… ဦးပုညသည် မြန်မာစာပေလောကတွင်တမူ
ထူးခြားသည့် ပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာ့
စာပေသမိုင်းတွင် မေ့မရသည့်ပုဂ္ဂိုလ်တစ်ဦး
လည်းဖြစ်သည်။
… ဦးပုညသည် လူ့သဘာဝ၊ လောကသဘာဝ
တို့ကို တိကျပိုင်နိုင်လွန်းသူပီပီ သူ့စာ၊ ပြဇာတ်
များတွင် ဤသဘောတရားများကို ပိုင်ပိုင်နိုင်
နိုင်ထည့်သွင်းဖွဲ့ဆိုပြခြင်းဖြင့် လောကနှင့် လူ
သားတို့ကို အလင်းပြခဲ့လေသည်။
… ရှိတ်စပီးယားသည်လည်း ဥရောပစာပေတွင်
အထင်ကရတည်တံ့နေသည့်ပညာရှင်ဖြစ်၏။
သူကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ရှိပြီ
ဖြစ်သော်လည်း ယနေ့အချိန်အထိ ကမ္ဘာ့စာ
ပေလောကတွင် စံပြုစရာအဖြစ်တည်ရှိနေ
တုန်းပင်…
… ပုတုဇဉ်သဘာဝဟူသည် လောဘကိုရှေးရှု
နေသည့် သတ္တဝါပီပီ အလိုရမက်လောဘနှင့်
ပတ်သက်လာလျှင် အလိုမပြည့်တတ်စွာပင်
ပူပြင်းတတ်သည်။ လောကအနှံ့ မည်သည့်
နေရာ၊ မည်သည့်လူမျိုးပင်ဖြစ်စေ လောဘ
ဟူသည့် သဘာဝ၏ ပူလောင်ပြင်းပြတတ်မှု
သည် အတူတူပင်ဖြစ်ကြောင်းကို ဦးပုညနှင့်
ရှိတ်စပီးယားတို့ကို ထောက်ပြဖွဲ့သီပြခဲ့ကြ၏
… ဦးပုည၏ ရေသည်ပြဇာတ်မှ ရေသည်နှင့်
ရှိတ်စပီးယား၏ ဗင်းနစ်မြို့က ကုန်သည်ပြ
ဇာတ်မှ ငွေတိုးချေးစားသူ ရှိင်းလော့ တို့၏
အတောမသတ်နိုင်သည့် လောဘမီး၏ ပူပြင်း
လောင်မြိုက်မှုကို အဆိုပါ ပြဇာတ်နှစ်ပုဒ်တွင်
အထင်အရှားမြင်တွေ့ရပေမည်။
… ကမ္ဘာ့ဂန္ထဝင် ပြဇာတ်စာပေပညာရှင်ကြီး
နှစ်ဦး၏ မတူညီသည့် ကမ္ဘာ့အရှေ့ဖျားနှင့်
အနောက်ဖျားကွဲပြားခြားနားပါသော်လည်း
ဇာတ်ကောင်များ၏ ရင်ထဲက လောဘစိတ်
ကြောင့်ဖြစ်ပေါ်လာသည့် ရမက်တဏှာသည်
ထပ်တူထပ်မျှတူညီနေခြင်းသည် လူ့လောက
၏ ထူးခြားဆန်းကြယ်မှုပမာဖြစ်ကြရ၏။
… ထိုသို့သော ပြဇာတ်နှစ်ပုဒ်ကို လောကဓံ
အမြင်၊ ဓမ္မအမြင်သာမက စာပေယဉ်ကျေးမှု
စွမ်းရည်အမြင်ဖြင့်ပါ နှိုင်းယှဉ်ထောက်ပြထား
သည့် စာအုပ်တစ်အုပ်ပင်ဖြစ်သည်။
… စာရေးသူ မောင်ဝင်းဝါ(ဦးရဲထွဋ်) သည်
ပြဇာတ်မင်းသား၊ ပြဇာတ်ဆရာ၊ ကျောင်းဆ
ရာ၊ သဘင်အနုပညာရှင်၊ ဘာသာပြန်ဆရာ၊
စသည့်နယ်ပယ်များတွင် ရှင်သန်ခဲ့သူပီပီယခု
စာအုပ်တွင် စာပေ၊ အနုအလှကို သဘာဝကျ
ကျ နှိုင်းယှဉ်ဖေါ်ပြရေးသားထားခြင်းဖြစ်၏။
… စာပေဝါသနာပါသူများ၊ လောကအမြင်ကို
အချိန်တိုင်းပြုပြင်ပြောင်းလဲလိုသူတိုင်း၏
စာအုပ်စင်တွင်ရှိသင့်သည့်စာအုပ်အဖြစ် ရည်
ညွှန်းတိုက်တွန်းအပ်ပါသည်။
#ဟင်းလေးအိုး စာအုပ်အညွှန်း (၂၆)