Book Image
မယ်မွှေး
မယ်မွှေး

အမည်ရင်းမှာ နွဲ့ကေခိုင်ဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးပညာဖြင့် ၂၀၀၄ B.A (Hons) ဘွဲ့ရရှိခဲ့သော မယ်မွှေးသည် စာနယ်ဇင်းလောကထဲသို့ ၂၀၀၅ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ Living Color Mediaနှင့် အခြားမီဒီယာများတွင် နိုင်ငံတကာရေးရာ နှင့် ပြည်တွင်းဖွံ့ဖြိုးရေးမူဝါဒများဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဒေါက်တာမြင့်ဇော်နှင့်တွဲဖက်၍ ရပ်ရွာပိုင်အများဆိုင်စနစ်များစာအုပ်၊ ၂၀၂၀ တွင် ‘မိ’ နှင့် တွဲဖက်၍ ‘မြစ်ထဲမှာ လမ်းခွဲပြီး ရက် နှစ်ဆယ်’ ဝတ္ထုတိုစာအုပ်တို့ကို ထုတ်ဝေခဲ့သည်။ ရသစာတမ်းများကို စုစည်း၍  ‘နှလုံးသားဓာတ်စာ’ အမည်ဖြင့် ၂၀၂၀ တွင်ပင် ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ ရေးသား တည်းဖြတ်ခဲ့သည်။ 

ထိုင်းနိုင်ငံ ချုလာလောင်ကွန်းတက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု ဘာသာရပ် မဟာဘွဲ့ ကို ၂၀၀၇ ခုနှစ်တွင် ရရှိခဲ့ပြီး ဥရောပတွင် ၂၀၁၀-၂၀၁၂ ကာလအတွင်း Erasmus Mundus Masters အစီအစဉ်ဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၊ မီဒီယာနှင့် ယဉ်ကျေးမှုပညာများ ဆက်လက်သင်ယူခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်၏ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးပညာဌာနမှ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ယခုလက်ရှိတွင် ချူလာလောင်ကွန်းတက္ကသိုလ် လူမှုဖွံ့ဖြိုးမှု လေ့လာရေးဌာနတွင် သုတေသီအဖြစ် ဆောင်ရွက်လျှက်ရှိသည်။

Reference from: Facebook

Written Books

Book Review Image

နိုင်ငံသစ် ဇာတ်ကြောင်း - မယ်မွှေး

မယ်မွှေး