Book Image
နေမင်းနိုင်
ကလောင်အမည် နေမင်းနိုင်
အမည်ရင်း စိုးမင်းနိုင်

အဖ ဦးတင်ဖေ အမိ ဒေါ်ရင်မေ တို့မှ( ၂၀. ၁၀. ၇၀) နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး
မွေးချင်း (၆) ဦးအနက် အကြီးဆုံး ဖြစ်သည်
မြောက်ဥက္ကလာပမြို့နယ် အမက (၁၅) ကျောင်းတွင် မူလတန်းကို စတင်သင်ကြားခဲ့သည်။
အလယ်တန်းနှင့် အထက်တန်း ကို အထက (၃) မြောက်ဥက္ကလာတွင် ဆက်လက်သင်ကြားခဲ့ပြီး
၁၉၈၇ တွင် အထက်တန်း အောင်မြင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ တက်ရောက်ခဲ့ပြီး
၁၉၉၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သတ္တဗေဒ အဓိကဖြင့် သိပ္ပံဘွဲ့ ကို ရရှိခဲ့ပါသည်။
ကျောင်းပြီးသည်နှင့် စက်ာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပါသည်။
ကျောင်းသားဘဝ သူငယ်ချင်းများနှင့် တွဲဖက်ကာ ဘုံကလောင် ဖြင့် ဝတ္ထုစာပေ ဝေဖန်ရေးများ ရေးသားခဲ့ခြင်းနှင့်
ဂျာနယ်တစ်ချို့တွင် လုပ်ငန်းနှင့် ပတ်သက်သည့် သတင်းဆောင်းပါး နှစ်ပုဒ်ခန့် ရေးသားခဲ့ခြင်းကလွဲ၍ အခြားစာပေလက်ရာ မရှိပါ။ ပြည်ပအလုပ်အကိုင်အေဂျင်စီ တွင် ဒါရိုက်တာအဖြစ် လုပ်ကိုင်လျှက်ရှိပါသည်။
ဇနီး ဒေါ်ခင်စန်းမြင့် ၊ သား (၂) ယောက်နှင့် အတူ ( ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပ မြို့နယ်၊)တွင် 
နေထိုင်လျှက်ရှိပါသည်။
ဖုံး- ၀၉၄၂၀၃၀၇၀၃၀

ဘာသာပြန်ဆို ထုတ်ဝေခဲ့သည့် စာအုပ်များ
သို့သော် ဦးကားမညွှတ်( Invictus by John Carlin)(၂၀၁၆)
စီမံခန့်ခွဲမှုပညာ ဂုရုများ (Management Gurus by David Evans) (၂၀၁၆)
ခရုသင်းတေးသံ (Lord of the Flies by William Golding)(၂၀၁၇)
အိပ်မက်ရွာ (Dream of Ding Village by Yan Lianke)(၂၀၂၂)

Reference from: wikipedia

Written Books

Book Review Image

အိပ်မက်ရွာ

နေမင်းနိုင်