Book Image
ဝင်းဖေ
ဦးဝင်းဖေသည် မြန်မာနိုင်ငံမှ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ တစ်ဦးဖြစ်သည်။ သူနှင့်ခေတ်ပြိုင် ပန်းချီဆရာ သူငယ်ချင်းများမှာ နိုင်ငံကျော် ပန်းချီဆရာများ ဖြစ်ကြသော ပေါ်ဦးသက်၊ ခင်မောင်ရင်တို့ ဖြစ်သည်။

ဦးဝင်းဖေသည် ၁၉၃၆-ခုနှစ်၊ မန္တလေးမြို့၌ မွေးဖွားသည်။ ဖခင်မှာ ရွှေပြည်ဦးဘတင် ဖြစ်သည်။

မိသားစုထုံးတမ်းအရ ငယ်စဉ်ကတည်းက ဂီတနှင့် ပန်းချီ မသင်မဖြစ်သင်ကြားခဲ့ရသည်။ ၁၉၅၁-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ မန္တလေးတက္ကသိုလ် နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပြီး ဘွဲ့မရခဲ့ပါ။ ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာခေတ်ပေါ် ပန်းချီ စတင်လိုက်စားသူ (၆)ဦး အနက် တစ်ဦးဖြစ်ခဲ့သည်။ ပန်းချီပြပွဲ များစွာတွင် ပါဝင်ခဲ့သည်။ ၁၉၅၉-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ မန္တလေးအခြေစိုက်၊ လူထုသတင်းစာနှင့် စာပေတိုက်တွင် လက်သင်နိုင်ငံခြားရေး အယ်ဒီတာ၊ သရုပ်ဖော် ပန်းချီဆရာ၊ ကာတွန်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။

၁၉၆၂-ခုနှစ်မှ ၁၉၆၄-ခုနှစ်အထိ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်တွင် ကျောက်စိမ်း သွားတူးခဲ့သေးသည်။ ၁၉၆၄-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ ရတနာ ကုန်သည် လုပ်ကိုင်သည်။ ၁၉၆၆-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ မန္တလေးရှိ အနုပညာ ဦးစီးဌာန၊ ပန်တျာနှင့် အကကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၃ - ၁၉၉၄ ဝတ္ထုတို၊ ရုပ်ရှင်ဇာတ်လမ်းနှင့် ဇာတ်ညွှန်းများ ရေးသား၊ ရုပ်ရှင် ဒါရိုက်တာလုပ်၊ နောက်ပိုင်းတွင် ဗီဒီယို ထုတ်လုပ်ရေးပါ လုပ်ကိုင်သည်။ ၁၉၈၁ အကောင်းဆုံး ဒါရိုက်တာအဖြစ် အကယ်ဒမီဆု ရရှိခဲ့သည်။ အခြားသော အကယ်ဒမီဆုများကိုလည်း ၎င်းရိုက်ကူးသည့် ရုပ်ရှင်များမှ ဆွတ်ခူးခဲ့သည်။ ပန်းချီလည်း ဆွဲသည်။

၁၉၉၄ - အမေရိကန်အစိုးရ၏ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ဖြင့် ယူစီအယ်လ်အေနှင့် ဟောလိဝုဒ်တွင် တစ်လတာ လေ့လာရေး ခရီးထွက်ခဲ့သည်။ နောက်ပိုင်းတွင် အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာ စာရေးဆရာများ အစီအစဉ်သို့ တက်ရောက်ကာ ဂုဏ်ထူးဆောင်ပညာရှင်အဖြစ် ချီးမြှင့်ခြင်း ခံရသည်။

၁၉၉၅ - ၁၉၉၆ အလွတ်တန်း စာရေးဆရာ၊ ပန်းချီဆရာအဖြစ် နယူးယောက်မြို့တွင် ရပ်တည်သည်။

၁၉၉၇ - ၂ဝဝ၅ လွတ်လပ်သော အာရှအသံ ရေဒီယိုဌာနတွင် အကြီးတန်း အသံလွှင့်သူ၊ အကြီးတန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရေဒီယို အစီအစဉ်များနှင့် ဆောင်းပါးများစွာ ရေးသား ထုတ်လွှင့်ခဲ့သည်။

၂ဝဝ၅ မှ ယနေ့ အထိ - ရေဒီယိုဌာနမှ အနားယူ၊ အချိန်ပြည့် ပန်းချီဆရာ စာရေးဆရာအဖြစ် ရပ်တည်၊ Open Society Institute (OSI) - Burma Project ၏ မြန်မာ့ရုပ်သံမော်ကွန်း အစီအစဉ်များကို မိုးမခ စာနယ်ဇင်းအဖွဲ့နှင့်အတူ ဆောင်ရွက်လျက်ရှိသည်။ မိုးမခ၏ အကြံပေး အမှုဆောင်လူကြီးအဖြစ် ကူညီပေးသည်။ လောလောဆယ် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။

အနုပညာဖန်တီးမှုများ 

ထင်ရှားသည့် ရုပ်ရှင်လက်ရာများ 

နှင်းဆီနီအိပ်မက်
မဟူရာ
ပန်းသီတဲ့ကြိုး
ပန်းစကား
စာအုပ်များ 
ဝင်းဖေ၏ ဝတ္ထုတိုများ
လွယ်အိတ် (ရေဒီယိုအသံလွှင့်ချက်များ)
ဝင်းဖေ၏ ရုပ်ရှင်ဝတ္ထုနှင့် ဇာတ်ညွှန်းများ
ဝင်းဖေ၏ ရေဆေးပန်းချီများ
ရေကြည်ရေသန့်ဝတ္ထုတိုများ

ကာတွန်း 
- လွန်ခဲ့သော ၅၅ နှစ်က ဝင်းဖေ၏ ကာတွန်းများ

ရရှိခဲ့သော ဆုများ 

ဆုအမည် ဆုအမျိုးအစား ခုနှစ် ဇာတ်ကား မှတ်ချက်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရုပ်ရှင်ဒါရိုက်တာဆု ၁၉၈၁ နှင်းဆီနီအိပ်မက် ဆုရရှိ
Star Awards ဂုဏ်ထူးဆောင်ဆု ၂၀၁၉ ဆုရရှိ

ကိုးကား 

၂ဝဝ၇-ခုနှစ်၊ ဇူလိုင်လ၊ (ပထမအကြိမ်) ဖန်မီးအိမ် စာပေချစ်သူများ (ဆန်ဖရန်စစ္စကို) မှ ထုတ်ဝေ ဖြန့်ချိ ခဲ့သော ကဗျာဆရာ ဦးတင်မိုး[၁၉၃၃-၂ဝဝ၇] ကွယ်လွန်ခြင်း (၆)လပြည့် အမှတ်တရ စာစုမှ ရုပ်ရှင် ဒါရိုက်တာ စာရေးဆရာ "ဦးဝင်းဖေ အတ္ထုပ္ပတ္တိ"

Written Books

Book Review Image

ကိုယ်တိုင်ရေး ရုပ်ရှင်ဝတ္ထုနှင့်ဇာတ်ညွှန်းများ

ဝင်းဖေ
Book Review Image

ရေကြည်ရေသန့်ဝတ္ထုတိုများ

ဝင်းဖေ
Book Review Image

တွေးစရာ ပြုံးစရာ ပုံပြင်များ

ဝင်းဖေ