Book Image

ကိုယ်တိုင်ရေး ရုပ်ရှင်ဝတ္ထုနှင့်ဇာတ်ညွှန်းများ

ဝင်းဖေ

ကိုယ်တိုင်ရေး ရုပ်ရှင်ဝတ္ထုနှင့်ဇာတ်ညွှန်းများ

ဝင်းဖေ

၂၀၁၆ ဇွန်လ

တန်ဖိုး ၂၅၀၀ ကျပ်

စာရေးသူအမှာ

၁။ ထောင်ပြေး

၂။ အနီးဆုံးဝေးသွားကြသူများ

၃။ မစ္ဆရိယ

၄။ မိုးပေါ်ရောက်မယ့်လူနှစ်ယောက်

ဝင်းဖေကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်း

https://savethelibrarymyanmar.org/author/343/show





စာရေးသူအမှာ

ဝင်းဖေ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေအတွက် ဝင်းဖေ ကိုယ်တိုင်ရေးရုပ်ရှင်ဝတ္ထုနဲ့ ဇာတ်ညွှန်းများ စာအုပ်အတွက် နည်းနည်းပါးပါးကြိုတင် မှာကြားထားစရာဆိုတာ ဝတ္ထုတွေ မဟုတ်ပါဘူး။ ရုပ်ရှင်
ရိုက်ကူးဖို့ အညွှန်းစာသားတွေသာ ဖြစ်ပါတယ်။

ဝတ္ထုတွေကို ဖတ်ရသလို အသေးစိတ် စီကာပတ်ကုံး ဖော်ပြထားတာတွေ မဟုတ်ပါဘူး။
ဒါပေမဲ့ ဝတ္ထုဇာတ်လမ်း စိတ်ဝင်စားကြသူတွေအတွက် လို၊ တို၊ ရှင်းရေးထားတဲ့ စာပေ မျိုးတော့ ဖြစ်နေပါတယ်။ အချိန် သိပ်မရသူတွေနဲ့
စိတ်မရှည်သူတွေအတွက် ပိုပြီး ဟန်ကျနိုင်ပါတယ်။ ဒီရုပ်ရှင် ဝတ္ထုဇာတ်ညွှန်းများရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရုပ်ရှင် ဇာတ်ညွှန်း
တွေကို ဘယ်လိုရေးသလဲဆိုတာ အကြမ်းဖျင်း သိလိုသူတွေအတွက်အသေးစိတ် ဇာတ်ညွှန်းတွေ မဟုတ်ကြဘူးဆိုတာ ထင်ရှားပါတယ်။

မြန်မာပြည် ရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက် အသေးစိတ် ရုပ်ရှင်ဇာတ်ညွှန်းတွေလည်း မလိုအပ်ပါဘူး။ မြန်မာ့ရုပ်ရှင် ထုတ်လုပ်ရေးတွေမှာ ငွေကြေးအရင်းအနှီး စိုက်ထုတ်မှု နည်းပါးချည့်နဲ့ခြင်း၊မြန်မာရုပ်ရှင် ရိုက်ကွင်းတွေကို ဖြစ်သလို၊ သင့်သလိုသာစီစဉ်ရိုက်ကူး နေကြရခြင်း စတာတွေကြောင့် Holly wood ကရုပ်ရှင်ဇာတ်ညွှန်းတွေလို အသေးစိတ် ရေးထားလည်း အလကားပါပဲ။

အသုံးတည့်မှာ မဟုတ်ပါဘူး။ မြန်မာပြည်အတွက် လက်ရှိ ရုပ်ရှင်ထုတ်လုပ်မှု အခြေအနေ အရကတော့ အကြမ်းဖျင်းလောက်နဲ့ပဲသင့်လျော်နေပါတယ်။ မြန်မာရုပ်ရှင်လောက ဒီကနေ့ ရုပ်ရှင်
ထုတ်လုပ်ရေးတွေမှာက ဇာတ်ညွှန်း မပြည့်စုံတာ၊ ရှိကိုမရှိဘဲ ရိုက်နေကြတာတွေက အတော်များကြောင်း ကြားကြားနေရပါတယ်။

မပြည့်စုံတဲ့ ဇာတ်ညွှန်းတွေနဲ့ ရိုက်တာ၊ ဇာတ်ညွှန်းကို မရှိဘဲ ရိုက်နေကြရတာနဲ့ စာလိုက်ရင်တော့ ဝင်းဖေရဲ့ ရုပ်ရှင် ဇာတ်ညွှန်းအကြမ်းဖျင်းတွေဟာ ဒီကနေ့ မြန်မာ ရုပ်ရှင်ထုတ်လုပ်ရေး အတွက်
တော့ အလွန် အံဝင်ခွင်ကျ ဖြစ်နိုင်ပါတယ်။ ဒီကနေ့ ရုပ်ရှင်ဇာတ်ညွှန်းရေးဖို့ ကြိုးစားချင်သူတွေလည်း ပိုပို များများလာနေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဝတ္ထု ဇာတ်ညွှန်းရေးတဲ့ အတတ်ပညာဆိုတာကလည်း အကုန်အကျ သက်သာတဲ့ လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်ပါတယ်။ စက္ကူနဲ့ ခဲတံ၊ ဘောပင်ရှိရင် ရုပ်ရှင်ဇာတ်ညွှန်းရေးလို့ရပါပြီ။ ဇာတ်ညွှန်းရေးတယ်ဆိုတာ စက္ကူပေါ်မှာ ရုပ်ရှင်
ရိုက်ကြတာ။ ရုပ်ရှင်ဒါရိုက်တာ လုပ်ခဲ့တဲ့ ဒီရုပ်ရှင် ဇာတ်ညွှန်းတွေကိုဖတ်ပြီး ချက်ချင်း အနည်း ဆုံး စက္ကူပေါ်မှာ ရုပ်ရှင်ဒါရိုက်တာများလုပ်နိုင်ကြပါပြီ ခင်ဗျား။ ကျန်းမာချမ်းသာ ကြပါစေ။

ဝင်းဖေ
ရုပ်ရှင်ဒါရိုက်တာ


Publisher Name: နန်းဒေဝီစာပေ

Publisher Address: တိုက် ၂၀၀ ( ပထမထပ်)၊ ၃၆လမ်း (အထက်) ကျောက်တံတားမြို့နယ်၊ရန်ကုန်ုမြို့။ဖုန်း 01383025, 01391633

Publisher Phone Number: ဖုန်း 01383025, 01391633


Related Books

Book Review Image

ရုပ်ရှင်ရဲ့ရနံ့

ရှိန်ဝါ
Book Review Image

တံတိုင်း တံတားနှင့် နန်းတော်ဆီ ခံစားသက်ဝင် ကမ္ဘာ့

ကြည်ရွှန်း