Book Image

နိုင်ငံသစ် ဇာတ်ကြောင်း - မယ်မွှေး

မယ်မွှေး

မယ်မွှေး(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

အမျိုးအစား- ပြဇာတ်
စာမျက်နှာ - ၂၅၃
တန်ဖိုး - ၃၀၀၀ ကျပ်
သာလာယံစာအုပ်တိုက်

HAMILTON OBC ACT 1

HAMILTON OBC ACT  2



နာမည်ကျော် ဟယ်မင်တန်ပြဇာတ်ဟာ ၂၀၂၀ ဇူလိုင်လ ၄ ရက်နေ့ အမေရိကန် လွတ်လပ်ရေးနေ့အမီ ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်မှာ ဘရော့ဝေးပြဇာတ်ရုံတွေမှာ ဟယ်မင်တန်ပြဇာတ်ကို ကပြတော့ တော်တော်ကို နာမည်ကြီးပါတယ်။ ၂၀၁၆ ခုနှစ် တိုနီဆုပေးပွဲမှာ ဆုပေါင်း ၁၆ ခုအတွက် အမည်စာရင်းတင်ခံရပြီး ၁၁ဆုရရှိခဲ့ကာ အကောင်းဆုံးကဇာတ် () ဆုကိုရခဲ့ပါတယ်။ ဒီပြဇာတ်ကို ရေးတဲ့သူ လင်းမန်နျူရယ်က မြန်မာပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့  မိုအားနား ရုပ်ရှင်က ဇာတ်ဝင်တေးတွေ အားလုံးနီးပါးကို ရေးခဲ့သူပါ။ ဒီပြဇာတ်ကို အမေရိကန်သမ္မတ အိုဘားမားက ဇာတ်ရုံမှာ နှစ်ခါလာကြည့်ခဲ့ပြီး ဘီယွန်းဆေးတို့လို ကမ္ဘာကျော်ပေါင်းများစွာက လာရောက်အားပေးကြတဲ့အခါ ပြဇာတ်ရဲ့ အောင်မြင်မှု အထွတ်အထိပ် ကာလမှာ ဇာတ်ရုံထဲကြည့်ဖို့ လက်မှတ်တစ်စောင်ရဲ့ ဈေးနှုန်းဟာ ပျမ်းမျှ ဒေါ်လာတစ်ထောင့်နှစ်ရာရှိပါတယ်။ အဲဒါလည်း ကြိတ်ကြိတ်တိုးနေလို့ မတတ်နိုင်တဲ့သူတွေပါ ကြည့်နိုင်အောင် လက်မှတ်တချို့ ရုံမဖွင့်ခင်ကလေးမှာ မဲဖောက်ပြီးရောင်းပေးပါတယ်။ အမေရိကန် ပြည်ထောင်စု အနယ်နယ် အရပ်ရပ်စာသင်ကျောင်း အသီးသီးက ကလေးတွေကိုလည်း အထူးနှုန်းနဲ့ကြည့်စေတာမျိုး လုပ်ပေးပါတယ်။
အဓိက ဇာတ်ကောင်ဟယ်မင်တန် (လက်ရှိ အမေရိကန် ဒေါ်လာ တစ်ဆယ်တန်ပေါ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ ဝန်ကြီးဟောင်း) ဟာ မြန်မာနိုင်ငံကို ၁၇၈၂-၁၈၁၉ ခုနှစ်အတွင်း အုပ်ချုပ်သွားတဲ့  ဘိုးတော်ဘုရားနဲ့ ခေတ်ပြိုင်ဖြစ်ပြီး ဟယ်မင်တန်ဟာ ဘိုးတော်ဘုရားထက် ၁၀ နှစ်သို့မဟုတ် ၁၂ နှစ်ငယ်မယ်လို့ တွက်လို့ရပါတယ်။ သမိုင်းအထောက်အထားကို အခြေခံပြီး သုတေသနပြုရေးတဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေမှာ လေ့လာစရာကတော့ သူတို့ဟာ သမိုင်းအချက်အလက်ပေါ်မှာ အားပြုသုံးသပ်တာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေကို တိုင်းပြည်ရဲ့ ဗိသုကာတွေမို့ အပြစ်မတင်ဘဲ စင်းလုံးချော ချီးကျူးဖော်ညွှန်းတဲ့ အရေးအသားမျိုး မတွေ့ခဲ့ရပါဘူး။ ဟယ်မင်တန်တေးသရုပ်ဖော်ဇာတ်ထုတ်ဟာ ပူလစ်ဇာဆုရှင် သမိုင်းပါမောက္ခ  ရဲ့စာအုပ်က အချက်အလက်တွေကို အားပြုအားထားတာပါ။  ဟာအမေရိကန်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် နဲ့ သမ္မတဖြစ်တဲ့ ဂျော့ဝါရှင်တန်ရဲ့  အတ္ထုပ္ပတ္တိကို ရေးခဲ့သူဖြစ်ပြီး ၂၀၁၁မှာ အဲဒီစာအုပ်နဲ့ ပူလစ်ဇာဆုနဲ့ အကောင်းဆုံး အမေရိကန်သမိုင်း စာအုပ်ကို ရခဲ့တဲ့ ဂျာနယ်လစ်ဟောင်း၊ စာရေးဆရာ၊ သမိုင်းဆရာတစ်ဦးပါ။ 


Publisher Name: သာလာယံစာအုပ်​တိုက်​


Related Books

Book Review Image

​ကြွေ​ကြွေ့ခြုံလွွာ

သခင်​ဘ​သောင်း
Book Review Image

ဦးပုညနှင့် ရှိတ်စပီးယားတို့၏ ပြဇာတ်နှိုင်းယှဉ်မှု

မောင်ဝင်းဝါ (ဦးရဲထွဋ်)
Book Review Image

နိုင်ငံတော်စစ်ဆေးရေးမှူးချုပ် ( ပြဇာတ် )

ညီစေမင်း