုးဆုံးကဗျာများ

တေဇာ(လရောင်လမ်း)
Book Review Image

ယောကူငှက်

သူရိန်လူလေး
Book Review Image

ရဲရဲနီသောချယ်ရီသီးများ

မောင်ဒေး
Book Review Image

ထရိုဂျန်မြင်းရဲ့အသား

အောင်ခင်မြင့်
Book Review Image

မိုက်ခရိုဝေ့ဖ်

အောင်ခင်မြင့်
Book Review Image

လီရနာ ဂင်္ဂါ ဧရာတ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဟိုးလဗ် ကဗျာများ

မြေချစ်သူ
Book Review Image

ခေတ်ပေါ်ကဗျာဆိုင်ရာ စာတမ်းနှစ်စောင်

မောင်ပြည့်မင်း
Book Review Image

ဇင်ခင်ကြီး အစ်ခ်ကျု၏ ဒိုကာ ကဗျာများ

ကိုတာ
Book Review Image

ဝဋ်ဖြူစင်ကြယ် ကဗျာများ

ဂျိုဇော်
Book Review Image

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ

ဇေယျာလင်း
Book Review Image

နေကြာရိုင်း

မြကျေး
Book Review Image

တစ်ယောက်ယောက်ကတော့_ဂျင်ဂျစ်ခန်

အောင်ခင်မြင့်
Book Review Image

မျက်နှာဖုံးများ

သုခမိန်လှိုင်
Book Review Image

ဟယ်လို_ကော့ပါးနီးကပ်စ်

အောင်ခင်မြင့်
Book Review Image

ခေတ်စမ်းကဗျာနှင့်နိမိတ်ပုံ

သုလင်းဝေ