Book Image

နိုင်ငံတော်စစ်ဆေးရေးမှူးချုပ် ( ပြဇာတ် )

ညီစေမင်း

ညီစေမင်း
နိုင်ငံတော်စစ်ဆေးရေးမှူးချုပ် ( ပြဇာတ် )
Nikolai Gogol ၏ The Goverment Inspector ကို
ဘာသာပြန်သည်။
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
၁၃.၂ စင်တီမီတာ x ၁၉ စင်တီမီတာ။
စာမျက်နှာ - ၁၉၂ ၊ တန်ဖိုး - ကျပ် ၂၅၀၀။




'' ဘာသာပြန်သူရဲ့ အမှာ '' ပါရှိသည်။ အခန်း ၃ ခန်း ပါ ပြဇာတ်တစ်ပုဒ်ဖြစ်သည်။

မြို့တော်ဝန် အန်တွန်အန်တိုနိုဗစ်ခ်ျဒမူဟာနော့စကီး ထံသို့ သူ၏မိတ်ဆွေ တရှီမော့က စာတစ်စောင်ပေးပို့ ရာတွင် ပီတာစဘတ်မှ နိုင်ငံတော်စစ်ဆေးရေးမှူးချုပ်တစ်ဦး လျှို့ဝှက်လာရောက်ရန်ရှိကြောင်း ထည့်သွင်းရေးသားလိုက်သည်။

ထိုသတင်းကြောင့် နယ်မြို့လေးမှ အကျင့်ပျက်ခြစားမှုနောက်ခံအသီးသီးရှိနေကြသည့် မြို့တော်ဝန်အပါ အဝင် ခရိုင်တရားသူကြီး၊ လူမှုကူညီရေးအရာရှိ၊ ကျောင်များကြီးကြပ်ရေးမှူး၊ စာတိုက်ဗိုလ်၊ ရဲမှူးနှင့် မြေပိုင်ရှင်များ တုန်လှုပ်ချောက်ချားနေကြသည်။ 

တိုက်တိုက်ဆိုင်ဆိုင်ပင် အီဗန်အလက်ဇန်ဒရိုဗစ် ဟလ်ဘ်တာကော့ အမည်ရှိ စိန့်ပီတာစဘတ်မှ အရာရှိငယ်တစ်ဦးကလည်း မြို့ငယ်လေးရှိထမင်းဆိုင်တွင် သူ့အစေခံနှင့်အတူ တည်းခိုလျက်ရှိသည်။

စရိတ်ပြတ်ကာ ခရီးဆက်ရန်အခက်တွေ့နေသည့် ထိုအရာရှိငယ်အား နိုင်ငံတော်စစ်ဆေးရေးမှူးချုပ် ဖြစ်ရပေမည်ဟု မြို့တော်ဝန်နှင့်အပေါင်းအပါတို့က တွက်ထားကြသည်။

'' ဂိုဂိုရ်ရဲ့ The Government Inspector ကို ဖတ်လိုက်တော့ ဂိုဂိုရ်ရဲ့ အဲဒီပြဇာတ်ထဲက ဇာတ်ကောင်တွေဟာ ရုရှားပြည်မှာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော် ဇာဘုရင်လက်ထက်က အရာရှိတွေ ဖြစ်ပေမယ့် ကနေ့ထက်ထိ ၂၁ ရာစုအထိ ရှင်သန်နေဆဲ၊ ဇာဘုရင်ရဲ့ ရုရှား ၁၈ ရာစုမှာ သာမက ဗျူရိုကရေစီစနစ်ထွန်း ကားတဲ့ နိုင်ငံတိုင်းမှာ တွေ့နေရဆဲပါ။ '' ( ဘာသာပြန်သူရဲ့ အမှာ၊ စာမျက်နှာ ၆ မှ ) 

'' နိုင်ငံတော်စစ်ဆေးရေးမှူးချုပ် '' ပြဇာတ်မှာ သရော်စာ ပြဇာတ်ကောင်းတစ်ပုဒ်ပင် ဖြစ်ပါသည်။

မိုးမင်းသိမ်း
၁၀ အောက်တိုဘာ ၂၀၂၀


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

​ကြွေ​ကြွေ့ခြုံလွွာ

သခင်​ဘ​သောင်း
Book Review Image

ဦးပုညနှင့် ရှိတ်စပီးယားတို့၏ ပြဇာတ်နှိုင်းယှဉ်မှု

မောင်ဝင်းဝါ (ဦးရဲထွဋ်)
Book Review Image

နိုင်ငံသစ် ဇာတ်ကြောင်း - မယ်မွှေး

မယ်မွှေး