Book Image
နွမ်ဂျာသိုင်း
 ၁၉၅၂ခုနှစ်တွင် သာစည်မြို့၌ မွေးဖွားခဲ့သည်။ အဘဦးမြနှင့် အမိဒေါ်မမကြီးဖြစ်၍ မွေးချင်းခုနစ်ယောက်အနက် သားအကြီးဆုံးဖြစ် သည်။

၁၉၇၁ ခုနှစ်တွင် အ.ထ.က(၂) အင်းစိန်မှ အထက်တန်း အောင် မြင်ခဲ့ပြီး စက်မှုတက္ကသိုလ်တွင် ပဉ္စမနှစ်အထိ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ဖြင့် သင်ကြားခဲ့သည်။ ထို့နောက် တက္ကသိုလ် စာပေးစာယူ သင်တန်းမှ သိပ္ပံဘွဲ့(ရူပဗေဒ) ရရှိ၍ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် မဟာသိပ္ပံ (ရူပဗေဒ) နောက်ဆုံးနှစ် အပိုင်း(က) တက်ရောက်ခဲ့သည်။ 

၁၉၆၉ ခုနှစ်မှစ၍ အဟိ၊ သင့်ဘဝ၊ တိုင်းရင်းမေ စသော စာစောင် များတွင် ကဗျာနှင့် ဝတ္ထုတိုများ ရေးသားခဲ့သည်။

၁၉၇၃ ခုနှစ်တွင် “ ပါးကွက်ကြားနှင့် လပြည့်ဝန်းကဗျာ လုံးချင်း ထုတ်ဝေ၍ ၁၉၇၉ ခုနှစ်တွင် အချစ်ဆုံးသူ၏ အတ္ထုပ္ပတ္တိအမည်ရှိ ဝတ္ထုဖြင့် လုံးချင်းလောကသို့ ဝင်ရောက်ခဲ့သည်။ ယနေ့အထိ လုံးချင်းဝတ္ထုရှည် ပေါင်း ၉ဝ ကျော် ရေးသား ပြုစုခဲ့ပြီး ဖြစ်သည်။

ယနေ့အထိ ပြုစုခဲ့သော ဝတ္ထုများအနက်မှ အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ ဝတ္ထုကို ချစ်နှင်းဆီလှလှလေး အမည်ဖြင့် လည်းကောင်း၊ နွေဦးရောက်ပြီ သူငယ်ချင်း ဝတ္ထုကို နွေဦးရောက်ပြီကိုကို အမည်ဖြင့် လည်းကောင်း အလယ်ကလူ စကားဝဲ၏ ဝတ္ထုကို လွမ်းနေမယ်မမ အမည် ဖြင့်လည်းကောင်း တစ်ပင်တည်း ရင်ထဲကနွယ် ဝတ္ထုကို မယ်သီတာလိုမိန်းကလေး အမည်ဖြင့်လည်းကောင်း ချစ်သူကိုကို ချိုးခဲ့တာ ပျိုပျိုပန်ဆင်စရာ ဝတ္ထုကို မောင့်မြခွာညို အမည်ဖြင့်လည်းကောင်း နွေ၏အလွန် ဝတ္ထုကို နွေ၏အလွန် အမည်ဖြင့်လည်းကောင်း ရုပ်ရှင်ရိုက်ကူးခဲ့သည်။

ရေးသားပြီးသော ဝတ္ထုများထဲက ဗီဒီယိုအဖြစ်ရိုက်ကူးခဲ့သော ဝတ္ထုများမှာ “ ရက်ရွေးမနေပါနဲ့ ကိုကိုရယ်၊ အချစ်ဆုံးလည်း ဖြစ်ခဲ့ဖူး ပါတယ်မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်၊ တစ်ခါတုန်းက တက္ကသိုလ်မှာ၊ အိပ်မက်ကို တွေ့ ရသလိုပဲနော်၊ နှစ်နားကပ်လို့ တိုင်ပင်ချင်တယ် ( သတိထား အမည်ဖြင့်)ခပ်ညံ့ညံ့ပဲ ကောင်းပါတယ် (ကမ္ဘာကြီးက လှပါတယ် အမည်ဖြင့်)၊ အိပ်မက်မြို့သူ၊ တိမ်တောင်ညိုပြာ၊ ဒေါင်းယာဉ်ပျံ ဘုံနံဘေး မှာ စာရေးလို့ ထားချင်တယ်၊ မိုးရေတက်ရေ တဖွေးဖွေး၊ မြူဝန်းလို့ခို " စသည်တို့ဖြစ်သည်။

ဇာတ်သဘင်တွင် ရွှေမန်းသဘင်မှ တစ်ခါတုန်းက တက္ကသိုလ်မှာ၊ မောင်နန်းဝင်း၏ နန်းမဟာသဘင်မှ တစ်ပင်တည်း ရင်ထဲက နွယ် နှင့် ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ် ဝတ္ထုတို့ကို ပြဇာတ် အဖြစ် စင်တင် ကပြခဲ့သည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်လည်း စာပေတာ၀န်များ ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ဆု ရွေးချယ်ရေးအဖွဲ့ဝင်နှင့် အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၂၀ပြည့်နှစ် ဇွန်လ ၂၇ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ကွယ်လွန်ခဲ့သည်။

မကြာသေးမီအချိန်က 
* ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ် *
ဝတ္ထု ကို MRTV - 4 ရုပ်သံလိုင်းကနေ ရုပ်သံဇာတ်လမ်းအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။

*******
ထွက်ရှိလာသော စာအုပ်များ
.........................................
ဆရာနွမ်ဂျာသိုင်းက 
လုံးချင်းဝတ္ထုရှည်ပေါင်း တစ်ရာနီးပါး
ထွက်ရှိတဲ့အထဲကနေ အောက်ပါ
ဝတ္ထုရှည်များ ပြန်လည် ထွက်ရှိထားပါသည်။

၁။ ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်
  
၂။ တစ်ပင်တည်း ရင်ထဲက နွယ် 
၃။ တစ်ခါတုန်းက တက္ကသိုလ်မှာ 
၄။ အိပ်မက်ထဲက တက္ကသိုလ် 
၅။ ညဉ့်ဦးယံ ဒီပြန်တက်ပါလိမ့်

ဆရာနွမ်ဂျာသိုင်း၏ ကဗျာ၊ ဝတ္ထု တို၊
ဆောင်းပါး၊ ဝတ္ထု ရှည်များကို
စာဖတ်သူများ
တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ရန်အတွက်
 ဆရာ့မိသားစုဝင်များနှင့် ကောင်းဆုသာ စာပေတို့ကနေ ပူးပေါင်းပြီး
ဆရာနွမ်ဂျာသိုင်း အမည်ဖြင့် 
Page တစ်ခု ဖွင့်လှစ်ထားပြီး
နေ့စဉ် စာမျိုးစုံတို့ကို တင်ဆက်ပေးလျက်ရှိသည်။


Reference from: facebook

Written Books

Book Review Image

ဒေါင်းယာဥ််ပျံ ဘုံနဘေးမှာစာရေးလို့ထားချင်တယ်

နွမ်ဂျာသိုင်း
Book Review Image

ခပ်ညံ့ညံ့ပဲ ကောင်းပါတယ်

နွမ်ဂျာသိုင်း
Book Review Image

တစ်ခါတုန်းက တက္ကသိုလ်မှာ

နွမ်ဂျာသိုင်း
Book Review Image

တစ်ပင်တည်း ရင်ထဲက နွယ်

နွမ်ဂျာသိုင်း